Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 1 April 2012

အိမ်ထောင်ရေးနှင့်သူ၏အမြင်

အိမ်ထောင်ရေးနှင့်သူ၏အမြင်အခုကျွန်တော်တင်သောpostကလေးသည်မည်သူကိုမှရည်ညွှန်းခြင်းမရှိပါ။
ယောက်ျားကလေးများကိုနာစေမိန်းခလေးများကို သာစေလိုသည့် စိတ်မျိုးလည်းမရှိပါ။ သူငယ်ချင်းအား
လုံးနှင့် သိထားသင့်သည်ဟူသော ရည်ရွှယ်ချက်ကြောင့်တင်ပြရခြင်းဖြစ်ပါသည် သူငယ်ချင်းယောက်ျား
လေးများလည်း ငါတော့ဘယ်အချက်နှင့် ကိုက်ညီ၍ မိန်းခလေးသူငယ်ချင်းများကလည်း ငါတော့ ဘယ်
လိုလူမျိုးနှင့် ကိုက်ညီမှု့ ရှိသည်ဟူတွေးတော ရီမောနိုင်ကြပါစေ…အိမ်ထောင်ရှင်ဘဝ ရည်ရွယ်တည်
ဆောက်ကြမည့် သမီးများသို့ ရည်ရွယ်ညွန်းပါသည်။ ချင့်ချိန်စဉ်းစား ဆုံးဖြတ်ပါ။(ဘဝကြင်ဖေါ် ရွေး
တတ်ကြပါစေ….

နားလည်အောင်ကြိုးစားပါ…. ရွေးချယ်မူ မှန်ကန်ပါစေ-ဒုတိယတင်ထားတဲ့ post က ( ၃၁ ) မှာပြီး
သွားတာဆိုတော့ အခု ( ၃၂ ) ကစလိုက်ပါတယ်ခင်ဗျာ။

၃၂။အေးဆေးသော ယောက်ျား

တချို့ ယောက်ျားတွေကတော့ အေးအေးဆေးဆေးပဲ သမီး……။ ဘာကိုမှ သိပ်ပြီးလေးလေး
နက်နက်တွေးပူမနေတတ်ကြဘူး။ ဘယ်ကစ္စကိုမှလည်း အားစိုက်ထုတ်ပြီး မကြိုးစားခြင်ကြဘူး။။။
သူတို့ဟာ ဘဝပေးအခြေအနေပေါ်မှာပဲ ရေလိုက်ငါးလိုက် နေသွားတတ်ကြတယ်။ လူတွေနဲ့
ဆက်ဆံရာမှာလည်းလိုက်လျှောညီထွေပြုတတ်တာမို့သူတို့မှာရန်လိုသူလည်းမရှိတတ်ဘူး။
 ပြသနာဆိုတာတွေကိုလည်း သူတို့က ရှောင်ကျဉ်တတ်ကြတယ်။

အလိုဆန္ဒဆိုတာကို ဦးစားမပေးတတ်တာမို့ သူတို့မှာ ရည်မှန်းချက်ဆိုတာလည်း မရှိကြဘူး။
ယုတ်စွအဆုံး တစ်နေ့တာအတွက်တောင် ဘာတွေဆောင်ရွက်ရမယ်ဆိုတဲ့ အစီအစဉ်ကလေး
မှ မရှိကြသူတွေပါ။သူတို့ဟာ ပတ်ဝန်းကျင်ရဲ့ အရောင်ကို လိုက်ပြောင်းတတ်ကြသူတွေပဲ။
လူချစ်လူခင် များသူတွေပါပဲ။

ဘဝကို အေးဆေးတည်ငြီမ်စွာ နေထိုင်ခွင့်ရရှိထားရင်တော့ သူတို့ဟာ ကံကောင်းသူတွေ
ပေါ့ကွယ်။ဒါမှမဟုတ်ရင်တော့ အလွယ်လိုက်မိလို့ မှားကြဖို့ရှိလေရဲ့။ သူတို့ဟာ ဦးဆောင်လိုခြင်း
မရှိသူတွေမို့ ခပ်ညံ့ညံ့ယောက်ျားတွေလို့ ဆိုရမယ် သမီး။။ သူတို့ဟာ အဆိပ်ကင်းသူတွေပဲပေါ့။

