Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လူဦးရေ ၁၂ သန်းခန့် ၀င်ထွက် သွားလာ နိုင်အောင် တည်ဆောက် သွားမည်


ပို့ဆောင်ရေး ၀န်ကြီးဌာန၊ လေကြောင်း ပို့ဆောင် ညွှန်ကြားမှု ဦးစီးဌာနမှ ပြောကြားချက် အရ ဟံသာဝတီ လေဆိပ် တည်ဆောက်ရေး ပထမအဆင့်
အနေနဲ့ ခရီးသည် ၁၂ သန်း တစ်ပြိုင်နက် ၀င်ထွက် အသုံးပြုနိုင်အောင် တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ ခရီးသွား ပြည်သူများ သွားလာရေး အဆင်ပြေစေဖို့ လေဆိပ်များကို အဆင့်မြှင့်တင်ခြင်း၊ တည်ဆောက်ခြင်းများ ပြုလုပ် လျက်ရှိရာ ယခု ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်း အတွက် အရည်အချင်း ပြည့်မီတဲ့ ကုမ္ပဏီများအား စိစစ်ရွေးချယ်ပြီး တင်ဒါ အောင်တဲ့ အဖွဲ့ ၁ ဖွဲ့ကို  ပြန်လည် ရွေးချယ် သွားမှာ ဖြစ်ပါတယ်။
 
အဆိုပါ စီမံကိန်း ကိုတော့ ၂၀၁၃ ခုနှစ်ကုန်ပိုင်းမှ စတင် တည်ဆောက် သွားမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်ထိ အပြီးဆောက် လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဟံသာဝတီ လေဆိပ် တည်ဆောက်ခွင့် ရရှိတဲ့ ကုမ္ပဏီနဲ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ အကြား BOT စနစ်၊ Joint Venture စနစ်များနဲ့ စာချုပ်ချုပ်ဆို လုပ်ကိုင် သွားမှာ မဟုတ်ဘဲ (Public, Private, Partnership)PPP စနစ်နဲ့ လုပ်ကိုင် သွားမှာဖြစ်ပြီး အဆိုပါ လေဆိပ် ဆောက်လုပ် ပြီးချိန်မှာ မြန်မာနိုင်ငံကို လာတဲ့ ပြည်ပ ခရီးသည်များ သာမက အခြားနိုင်ငံများကို ကူးပြောင်း စီးတဲ့ ပြည်ပ ခရီးသည်တွေပါ တိုးလာမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့