Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

အရုဏ်ဦးမှာ လန်းဆန်းစွာ

ကျမ မနေ့ က ကြောက်ကြောက်နဲ့ ဘုရားစာ ရွတ်ရင်း  လက်ဆောင်ထုပ်လေး ၀ယ်ပြီးဂျပန်က စက်၇ုံတခု ကိုသွားရပါတယ်။
ဘာလို့လဲဆိုတော့ သူတို့ဆီက ပြန်ရောင်းတဲ့စက်တွေရော ၊ နောက်ထပ် ကျမတို့ဂျပန်မှာ ၀ယ်ထားတဲ့ 
စက်တွေအားလုံး ကိုမြန်မာပြည်ပို့ဖို့ ကွန်တင်နာ မတင်ခင် သူတို့စက်ရုံမှာ ထားထားရပါတယ်။
သူတို့ဆီမှာနေရာမရှိတဲ့ကြားက ကျမတို့ စက်တွေ သိမ်းထားပေးရတာ ကြာနေပါပြီ။
မနှစ်က ဒီဇင်ဘာကတည်းက ကွန်တင်နာတင်မယ်ပြောထားပြီး အကြောင်းကြောင်းကြောင့်  မတင်ဖြစ်ဘဲ ခုချိန်ထိကြာသွားပါတယ်။
အားနာလို့  သူတို့ကို လဲ မေးလ် မပို့ရဲ လို့  တိတ်တိတ်လေးနေနေပြီးခုမှ သွားတောင်းပန်ရင်း ကွန်တင်နာတင်မယ့်ရက်ပြန်ညှိရမှာပါ။
ဂျပန်လူမျိုးတွေက ကတိ ပေးထားရင် ပေးထားတဲ့အတိုင်းလုပ်မှကြိုက်ကြတာပါ။
ဘာဖြစ်လို့ ညာဖြစ်လို့  ဆိုပြီး ဆင်ခြေပေးတာကိုမကြိုက်တဲ့  လူတွေမို့ ကျမလဲ သွားတောင်းပန်ရမှာ
လန့်တော့လန့် ပေမယ့် ကိုယ်က ကတိမတည်သလို ဖြစ်နေတာဆိုတော့လဲ ကြောက်ကြောက်နဲ့ပဲ သွားရပါတယ်။
စက်ရုံဝင်းထဲရောက်တာနဲ့  သူဌေးနဲ့တန်းတိုးပါတယ်။
သူဌေးက ၆၅ နှစ်လောက်ရှိပါပြီ။ စက်တွေအများကြီး ပိုင်ပြီး သူတို့နယ်မှာ သြဇာရှိတဲ့ တကယ့် သူဌေးကြီးပါ။
ကျမလဲ လက်ဆောင်ထုပ်လေးကိုင်ပြီး မျက်နှာချိုသွေးပြီး နုတ်ဆက်လိုက်ရင်ပဲ သူဌေးက ၀မ်းသာအားရနဲ့ 
“ ဟေး--သန္တာစံ -မနေ့ ကပဲေ၇ွးကောက်ပွဲမှာ စုကြည်စံ နိုင်တယ်-နင်ကဒီနေ့ လာတယ်--အတော်ပဲ လာလာ”ဆိုပြီးရုံးခန်းထဲ ခေါ်သွားပါတယ်။
ကျမကို ဘယ်လောက်ဆူဆူ ခံရမှာပဲဆိုပြီး ကွန်တင်နာ မတင်ဖြစ်၇ သေးတဲ့အကြာင်းအရင်းကိုသေချာ ရှင်းပြပြီးတောင်းပန်ပါတယ်။
ကတိဖျက်ပြီး သူတို့ကို ပစ်ထားလို့  သူဌေးအရမ်း စိတ်တိုပြီး အော်မှာပဲလို့  တထစ်ချ တွက် ထားတဲ့ကျမ သူဌေး အမူအယာကြောင့် တော်တော်အံ့သြသွားပါတယ်။
သူဌေးက ကွန်တင်နာမတင်ဖြစ်သေးရင်တောင် အဆက်အသွယ်လုပ်ဖို့ ၊ဘာဖြစ်နေမှန်းမသိတော့ သူတို့စိတ်ပူ နေတဲ့အကြောင်းလောက်ပဲပြောပြီး-------
ရွေးကောက်ပွဲမှာ စုကြည်စံ နိုင်တဲ့အကြောင်းတွေ၊
မြန်မာပြည်ခုကစပြီးတိုးတက်တော့မယ့်အကြောင်းတွေ ၊
သူတို့မြန်မာပြည်နဲ့ဆက်စပ်ပြီး ရောင်းဝယ်ရေးတွေလုပ်ချင်တာတွေ ၊
သူမြန်မာပြည်လာလည်မယ့်အကြောင်းတွေ တရစပ် မနားတမ်းပြောပါတော့တယ်။
ကျမကိုလဲေ၇ွးကောက်ပွဲအကြောင်းတွေ ၊ မြန်မာနိုင်ငံအကြောင်းတွေမေးပါတော့တယ်။
ရှင်းရှင်းပြောရရင် ကျမက နိုင်ငံရေးအကြောင်းတွေ သိပ်မသိပါဘူး။တနေ့ တနေ့ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာပါ။
 ရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်နိုင်တာဝမ်းသာပေမယ့်  ရှေ့ဆက် ဘာတွေဖြစ်မလဲ ဆိုတာတောင် မသိလို့  နိုင်ငံရေးအကြောင်းနဲနဲပါးပါးသိတဲ့ သူငယ်ချင်းတွေကို မေးရပါတယ်။
သူတို့ပြောတာကတော့--ရွေးကောက်ပွဲနိုင်သွားရင် ဒေါ်အောင်ဆန်းစုကြည်က --

