Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

သတ္တုတွင်း လုပ်ကွက် အကြီးများကို တင်ဒါစနစ်နှင့် ပေးသွားရန်ရှိ


သတ္တုတွင်း ၀န်ကြီးဌာန အနေနဲ့ သတ္ထုတူးဖော်ဖို့ လုပ်ကွက် အကြီးများကို တင်ဒါ စနစ်နဲ့ လုပ်ကွက်ပေး သွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို
တင်ဒါ စနစ်ကို ပြုလုပ်ဖို့ အတွက် ကိုတော့ သတ္ထုတွင်း လုပ်ကွက်တွေကို အချက်အလက် အပြည့်အစုံ သိရဖို့ ကွင်းဆင်း ဆောင်ရွက်ပြီးမှသာ တင်ဒါခေါ်မှာ ဖြစ်တယ်လို့ သတ္ထုတွင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

သတ္ထုတွင်း လုပ်ကွက်များရဲ့ အချက်အလက်တွေ အတွက် ကွင်းဆင်း ဆောင်ရွက်မှု ကိုတော့ လုပ်ကွက်ကြီး တွေမှာသာ အဓိကထား ဆောင်ရွက်နေပြီး လက်ရှိမှာတော့ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်ရှိ သတ္ထုတွင်းတွေ အတွက် အချက်အလက် ရယူမှုတွေ ပြုလုပ်လျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သတ္ထုတွင်း ဥပဒေ ကိုလည်း ပြန်ပြင် ရေးဆွဲ ထားပြီး ရှေ့နေချုပ် ရုံးသို့ ဒုတိယ အကြိမ် ထပ်မံတင်ပြ ထားတယ်လို့ သိရှိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့