ဒါကြောင့် သူတို့ကိုသာ ဘဝတစ်သက်တာ လက်တွဲဖေါ်အဖြစ် သမီးရွေးချယ်မယ်ဆိုရင် သေသေ
ချာချာ စဉ်းစားရမယ်နော်။ အေးအေးနေချင်သူ၊ ဘဝကို ရိုးသားအေးဆေးစွာ အပူအပင်ကင်းစွာ
နေထိုင်သွားလိုသူ ယောက်ျားတစ်ယောက်အနေနဲ့ မိမိဘဝကို အောင်မြင်တိုးတက်မြင့်မားအောင်
 ကြိုးစားတည်ဆောက်လိုသော မိန်းမသားတစ်ယောက်ဟာ ဘယ်လိုများမှ သဟဇာတဖြစ်လာနိုင်
ပါ့မလဲ သမီးရယ်။ (အသွင်မတူရင် ကြင်သူ မဖြစ်ဘူး)

၃၃။ စီးပိုးသော ယောက်ျား

တချို့ယောက်ျားတွေကြတော့ နေရာတကာ စီးပိုးလွန်းတတ်ကြပြန်တယ်။ ဘယ်နေရာမဆို အသာစီး
က နေချင်တတ်သူမျိုးပေါ့။ ဘယ်သူ့ကိုမှ အကြောမခံ မာန်မာနခက်ထန်လွန်းကြသူတွေပဲလေ။

သူတို့ဟာ အနိုင်မခံ အရှုံးမပေးခြင်တတ်ကြသူတွေမို့၊ လူချစ်လူခင် နည်းပါးတတ်ကြသူတွေ ဖြစ်ကြ
တယ်။ သူတစ်ပါးအပေါ် ညွန့်လိုက်ရမှ ကျေနပ်တတ်ကြသူမို့ လူမုန်းလည်း များတတ်သူတွေဖြစ်တယ်။
 သူများထက် ဦးလိုက်ရမှ၊ သူများထက် နှာတစ်ဖျားလောက် သာလိုက်ရမှ၊ သူများကို ကြောလိုက်ရမှ၊
သူများရဲ့ အထက်က နေလိုက်ရမှ နှစ်သက်တတ်ကြသူတွေမို့ သူတို့ရဲ့ဘဝဟာလည်း များသောအာ
းဖြင့် နောက်တန်းမှာ ရှိမနေတတ်ဘူးလေ။

သူတို့ဟာ အောက်ကျနောက်ကျဖြစ်မှာကို အလွန်ကြောက်တတ်ကြတယ်။ ဒါကြောင့် သူများနောက်
လိုက်မလုပ်တတ်ကြဘူး။ ရှေ့ကမသွားနိုင်လည်း နောက်ကမလိုက်တတ်ကြပဲ နံဘေးကနေ ကန့်လနိ
့်တိုက်တတ်သူမျိုးတွေဆိုပါတော့။

အဲဒီလိုယောက်ျားမျိုးတွေဟာ အနစ်နာခံတတ်ခြင်း၊ ခွင့်လွှတ်သည်းခံတတ်ခြင်း၊ နားလည်ခံစားပေးတတ်ခြင်း
 စတဲ့ အကြင်နာတရားတွေ ခေါင်ပါးကြသူများဖြစ်ကြတယ်။ သူတို့မှာ သဒ္ဒါတရားရှိတယ်ဆိုရင်တောင်မှ
သူတစ်ပါးအပေါ် ရှင်ပြိုင်မှု၊ ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့ ရောယှက်နေကြတယ်။

စီးပိုးသော ယောက်ျားမျိုးကို ဘဝတစ်လျောက် လက်တွဲလိုတယ်ဆိုရင်တော့ အဲဒီမိန်းခလေးဟာ အလျော့
ပေး လိုက်လျောတတ်သူဖြစ်ဖို့လိုလိမ့်မယ်။ထက်မြက်သော မိန်းမသားတစ်ယောက်အတွက်ဆိုရင်တော့
မခံခြင်စိတ်တွေနဲ့ ပဋိပက္ခဖြစ်ကာ စလယ်ဝင် ဖင်မမည်းခင်က ကွဲကြရတော့မယ့် ယောက်ျားမျိုးပါပဲ။။။
(လောကအမြင်တွေ ကြည်လင်အောင် ဥာဏ်ပညာတွေရှိအောင်လုပ်ပါ).

