Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 1 August 2013

ရန်ကုန်တိုင်းအစိုးရ အခြေခံဥပဒေ လေးစားလိုက်နာရေး ထိန်းညှိပေးရန် သမ္မတနှင့်လွှတ်တော်များထံ တိုင်ကြား

 ရန်ကုန်၊ ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေးစား လိုက်နာရေးအတွက် ထိန်းညှိပေးရန် မ.ထ.သ ယာဉ်ပိုင်ရှင်များက ဇူလိုင်လ ပထမပတ်က သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံသို့ တိုင်ကြားထားကြောင်း ယာဉ်ပိုင်ရှင် ဦးကိုကိုနိုင်က ပြောကြား သည်။

မထသ (မြို့တွင်း) ဥက္ကဋ္ဌ ဦးတင်ထွဋ်ကို ယာဉ်ပိုင်ရှင်များက ငွေကြေး ရလိုမှုဖြင့် တရားစွဲဆိုထားသည့် ကိစ္စများ၊ ဝန်ထမ်းများက လစာ တိုးတောင်း သည့် ကိစ္စများ၊ ဦးတင်ထွဋ်ကို ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်စေရန် တောင်းဆို သည့် ကိစ္စများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၃၄၈) နှင့် မညီညွတ်ကြောင်း တိုင်ကြားစာများကို ပေးပို့ ထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မထသ (မြို့တွင်း) ဥက္ကဋ္ဌ ဦးတင်ထွဋ်ကို ရာထူးမှ နုတ်ထွက်ပေးရန်နှင့် မထသ ဝန်ထမ်းများကို အစိုးရ ဝန်ထမ်းများကဲ့သို့ လစာ နှစ်သောင်း တိုးပေးရန် မထသ (မြို့တွင်း) ဝန်ထမ်းများက တောင်းဆိုသော် လည်း ဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ အဆိုပါ ဥက္ကဋ္ဌကို စာချုပ် ပြင် ဆင်ခြင်း၊ ငွေကြေး ယူလိုခြင်းများဖြင့် တရားစွဲဆိုထားပြီး ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ထံ အဆိုပါ ကိစ္စရပ်များကို တင်ထားသော်လည်း ဆောင် ရွက်ပေးခြင်း မရှိကြောင်း ဦးကိုကိုနိုင်က ဆိုသည်။

“ကျွန်တော်တို့ မထသ ဝန်ထမ်းတွေက အစိုးရ ဝန်ထမ်းတွေလိုပဲ အလုပ် လုပ်ရတာ။ အဲ့ဒါကြောင့် လစာ တိုးပေးဖို့ မထသ ဗဟိုနဲ့ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ကို တင်ထားတာ” ဟု မထသ သယ်ယူ ပို့ဆောင်ရေး မြို့နယ် အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြောကြားသည်။

ပုဒ်မ ၃၄၈ မှာ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူး ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုး သမီး၊ ဆင်းရဲ ချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အဓိပ္ပာယ် ဖွင့်ဆိုသည်။

“မထသ ကော်မတီကို ပြန်ဖွဲ့စည်းဖို့ ဥက္ကဋ္ဌ ပြန်ရွေးဖို့တော့ ရှိတယ်။ ဒါပေမဲ့ အဲ့ဒါတွေက မထသ (ဗဟို) က လုပ်ပေးမှာပါ။ ဝန်ကြီးချုပ်ကတော့ ဘယ်ရွေးပေးမှာလဲ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပြည်သူ့လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ၊ အမျိုးသား လွှတ်တော်နှင့် နိုင်ငံတော် သမ္မတထံ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို ပြည်သူများ အကြည်ညို ပျက်လာနိုင်စေသည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေးစား လိုက်နာရေး ထိန်းညှိပေးရန် စာတင် ထားကြောင်းနှင့် နိုင်ငံရေး ပါတီများကိုလည်း မိတ္တူ ပို့ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့