---လွတ်တော် ထဲ ကို ၀င်ပြီး ဆွေးနွေးမယ် ..
---လုပ်ပိုင်ခွင့် ဆိုတာထက် ..၊ .ဆုံးဖြတ် ပိုင်ခွင့် ရဘို့ လိုတာ ...
---အခု ........သူက တင်ပြ တောင်းဆိုတာ ...ဆွေးနွေးတာ ...ဥပဒေ ပြင်ဆင် တာ တွေ ...လုပ်မယ် ထင်တယ်။

---သမ္မတက၀န်ကြီးအဖြစ်ရွေးရင်ဝန်ကြီးဖြစ်မယ်။
ဒါပေမဲ့လွှတ်တော်၂ရပ်ကလက်မခံရင်။မဲခွဲဆုံးဖြတ်လို့အရေအတွက်နည်းရင်သူ့ရဲ့အဆိုပြုချက်ကပယ်ခံရမယ်-

----သူကို ..အရမ်း ယုံကြည် အားကိုး ပြီး မျှော်လင့် နေကြတာ ..
---သူမှာ ...ကြောက်စရာကောင်းလောက်တဲ့ ....တာဝန်တွေ ရှိနေတယ်လို့ ခံစားရတယ် ..

စသဖြင့်  ဖြေကြပါတယ်။

ဒေါ်အောင်ဆန်းစု ကြည်ကို မျှော်လင့်ကြတာ မြန်မာ ပြည်မက  တကမ္ဘာလုံးပါ။
ခု ဂျပန်မှာ လဲ ဒီသတင်းပဲခေတ်စားနေပါတယ်။
TV ကြည့်တော့လဲ ဒီသတင်းပါ
သတင်းစာဖတ်တော့လဲ ဒီသတင်းပါ
ဂျပန်က စီးပွားရေးလုပ်ငန်းရှင်တွေ စက်ရုံအလုပ်ရုံတွေကလဲ  မြန်မာပြည်လာဖို့ တာစူနေကြပါတယ်။
သူတို့ပါးစပ်ဖျားမှာမြန်မာဆိုတာ ရေပန်းစားနေပါတယ်။

အရင်လိုမဟုတ်ဘဲရောက်လေရာမှာ မြန်မာဆိုတာ မျက်နှာပွင့်လာအောင် လုပ်ပေးတဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ကျမ ကျေးဇူးတင်ပါတယ်။

လက်ရှိအခြေအနေထက် တိုးတက် ခေတ်မီလာပြီး ကျမတို့ မြန်မာပြည်ကြီးမှာ  အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာပြီး ပြည်သူတွေဘ၀ အေးချမ်းသာယာအောင် စေတနာနဲ့လုပ်ပေးနိုင်ဖို့  ကျမမျှော်လင့်ပါတယ်။

ဘာပဲပြောပြော ခု မြန်မာပြည်ကြီးဟာ မျှော်လင့်ချက်ရောင်ခြည်တွေ သန်းစပြုနေတဲ့  အ၇ုဏ်ဦး အချိန်အခါ ရောက်နေပြီလို့ ကျမထင်ပါတယ်။

