
သေဆုံးသူ အလယ်တန်းပြ ကျောင်းဆရာမကြီး ဒေါ်ခင်စန်းမြင့်သည် အသက် ၅၃ နှစ်ခန့် အရွယ်ရှိပြီး အိမ်ထောင်မရှိသူ တစ်ဦးတည်းနေ အပျိုကြီး တစ်ယောက်လည်း ဖြစ်သည်ဟု၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ကလေးဝမြို့ ရဲဌာန၏ မှတ်တမ်းများတွင် အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ ဆရာမကြီး ဒေါ်ခင်စန်းမြင့်သည် ကလေးဝမြို့ အထက်တန်းကျောင်း၌ အလယ်တန်းပြ တာဝန် ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး ဆေးနားခွင့် ရယူထားသူ တစ်ဦးဖြစ်ကာ စိတ်ကျရောဂါ ဝေဒနာရှင် တစ်ဦးဖြစ်သည်။
''ဆရာမကြီးက သဘောထား ကောင်းပြီး သင်ကြားမှုပိုင်း ဆိုင်ရာ မှာလည်း စိတ်ရှည် သည်းခံနိုင်တာကြောင့် တပည့်တွေ အားလုံး နီးပါးက ချစ်ခင် ရိုသေကြပါတယ်''ဟု အမှတ်(၁)ရပ်ကွက်နေ ရေယာဉ်ပိုင်ရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။
ထိုနေ့က ရဲစခန်း တာဝန်ကျ တာဝန်မှူး ဒုတိယ ရဲအုပ် ရဲစိုးမိုး၏ စစ်ဆေးချက်များ အရ သေဆုံးသူသည် ၎င်း၏ နေအိမ်အပေါ်ထပ်ရှိ ထုပ်တန်း၌ အရှည် ၁၁ ပေခန့်ရှိ ဖြူ၊ နီကျား နိုင်လွန်ကြိုးကို အသုံးပြု၍ ဆွဲကြိုးချ သေဆုံးနေခြင်း ဖြစ်သည်။
အဆိုပါ သေဆုံးမှုတွင် မည်သည့် အတွက်ကြောင့် သေဆုံး ရသည်ကို စစ်ဆေး ဆောင်ရွက်နိုင်ရန် ဒုတိယ ရဲအုပ် ရဲစိုးမိုးက တရားလို ပြုလုပ် တိုင်တန်းခဲ့ရာ ကလေးဝ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၃/၂ဝ၁၃)အရ ရေးဖွင့် လက်ခံ ဆောင်ရွက်လျက် ရှိကြောင်း စစ်ဆေး သိရှိရသည်။
No comments:
Post a Comment