၃၄။ ပြောင်းလည်းတတ်သော ယောက်ျား

တချို့ယောက်ျားတွေကြတော့ ပုတ်သင်ညိုလို အရောင်ပြောင်းတတ်ကြလေရဲ့။ တချို့က
တမင်ဖန်တည်းပြောင်းလည်းတတ်သူဖြစ်ပြီးတချို့ကတော့ဆွဲဆောင်မူကြောင့်လိုက်ပါပြောင်းလည်းတတ်
သူဖြစ် တယ်။ဖန်တည်းပြောင်းလည်းတတ်သူဆိုတာကတော့ သူတို့ဘဝအတွက် လိုအပ်လာပြီဆိုရင်
ဒေါင်ကျကျ ပြားကျကျ နေပြတတ်သူမျိုးပေါ့။ မာသင့်တဲ့နေရာ မာ၊ ပျော့သင့်တဲ့နေရာ ပျော့နဲ့အလျော့အ
တင်းလုပ်ပြီး ဆက်ဆံတတ်သူမို့ သူတို့ရဲ့ ပင်ကိုစိတ်ရင်းကိုတော့ မမြင်သာနိုင်ဘူးလေ။မချစ်သော်လည်း
အောင့်ကာနမ်းတတ်ကြတာမို့ အဲဒီလိုယောက်ကျားတွေဟာ ရိုးသားသူတွေမဟုတ်တတ်ကြဘူး။

ဒါကြောင့် သူတို့ကိုလက်တွဲမယ်ဆိုရင် လေးလေးနက်နက် လေ့လာဖို့ လိုလိမ့်မယ်။အပေါ်ယံအမြင်နဲ့
သူတို့ကို အကဲခတ်ဖို့ မလွယ်လှဘူးနော်။။ဆွဲဆောင်မူကြောင့် လိုက်ပါပြောင်းလည်းတတ်သူတွေက
တော့ အကဲခတ်ဖို့ သိပ်မခဲယဉ်းလှပါဘူး။သူတို့ဟာ သူတို့ပေါင်းသင်းဆက်ဆံနေသူတွေနဲ့ လိုက်
လျောညီထွေ ရှိနေတတ်တာမို့ တသီးတသန့် ထူးခြားမူ မရှိသူတွေပါပဲ။

သူတို့ဟာလည်း ပင်ကိုစရိုက်ကိုဖျောက်ပြီး ပတ်ဝန်းကျင်အခြေအနေအရ ပြောင်းလည်းနေထိုင်တတ်
သူတွေ ဖြစ်ကြတယ်။ သူတို့ကို လက်တွဲမယ်ဆိုရင်တော့ မိမိအပေါ် အမှန်တကယ် ကြင်နာမြတ်နိုးစွာ .
ချစ်ရိုးမှန်ရင် မိမိစိတ်တိုင်းကြ ပြုပြင်နေထိုင်သွားနိုင်မယ်လို့ထင်မှတ်ရတာပါပဲ။ဒါပေမဲ့ သမီးရေ……
.ပြောင်းလည်းတတ်သော ယောက်ျားတစ်ယောက်ဟာ အပြောင်းအလဲ မြန်တတ်တယ်နော်။ သူတို့ဟာ
 ရာသက်ပန် ရိုးမြေကျ ပြောင်းလဲခြင်းကင်းစွာ လက်တွဲသွားနိုင်သူတွေဖြစ်ပါ့မလား…..စဉ်းစားဦးနော်။
 (အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး နောင်ပြင်ရန် ခက်သည့် အမျိုး- တဲ့)


၃၅။ ဆွဲဆောင်မှုရှိသော ယောက်ျား

တချို့သောယောက်ျားတွေကတော့ ဆွဲဆောင်မှုရှိကြသူတွေပါ။
မိန်းခလေးတွေ နှစ်သက်စွဲမက်တဲ့ရုပ်ရည်ရှုပကာ ရှိကြသူတွေ ဆိုပါစို့။ သူတို့ရဲ့ မျက်လုံးတွေမှာ ညှို့ယူ
ဆွဲငင်နိုင်တဲ့ စွမ်းအားတွေ ထည့်သွင်းထားတတ်တဲ့ ယောက်ျားမျိုးတွေပေါ့။မျက်လုံးတွေမှ မဟုတ်ဘူး။
သူတို့ရဲ့မျက်နှာမှာလည်း အပြုံးတစ်မျိုးကို ဖန်တီးထားတတ်ကြတယ်။ ပြီးတော့ သူတို့ရဲ့ စကားသံကို
လည်း ပျော့ပျောင်းညင်သာအောင် စွမ်းဆောင်နိုင်ကြတယ်။ စူးရှတဲ့ အကြည့်၊နွေးထွေးတဲ့ အပြုံးနဲ့ နူးညံ့
တဲ့ အသံတွေဟာ သူတို့ရဲ့ ဆွဲဆောင်မှု စွမ်းရည်တွေပါပဲ။တချို့ကြတော့လည်း သူတို့ရဲ့ ဘဝပေါ့လေ။

