
ဇူလိုင်လ ၂၈ ရက်နေ့က နေ ပြည်တော် ကောင်စီနယ်မြေအတွင်း၌ တောင်သူတို့ကို အရစ်ကျ စနစ်ဖြင့် လယ်ယာသုံး စက်ကိရိယာ အစီးရေ ၈ဝ ရောင်းချပေးမှုကို အခြေပြုကာ အသင်း က ထိုသို့ မေတ္တာရပ်ခံခြင်းဖြစ်သည်။
”နေရာအနှံ့က တောင်သူတွေမှာ တော့ စိုက်ပျိုးစရိတ်မရလို့၊ မျိုးစပါး ခက်လို့၊ လယ်မြေ၊ ယာမြေအသိမ်းခံရလို့၊ နည်းပညာမရှိလို့ စတာတွေ ကြုံနေ ရတယ်”ဟု အသင်းဥက္ကဋ္ဌ ဖြစ်သူက ဆို သည်။
နေပြည်တော်ဆိုသည်မှာ နိုင်ငံ တော် သမ္မတနှင့် နီးစပ်လိုသူ၊ ရုပ်ပြ ကောင်းအောင် တီဗီထဲပါလိုသူ စသည့် အကြောင်းများကို အခြေပြုကြသူ အချို့ ကြောင့် မအောင်မြင်လည်း အောင်မြင် ရသည်သာဖြစ်၍ နေပြည်တော် တစ်နေ ရာတည်းကွက်ကြည့်ကာ ဆန်စပါး လောက အဆင်ပြေနေ သည်ဟု သမ္မတ ကြီးက မှတ်ယူမှုမှားမည်လည်း စိုးရိမ်မိ ကြောင်း ၄င်းက ဆက်ပြောသည်။
”နေပြည်တော်မှာ ရောင်းချပေး သလို၊ ပံ့ပိုးပေးသလို၊နေရာအနှံ့မှာလည်း သမ္မတကြီး လုပ်ဆောင်ဖို့လိုပါတယ်”ဟု အသင်းဥက္ကဋ္ဌက ထပ်လောင်း ဆိုသည်။
လက်ရှိတွင် တောင်သူလယ်သမား အသင်းသို့ ကယား၊ ချင်း၊ ရှမ်းနှင့် နေရာ အနှံ့မှ တောင်သူတို့က ၄င်းတို့ ၏ အကာအကွယ်မရမှု၊ နည်းပညာ လို အပ်မှု၊ စက်ကိရိယာမရှိမှုပြဿနာတို့ကို ဆက်တိုက်တင်ပြနေသည်ဟု ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲ မြို့မှ တောင်သူတစ်ဦးက”မဆလ ခေတ် က စပြီး ဦးသန်းရွှေခေတ်။ ပြီးတော့ ဦး သိန်းစိန်ခေတ်ကျော်ဖြတ်ခဲ့ တာ။ တောင် သူတွေအပေါ်မှာ အပြောပဲရှိတယ်။ လုပ်ပေးလိုက်လို့ တောင်သူတွေ ပြောင်း လဲလာတာ သိပ်မတွေ့ရဘူး။ အဆင် ပြေတာထက် ဆင်းရဲသွားတဲ့အသံပဲ ကြားရတယ်” ဟု ပြောသည်။
မိုးစပါးစိုက်ပျိုးချိန်ပြီးဆုံးရန် လ အနည်းငယ် လိုနေသေးသော်လည်း ယနေ့အထိ ချေးငွေမရသေးသော တောင်သူတို့ရှိနေကြသည်ဟု တောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌက ဆိုသည်။
No comments:
Post a Comment