Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 April 2012

အချစ်ဆိုတာ ဘာမှန်းမသိတဲ့ ရင်ခုန်တက်စတည်းက မင်းအပြုံးတွေကို တမ်းတခဲ့တာပါ။

အချစ်ဆိုတာ ဘာမှန်းမသိတဲ့
ရင်ခုန်တက်စတည်းက
မင်းအပြုံးတွေကို တမ်းတခဲ့တာပါ။
သက္ကရာဇ်တွေပြောင်း လတွေဟောင်းချင်ဟောင်းလိမ့်မယ်
ကံကြမ္မာတွေကြောင့် အဝေးရောက်နေပေမယ့်
အချစ်ကတော့........
နတ်ဘုရားလို ကိုယ့်ကိုပြုစားဆဲပါ။
လွမ်းချင်းတွေရေး လွမ်းနေ့တွေသီတဲ့
လွမ်းနေ့ရက်တွေ ကုန်ချင်လှပါပြီ.....
ကိုယ်က ညကိုနှစ်ခြိုက်သူတော့မဟုတ်ပါဘူး...
ဒါပေမယ့်..ခြောက်သွေ့မှောင်မိုက်တဲ့ညမှာ
စမ်းတဝါးဝါးလမ်းသွားနေရတဲ့ကိုယ့်အတွက်
စိုပြေတဲ့အလင်းတန်းလေးက....မင်းပါ။
ဝေဒနာတွေကို တစ်ရေးနိုးအဖြေရှာခက်သလို
နွေကန္တာ သဲလွင်ပြင်မျိုးမှာ
မင်းက....ကိုယ့်အတွက်တော့
အေးချမ်းမှူ့ အိုအေစစ်လေးတစ်ခုပါ.......ချစ်သူရယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့