သူတို့တည်ဆောက်ပိုင်ဆိုင်ထားတဲ့ ဘဝကို သာယာစိုပြေ ချမ်းမြေ့စေနိုင်မယ်လို့ ယုံကြည်ရတဲ့ ဆွဲဆောင်
မှုရှိနေတာမျိုးပေါ့။သူတို့ဟာ ဆွဲဆောင်မှု ရှိသူတွေဖြစ်လို့ သူတို့ကို တဖက်သတ် စိတ်ဝင်စားတဲ့ မိန်းခလေး
တွေ၊ စတင်ရင်းနှီးဖို့ ကြိုးစားလာတဲ့ မိန်းခလေးတေ၊ွ အရူးအမှုး စွဲလမ်းတတ်မက်မိတဲ့ မိန်းခလေးတွေ
အများကြီးရှိနေတတ်ကြတယ်။

အဲဒီအတွက် သူတို့ကလည်း ကျေနပ်နေတတ်ကြတယ်။ တည်ကြည်သူ မဟုတ်ရင်တော့ အဲဒီလို
ယောက်ျားတွေဟာ မိန်းမပွေသူ၊ ရည်းစားပေါသူ၊ မျက်နှာများသူတွေ ဖြစ်တတ်ကြတယ်။ ဒါမှမဟုတ်
အိမ်ထောင်ရေး ဖောက်ပြန်သူတွေ ဖြစ်တတ်ကြတယ်။ ခက်တာက မိန်းခလေးတွေ ကိုယ်တိုင်က
သူတို့ကိုနှစ်သက်စွဲလမ်းကြတာကိုး။။။ဒါကြောင့် ဒီလိုယောက်ျားမျိုးကို ရွေးချယ်မိသူဟာ စိတ်မချနိုင်ခြင်း
သံသရာမှာ လုံးချာလိုက်နေရတော့မှာပေါ့။ မိန်းမကြမ်း လုပ်ပြတတ်ရပြီး မခံနိုင်တဲ့ အဆုံးမှာတော့ ရန်ပွဲ
တွေရပ်၊ မျက်ရည်ခံထိုးရပြီပေါ့။ မရတဲ့အဆုံး လက်လွှတ် အရှုံးပေးလိုက်ရတဲ့အထိ ထိခိုက်နစ်နာနိုင်တာပေါ့
သမီးရယ်….။ (မိန်းမ မာယာ ဆိုပေမဲ့ ယောက်ျားတွေ မာယာပိုရင် လိုက်မမှီတော့ဘူးနော်)


၃၆။ ဘာသာမတူသော ယောက်ျား

သမီး လုံးဝရှောင်ကြဉ်အပ်သော ယောက်ျားအမျိုးအစားကတော့ ဘာသာမတူသော ယောက်ျားပဲ။
 မြန်မာပြည်မှာ မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိတာမို့သမီးရဲ့ ပတ်ဝန်း
ကျင်မှာသမီးနဲ့ဘာသာမတူတဲ့ ယောက်ျားတွေ အများကြီးရှိနေနိုင်ပါတယ်။(နိုင်ငံခြားတိုင်းပြည်မှာနေသူ
တွေမှာ ပိုပြီးတွေ့နိုင်မှာပါ) ဒါကြောင့်ယောက်ျားတစ်ယောက်ကို စတင်လေ့လာရမှာက ကိုးကွယ်တဲ့
ဘာသာပါပဲ သမီး…..။။။

