Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 1 August 2013

ပန်းဘဲတန်းမြို့နယ်ရှိ လောင်းကစား ဒိုင်ကြီးအား ဖမ်းဆီး အရေးယူ

ပန်းဘဲတန်းမြို့နယ်ရှိ နှစ်လုံး/သုံးလုံး လောင်းကစား ဒိုင်ကြီးအား အဖွဲ့များခွဲ၍ ၀င်ရောက်ဖမ်းဆီး အရေးယူ ရန်ကုန်၊ သြဂုတ် ၁

၁.၈.၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂) နှင့် အုပ်ချုပ်မှု တပ်ခွဲ၊ မှုခင်း အကူဌာနမှ တပ်ဖွဲ့ဝင်များသည် ပန်းဘဲတန်း မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ အဖွဲ့များခွဲကာ လောင်းကစား သတင်းအရ သက်သေများနှင့် အတူ ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်၊ (၂၉)လမ်း၊ (၃)လွှာရှိ အမှတ်(၁၀၀)နေအိမ် သို့ ၀င်ရောက်ရှာဖွေရာ ၎င်းနေအိမ်၏ ၀ဲဘက်ခြမ်းတွင် နေမျိုးလွင်၊ (ဘ)ဦးသန်းလွင်၊ ပန်းဘဲတန်းမြို့နယ် နေသူနှင့် ထွန်းရွှေ၊ (ဘ)ဦးကြည်အေး၊ လသာမြို့နယ်နေသူတို့ (၂)ဦးအား နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ် ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေကျပ်(၁၃၈၁၀၀) တို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၄၃/၂၀၁၃၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅(က)/ ၁၆(က) ဖြင့် အရေးယူထားရှိပါသည်။

ဆက်လက်၍ အဆိုပါနေအိမ်၏ ယာဘက်ခြမ်းတွင် ထွန်းသိန်း (ခ)ကစ္စနား (ဘ)ဦးမာရီပါး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စိုးဝင်း(ခ)ရှဖီး (ဘ)ဦးသန်းမြင့်၊ ပန်းဘဲတန်းမြို့နယ်၊ အီစမိုင်အင် (ဘ)ဦးရာကွပ်၊ ပန်းဘဲတန်းမြို့နယ်၊ အောင်ဝင်း (ဘ)ဦးလှမောင်၊ ပုဇွန်တောင်မြို့နယ်၊ ဗာလု (ဘ) ဦးရေနေမလယ်၊ မင်္ဂလာ တောင်ညွှန့်မြို့နယ်၊ အောင်မြင့် (ဘ)ဦးဘစိန်၊ဒဂုံမြောက်မြို့နယ်၊ တမီးလ် (ဘ)ဦးဆာမိ၊ ဒလမြို့နယ်၊ ကျော်ကျော်လွင် (ဘ)ဦးသိန်းလွင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင်ကြည် (ဘ)ဦးမောင်ပါ၊ ပန်းဘဲတန်းမြို့နယ်၊ ရာအိမ် (ဘ)ဦးအဒူရမန် သင်္ဃန်းကျွန်းမြို့နယ်၊ မောင်သန်း (ဘ)ဦးမြသိန်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မောင်တင် (ဘ)ဦးအဇူး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဥာဏ်ထွန်း (ဘ)ဦးချစ်လွန်း၊ လမ်းမတော် မြို့နယ်၊ သန်းအေး (ဘ)ဦးစိန်လှအောင်၊ ဒလမြို့နယ်၊ ဖာဂွန် (ခ)သန်းထွန်း (ဘ)ဦးနူမော်မက်၊ ပန်းဘဲတန်းမြို့နယ်၊ မတင်လှ (ဘ)ဦးရှိန်ဒါဝင်၊ ဒလမြို့နယ်၊ မဥမ္မာ (ဘ)ဦးကျော်၊သာကေတမြို့နယ်၊ စိုးရာဇာဝင်း (ဘ)ဦးမြင့်သန်း၊ မရမ်းကုန်းမြို့နယ်၊ ဇော်ဝင်း (ဘ)ဦးလှရွှေ၊ ပန်းဘဲတန်းမြို့နယ်၊ ခင်ဇော် (ဘ)ဦးတင်လှိုင်၊ သာကေတမြို့နယ်၊ တင်ငွေ (ဘ)ဦးခင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၊ လှဝင်း (ဘ)ဦးလှမောင်၊ ပန်းဘဲတန်းမြို့နယ်၊ မောင်အေး (ဘ)ဦးမြင့်သိန်း၊ ပန်းဘဲတန်းမြို့နယ်နှင့် ဒိုင်ချုပ်ဖြစ်သူ ကျော်ကိုကို (ခ)အငယ်လေး (ဘ)ဦးမောင်စိန်၊ ပန်းဘဲတန်းမြို့နယ် နေသူတို့ (၂၄)ဦးတို့အား နှစ်လုံးထီ၊ သုံးလုံးထီလောင်း ကစားစာရွက်စာတမ်း များနှင့် လောင်းကြေးငွေကျပ်(၃၃၁၁၉၅၀)နှင့်အတူ တွေ့ရှိဖမ်းဆီးရမိ သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၄၄/ ၂၀၁၃၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့