Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 1 August 2013

ပန်းတောင်း အချုပ်ခန်းတွင်း သေဆုံးသူ၏ ဆေးစစ်ချက် ထွက်ရှိ

 ပြည်၊ ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့ စံပြရဲတပ်စခန်း တွင် မေလ၂၃ရက်နေ့က ချုပ်နှောင်ထားစဉ် ဖူးရောင်ဒဏ်ရာများနှင့် သေဆုံးသွား ခဲ့သည့် ဦးသန်းထွန်း၏ ရင်ခွဲဆေးစစ်ချက်ကို ရရှိထားပြီဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုထံမှ စုံစမ်းသိရှိရသည်။

သေဆုံးခဲ့သူ ဦးသန်းထွန်း (၄၂ နှစ်) သည် ဘယ်ဘက်နံရိုး တစ်ချောင်းနှင့် ညာဘက် နံရိုးသုံးချောင်း ကျိုးခဲ့ပြီး ညာဘက်နံရိုးများ ကျိုးသည့်ဒဏ်ရာကြောင့် အဆုတ်အတွင်း သွေးထွက်လွန်ခြင်းနှင့် သွေးလန့် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ယူဆရကြောင်း ပန်းတောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းလှိုင်၏ ဆေးစာ ထင်မြင်ချက်အရ သိရသည်။

သေဆုံးသူ ဦးသန်းထွန်းသည် ပန်းတောင်းမြို့နယ် ဒန့်ဒလွန်အုပ်စု ကြာအင်း ကွက်သစ်နေ တစ်ရွာတည်းဖြစ်သူ ဦးနီနှင့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ပန်းတောင်းမြို့ ရဲစခန်းတွင် အချုပ်ကျပြီးလေးရက် မြောက်နေ့တွင် အရက်ကြောင် ကြောင်ကာ မိမိကိုယ်ကို ထုနှက်နေသဖြင့် နောက်တစ်ရက်တွင် မြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ သည့်အတွက် သေမှုသေခင်းဖွင့်ကာ ဆောင်ရွက် နေကြောင်း ပန်းတောင်းရဲ စခန်းမှူး ရဲအုပ် ဆန်းလင်းက ပြောကြားထားသည်။

ဦးသန်းထွန်း သေဆုံးမှု အတွက် စခန်းမှူး ရဲအုပ်ဆန်းလင်းကို တရားစွဲတင်နိုင် ရန် ကြိုးစားခဲ့သော်လည်း မြို့နယ်အဆင့်၊ ခရိုင်အဆင့်များတွင် စခန်းမှူးမှာ ပြည်သူ့ ဝန်ထမ်း ဖြစ်နေသည့်အတွက် နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက်ရှိမှ တရားစွဲဆိုနိုင်မည် ဖြစ်သည့်အတွက် အမှုကို ပလပ်ခံခဲ့ရခြင်း ဖြစ်ပြီး လက်ရှိတိုင်းတရားရုံးသို့ တက်ရောက်နိုင်ရန် အတွက် နိုင်ငံတော် သမ္မတ၏ ခွင့်ပြုမိန့်ရရှိရန် တောင်းခံမည် ဖြစ်ကြောင်း ဦးသန်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်မြင့်ဌေးက ပြောဆိုသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့