ဘာသာအယူဝါဒတိုင်းဟာ ကိုးကွယ်ဆည်းကပ်သူအတွက် လိမ္မာယဉ်ကျေးအောင် သွန်သင်ပေးလေ့
ရှိတတ်စမြဲပါ။ ဘယ်ဘာသာကိုမှ အထင်သေး စော်ကားခြင်း မပြုမိပါစေနဲ့။ ဘာသာခြားမိတ်ဆွေ
သူငယ်ချင်းတွေကို ရင်နှီးချစ်ခင်စွာ ပေါင်းသင်းဆက်ဆံပါ။ ဒါပေမဲ့ ဘဝကြင်ဖေါ်အဖြစ်ကတော့ဘယ်
နည်းနဲ့မှ လက်တွဲဖို့မဖြစ်နိုင်ဘူး သမီးရေ….။ဘာသာအယူဝါဒ တစ်မျိုးဆီမှာ ရှိနဲ့ထားပြီးဖြစ်တဲ့ ဓလေ
့စရိုက်၊ အလေ့အထနဲ့ ကိုးကွယ်ယုံကြည်မူတွေဟာ တစ်မျိုးနဲ့တစ်မျိုး ဘယ်လိုမှ ရောယှက်ပေါင်းစပ်လို့
မရနိုင်ဘူး။တချို့ကပြောကြတယ်။ လက်တွဲကြမယ်။ ပြီးတော့ ကိုယ့်ဘာသာကို ကိုယ်ကိုးကွယ်ကြ
မယ်တဲ့။ မဖြစ်နိုင်တာပဲကွာ…….သမီးဇွတ် မလုပ်နဲ့ အစအဆုံး စဉ်းစားတတ်အောင်လုပ်ပါ။လက်ထပ်
တဲ့ ပထမ အဆင့်ကိုပဲ အရင်စဉ်းစားပါဦး။ ဘယ်လိုလက်ထပ်ကြမှာလည်း၊ မိဘချင်းပါပြသနာတက်ပြီ။

ဖြစ်ချင်ရာဖြစ် ဇွတ်တိုးကြမယ်ထား၊ သားချင်းတွေကို ကျောခိုင်းနိုင်ခြင်းဟာ ယာယီပဲဖြစ်မှာပေါ့။
အိမ်မှာရော ဘယ်လို ဘုရားစဉ်ထားမှာလည်း၊ မွေးလာတဲ့ သားသမီးတွေကောဘယ်ဘာသာကိုယုံကြည်
်ကိုးကွယ် ခိုင်းကြမှာလည်း။ ပဋိပက္ခတွေ ဖြစ်ရတော့မယ်လေ…။ဒါမျိုးဆိုတာ ဘာသာတရားကို ရိုသေ
လေးစားခြင်း မရှိသူတွေ ပြုမူတတ်တဲ့ မိုက်မှားမှုပါပဲ သမီး..။ပြည့်ဝသော သာယာမူကို မရရှိနိုင်တာမို့
ဆင်ခြင်တုံတရားနဲ့ ထိန်းချုပ်တတ်ပါစေ။ (ကြက် နဲ့ ဘဲ ပေါင်းစပ်သလိုပါပဲ။

ဲ၃၇။ ရှက်တတ်သော ယောက်ျား

တချို့သော ယောက်ျားတွေကျပြန်တော့ ရှက်လွန်းတတ်ကြပြန်ပါရောကွယ်။ ရှက်တတ်ခြင်း
 နှစ်မျိုးရှိလေရဲ့။ တစ်မျိုးကတော့ မဝံ့မရဲခြင်းကြောင့်ဖြစ်ပြီး တစ်မျိုးကတော့ ဂုဏ်သိက္ခာအတွက
် ဖြစ်တယ်။မဝံ့မရဲခြင်းကြောင့် ရှက်တတ်သူတွေကတော့ လူပြော့လူညံ့တွေပဲ။ သူတို့ကို ဦးမဆောင်နိုင်
သူအဖြစ် တွေ့နိုင်ပါတယ်။ နေရာတကာ ရှက်တတ်၊ ကြောက်တတ်တာမို့ လူတော မတိုးရဲသူတွေပေါ့။