ဒီအချိန်မှာ လူငယ်တွေလဲ ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။

အချိန်ကို တန်ဖိုးထားကြပါ။ သင်ယူစရာရှိတာတွေ သင်ယူပြီး ပညာပြည့်အောင် အဆင်သင့် လုပ်ထားကြပါ။

စိတ်ဓါတ်ကိုလဲမြင့်မြင့်ထားကြပါ။

 နိုင်ငံခြားသားတွေ ကို အထင်ကြီးကြောက်ရွ့ံ့ မှုမရှိဘဲ ပညာချင်းယှဉ်ပြီး လုပ်ငန်းခွင် ၀င်စေချင်ပါတယ်။

သူတို့ဆီက ပါလာမယ့် နည်းပညာ တွေ  ရအောင် ယူပြီး ကိုယ့်နိုင်ငံ အတွက် အသုံးချကြပါ။

ခုချိန်မှာ မြန်မာပြည်ဟာ နည်းပညာ ဆင်း၇ဲသေးတယ်လို့ ကျမထင်ပါတယ်။

ဂျပန်လူမျိုးတွေက မြန်မာတွေကြိုးစားတယ်ဆိုတာ အသိအမှတ်ပြုထားပါတယ်။

ကျမတို့ စက်၇ုံကိုလာလည်ကြတဲ့ ဂျပန်ပညာရှင်တွေဆိုလဲ  မြန်မာတွေဟာ သင်ယူနိုင်စွမ်းမြင့်တယ်လို့ 
လက်ခံ ယုံကြည် သွားပြီးနောက်ပိုင်း  သူတို့နည်းပညာတွေ ပေးပါတယ်။

သူတို့ဆီက နည်းပညာရသမျှဟာ မြန်မာပြည်အတွက် အမြတ်ပါပဲ။

တခုတော့ရှိပါတယ်။ ဂျပန်တွေက အင်္ဂလိပ်စာ အားနည်းပါတယ်။
ခုနောက်ပိုင်း လူငယ်တွေလောက်သာ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပြီး အသက်ကြီးပိုင်းတွေက
ဂျပန်လိုပဲပြောပါတယ်။ သူတို့ရဲ့ နည်းပညာစာအုပ်တွေကလဲ ဂျပန်လို ရေးထားကြတာများပါတယ်။
ဒါကြောင့် ဂျပန်တွေနဲ့ လက်တွဲ လုပ်မယ်ဆိုရင် ဂျပန် ဘာသာစကားလည်း သင်သင့်ပါတယ်။

ဒီလိုပါပဲ--တခြားနိုင်ငံတွေ ရဲ့ ဘာသာစကားတွေလဲ သင်ကြပါ။

ဖခင်ကြီးဗိုလချုပ်အောင်ဆန်းလည်းမြန်မာတွေကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ဘာသာစကားတွေ သင်ခိုင်းရမယ
်လို့ကို  ပြောခဲ့တာပါ။

ပညာသင်တယ်ဆိုတာ အရှုံးမရှိပါဘူး။
ခုဆို ပညာဒါန သင်တန်းတွေ မှာ ဘာသာစကားမျိုးစုံ သင်ပေးနေကြပါတယ်။သေချာ လေ့လာပြီး တကယ် အလုပ်ခွင်ဝင်နိုင်တဲ့အထိ တတ်မြောက်အောင်ဝိရိယ စိုက်ပြီး သင်ကြပါ။
ခဏတာလေး အပျော်သင်ရုံနဲ့တော့ ဘာသာစကားတစ်ခု တတ်ဖို့မလွယ်ပါဘူး။
 အားစိုက်သင်ယူကြပါ။
 တခြားပညာရပ်ဆိုင်ရာသင်တန်းတွေလဲ ကိုယ်ဝါသနာပါရာရွေးချယ်ပြီးတက်ကြပါ။
အတတ် ပညာတွေကိုသေချာသင်ထားရင်အလုပ်ခွင် ထဲမှာ မျက်မှာ မငယ်ရတော့ဘူးပေါ့ ။

လူငယ်အားလုံးကို အရုဏ်ဦးမှာ လန်ဆန်းတက်ကြွ နိုးကြားစွာနဲ့  ကြိုးစားစေချင်ပါတယ်။

မေတ္တာမွန်ဖြင့် 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့