Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 1 August 2013

ကျောင်းများတွင် မဖွယ်မရာမလုပ်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်းကျပ်စွာ ကိုင်တွယ်မည်

 ရန်ကုန် ၊ ဇူလိုင် ၃၁ ။     ။ ရန်ကုန်တိုင်း ဒေသကြီးရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများတွင် မဖွယ်မရာကိစ္စများ ဖြစ်ပွားမှုမရှိ စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်းကျပ်စွာကိုင် တွယ်သွားရန် စီစဉ်နေ ကြောင်း  ရန်ကုန်တိုင်း ဒေသကြီးအစိုးရအ ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကထုတ် ဖော်ပြောကြားလိုက်သည်။

ယင်းကဲ့သို့ပြုလုပ်ရန်အ တွက် ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်များ နှင့်ကျောင်းများရှိ ဆရာ ဆရာမ များ၊ ကျောင်းလုံခြုံရေးဝန်ထမ်း များအပါအဝင် သက်ဆိုင်ရာမြို့ နယ်အုပ်ချုပ်ရေးမှူးရုံးများမှ တာ ဝန်ရှိသူများနှင့် ပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။     ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ ဝန်ရှိသူက ''မဖွယ်မရာလုပ်တာ တွေနဲ့ လောင်းကစားလုပ်တာတွေ ကိုတွေ့ရင် ကျောင်းထုတ်ပယ်တဲ့ အထိအရေး ယူသွား မယ်။ တက္က သိုလ်အသီးသီးနဲ့ ကျောင်းတွေ ကိုလဲ ကျောင်းသား၊ ကျောင်းသူ တွေ မဖွယ်မရာကိစ္စတွေလုပ်တာ တွေ့ရင် ထိထိရောက်ရောက်အ ရေးယူဖို့နဲ့ သက်ဆိုင်ရာမိဘဆွေ မျိုးတွေကိုပါ အသိပေးအကြောင်း ကြားဖို့ ညွှန်ကြားထား ပါတယ်။ တက္ကသိုလ်တွေ၊ ကျောင်းတွေမှာ ရှိတဲ့နေရာအသီးသီးကို နေ့တိုင်း စစ်ဆေးသွားဖို့ ညွှန်ကြားထားပါ တယ်''ဟု ပြောသည်။ 

မကြာသေးခင်က နည်းပညာ တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူစုံတွဲသည် ကျောင်း၌ မဖွယ်မရာပြုလုပ်သည့်ဖြစ်ရပ် လူသိရှင်ကြား ဖြစ်ပျက်ခဲ့သည့် နောက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့ပြု လုပ်ခြင်းဖြစ် ကြောင်း သိရသည်။ ဒဂုံတက္ကသိုလ်မှ တာဝန်ရှိ သူ ပါမောက္ခတစ်ဦးက ''ကျွန်တော် တို့ ဒဂုံတက္ကသိုလ်မှာလဲ ကျောင်း သား၊ ကျောင်းသူတွေ ကျောင်း စည်းကမ်းနဲ့မညီတဲ့ ဖြစ်ရပ်တွေ ရှိရင် ဘယ်သူဘယ်ဝါဆိုတာစစ် ဆေးပြီးအရေး ယူတယ်' 'ဟုပြော သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့