
၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်နေ ဒေါ်မြင့်မြင့်သည် နေအိမ်တွင်ရှိနေစဉ် မြေးဖြစ်သူ ရောက်ရှိလာပြီး ၎င်း၏ မိခင်နှင့်ဖခင်တို့ စကားများ ရန်ဖြစ်နေ၍ လိုက်ကြည့်ပေးရန် ခေါ်သဖြင့် ၎င်းတို့နေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပြန်လည် နေရာချထားရေး ရပ်ကွက်ရှိနေအိမ်သို့ လိုက်သွားခဲ့ပါသည်။
နေအိမ်သို့ရောက်ရှိစဉ် သမီးဖြစ်သူ မ၀င်းဝင်းဆွေအား အိမ်နီးချင်းများမှ ဆေးလူးပေးနေသည်ကိုတွေ့ရ၍ မြေမြန်းခဲ့ရာ ခင်ပွန်းဖြစ်သူ သိန်းဝင်း(ခ)သံနိုင်(ဘ)ဦးခင်မောင်နှင့် စကားများစဉ် ခင်ပွန်းဖြစ်သူမှ ဓါတ်ဆီနှင့်ပက်ကာ မီးရှို့ခဲ့၍ မျက်နှာဝဲဘက်ခြမ်း၊ ရင်ဘတ်၊ လက်နှစ်ဖက်နှင့် ပေါင်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
ဒဏ်ရာရသူ မ၀င်းဝင်းဆွေအား မြောက်ဥက္ကလာပ ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ပို့ကုသခဲ့ရသဖြင့် သိန်းဝင်း(ခ)သံနိုင် အား အရေးယူပေးရန် ဒေါ်မြင့်မြင့်မှ တိုင်ကြားခဲ့၍ မင်္ဂလာဒုံမြို့မရဲစခန်း
(ပ)၅၀၉/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းထုတ်ပြန်ချက် အရသိရပါသည်။
No comments:
Post a Comment