Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 1 August 2013

အိမ်ခဏပြန်မည်ဟုဆိုသော ယာဉ်တိုက်မှုတရားခံ ထွက်ပြေးမှုဖြစ်ပွား

ဒိုင်နာနှင့် တက္ကစီကားနှစ်စီးကြားထဲသို့ ပြုတ်ကျခဲ့သူ မဇာဇာမြင့်


 ဘတ်(စ်)ကားနှစ်စီး ယှဉ်ပြိုင်မောင်းရာမှ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ၊ ရဲစခန်းတွင် ယာဉ်တိုက်မှု တရားခံမှ အိမ်ခဏပြန်မည်ဟု ဆိုကာ ထွက်ပြေး တိမ်းရှောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ် (၈)ရပ်ကွက်၊ စည်ပင်မီးသတ်ဝင်း အတွင်း နေထိုင်သူ မဇာဇာမြင့် အသက် (၂၆) နှစ်မှာဇူလိုင်လ၂၇ရက်နေ့၊ နံနက် (၇း၁၅) နာရီတွင် အလုပ်သို့အသွား မြောက်ဥက္ကလာပ၊ (၅) လမ်းမှတ်တိုင်သို့ အရောက်တွင် အမှတ်၁၂၁ယာဉ်နှစ်စီး ယှဉ်ပြိုင်မောင်းလာရာမှ ကက/၃၄၀၉ယာဉ်၏ ဘက်ကြည့်မှန်နှင့် ရိုက်မိကာ၊ ဒိုင်နာနှင့် တက္ကစီကားနှစ်စီးကြားထဲသို့ ပြုတ်ကျခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့်နဖူးတွင်အတွင်း၊ အပြင် ၁၀ချက်ချုပ်ခဲ့ရကြောင်း၊ နောက်စေ့ညာဘက်ချိုးစောင်း ပေါက်၍ပေါင်နှင့်ခြေသလုံးတို့တွင် ပွန်းရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ ဇူလိုင်လ၂၇ရက်နေ့က စိန်ပန်းမြိုင် ရဲရိပ်သာမှာ ယာဉ်ကော၊ တရားခံပါမိပြီဆိုတော သွားကြည့်တယ်။တရားခံကိုလဲ တွေ့ရတယ်။ ညှိုနှိုင်းဖို့အတွက်၂၈ရက်နေ့ကို ပြန်ချိန်းတယ်။ ကားအုံနာကနေပြီး လူမှုရေးအရ ဆေးဖိုးဝါးခဆိုပြီး သုံးသိန်းပေးမယ် ပြောတယ်။ ဒါနဲ့ကျွန်တော်က အမှုဖွင့်မယ် တရားခံခေါ်ပေးပါလို့ ပြောတော့ခေါ်ပေးမယ်တဲ့။ ၂၇ ရက်နေ့ ည၈နာရီလောက်က အိမ်ခဏပြန်မယ်လို့ ပြောလို့ လွှတ်ပေးလိုက်တယ်ပြောတယ်။ ၂၈ရက်နေ့ကြမှ တရားခံထွက်ပြေးကြောင်း သိရတယ်။ တစ်ရက်၊ နှစ်ရက်အတွင်း မိအောင်ဖမ်းပေးမယ်လို့ပြောတယ်။ ၃၀ရက်နေ့မှာ ဖုန်းဆက်မေးတော့ မမိသေးဘူး။ လိုက်လံဖမ်းဆီးနေတယ်လို့ ပြောတယ်။ ဖြစ်ပွားနေတဲ့နေ့ကစပြီး ဒီနေ့အထိတရားခံဘက်ကရော၊ ကားအုံနာဘက်ကပါ တစ်ယောက်မှလာမကြည့်ဘူး။ ဒါကလူသားချင်း ကိုယ်ချင်းမစာတာ” ဟု ယာဉ်တိုက်ခံရသူ၏ ဖခင်ဦးတင့်လွင်ကရှင်းပြသည်။

အဆိုပါ၁၂၁ယာဉ်လိုင်း၏ ယာဉ်မောင်းမှာ ကိုဝင်းမြင့်ထွန်းဖြစ်ပြီး ၄င်းကို (ပ) ၂၇၉/၃၃၈/၂၀၂/ ဖွင့်၂၇/ ၁၇၅၀ဖြင့်၂၈/၇/၂၀၁၃ရက်နေ့တွင် အမှုဖွင့်အရေးယူထားကြောင်း ယင်းအမှုကို ကိုင်တွယ်သူမှာ နယ်မြေ (၇)မှယာဉ်မှူးစစ် ဒုရဲအုပ်ဦးသန်းနိုင်ဖြစ်ကြောင်း သိရသည်။

“ မိဘတွေနေရာကနေ ကိုယ်ချင်းစာကြည့်ပေါ့ဗျာ၊ သမီးမိန်းကလေးရဲ့ မျက်နှာမှာ ခုလိုသေရာပါ အမာ ရွတ်ကြီး ကျန်ခဲ့မှာကို၊ ကျွန်တော်အမပြာနဲ့ သူရဲ့အဒေါ်တွေ၊ အစ်မတွေ ဆိုရင် ၀မ်းနည်းလို့မဆုံးဘူ။ ကာယကံရှင်ကိုယ်တိုင်နေ့တိုင်း တငိုငို၊ တရီရီဖြစ်နေတာ၊ ကျွန်တော်တို့လို မိဘတွေရင်ထဲမှာ ဘယ်လိုဖြစ်မလဲ၊ ဒါတောင် သူတို့က မျက်နှာ လွှဲခဲပစ်လုပ်ထားတယ်။ အခြေအနေလေးလာကြည့်ပေးရင်တောင် ကျေနပ်ပါ တယ်။ ကိုယ့်သမီးခုလိုဖြစ်နေတာ၊ ကိုယ်ဘာသာလဲ ကုနိုင်ပါတယ်။ မရှိရင်တောင် ရှိအောင်ရှာပြီးကုမှာဘဲ။ ခုဟာက တာဝန်ရှိတဲ့သူတွေက မသိသလို လုပ်နေတာ၊ သမီးကို မနဲအားပေးနေရတာ၊ သူရဲ့ဒဏ်ရာကိုကြည့် ပြီး သမီးက စိတ်ဓာတ်ကျနေတာ။ သမီးစိတ်ဓါတ်ကျတာကိုမြင်ရလေ မိဘတွေ ရဲ့ရင်ထဲမှာ ပိုပြီး နာကျင်ရလေ ပဲ။ အခုဖြစ်စေချင်တာက အမှန်ကို အမှန်အတိုင်းဖြစ်စေချင်ပါတယ်” ဟု ဦးတင့်လွင်က ၄င်း၏ခံစားချက်များကို ထပ်မံပြောကြားခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့