ဆန္ဒမပြည့်ဝရင် ရှက်စရာဆိုတဲ့ အဆိုးမြင်အတွေးမျိုးနဲ့ မတောင်းခံရဲကြသူတွေပေါ့။ သူတို့ဟာ မကြွားဝါ
တတ်ပဲ ရိုးသားတတ်ကြပေမယ့် သတ္တိမရှိတဲ့ ယောက်ျားတွေမို့ အားကိုးထိုက်သူတွေ မဟုတ်ဘူးသမီး။
ဂုဏ်သိက္ခာကြောင့် ရှက်တတ်သူတွေကတော့ မာနကြီးလွန်းသူတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို
ထိခိုက်မှာ အင်မတန်ုစိုးရိမ် ကြောင့်ကြသူမျိုးတွေပေါ့။ သူတို့ဟာ သူတို့ဘဝတွေနဲ့ မအပ်စပ်ဘူးလို့ ယူဆ
သူတွေကို ဆက်ဆံရမှာ ရှက်တတ်ကြတယ်။ အဆင့်အတန်းခွဲခြားလွန်းပြီး မောက်မာတတ်ကြသူများ
 ဖြစ်တယ်။ လူတွေ ဝေဖန်ကဲ့ရဲ့ အပြစ်ပြောခြင်းခံရမှာ ရှက်တတ်ကြလွန်းတာကြောင့် အလွန်ဆင်ခြင်စွာ
 နေထိုင်လှုပ်ရှားတတ်ကြတယ်။
ရှက်တတ်သူတွေဟာ တကယ်တော့ တစ်ကိုယ်ကောင်းဆန်သူတွေဖြစ်တယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်
လွန်းသူတွေဖြစ်တယ်။ နည်းနည်းကလေးမှ အမှားမခံတတ်ကြပဲ မိမိဂုဏ်သိက္ခာကို ဘာနဲ့မှ မလဲနိုင်ဘူး
ဆိုတဲ့ ယောက်ကျားမျိုးတွေပါပဲ။ သူတို့ဟာ အရှက်နဲ့လူလုပ်နေကြသူတွေ ဖြစ်တယ်။

သူတို့ကို ဘဝခရီးဖေါ်အဖြစ် ရွေးချယ်မယ်ဆိုရင်တော့ အဲဒီမိန်းခလေးဟာ မိမိဘဝတည်ဆောက်ရေး
ထက် သူတို့ရဲ့ အရှက်တရားကို ထိန်းသိမ်းကာကွယ်ရင်း သူတို့အရေးကို ဦးစားပေးနိုင်သူ ဖြစ်ရလိမ့်
မယ် သမီးရေ…၊။ (အရှက်နဲ့ လူ့အသက်ရှင်နေရတာက မိန်းခလေးတွေပါ..သိလား

၃၈။ အစွဲအလမ်းကြီးသော ယောက်ျား.

တချို့သော ယောက်ျားတွေကြတော့လည်း အစွဲအလန်းကြီးလွန်းတတ်ကြပါတယ်။ ချစ်မိရင်လည်း
အရူးအမှုးပဲဆိုတဲ့ ယောက်ျားမျိုးတွေပေါ့။ အချစ်ကြောင့် ဘဝပျက်တဲ့အထိ ခံစားနာကျင်တတ်ကြသူ
မျိုးတွေပေါ့။ သူတို့ဟာ တစ်ယောက်ဆိုတစ်ယောက် မပြောင်းမလဲ စွဲလမ်းတပ်မက် မြတ်နိုးတတ်ကြ
သူတွေဖြစ်တယ်။ သံယောဇဉ်တွယ်မိပြီ ဆိုရင်လည်း လွယ်လွယ်နဲ့ဖြတ်နိုင်ခဲကြတယ်။ တစ်စုံတစ်ရာ
ဝါသနာပါပြီဆိုရင်လည်း တစိုက်မတ်မတ်အားထုတ်လေ့လာတတ်ကြတယ်။ အဲဒီဝါသနာဆိုတာဟာ
ကောင်းမွန်သော အလေ့အထဖြစ်ရင် တော်ပါရဲ့၊ မကောာင်းသော အမူအကျင့်ပေါ်မှာများ စွဲလမ်း
သွားခဲ့ရင်တော့ ဖြတ်မရတာနဲ့ ဒုက္ခရောက်ကြရမယ့်လူမျိုးတွေပေါ့ သမီးရယ်။ သူတို့ရဲ့ပတ်ဝန်းကျင်
ဟာ သူတို့အတွက် အလွန်အရေးပါလှတယ်လေ။ သူတို့ဟာ ဒါဆိုမှ ဒါပဲဆိုတဲ့ တမ်းတမ်းဆွဲတတ်သူ
တွေပဲ။သူတို့ယုံကြည်ဆွဲလန်းပြီဆိုရင် ဘယ်သူဖျက်ဖျက် မပျက်တော့ဘူးလေ။ သူတို့ရဲ့ဘဝကို
လေ့လာကြည့်ရင်လည်း တစ်နေရာတည်းမှာ ကျောက်ချနေတတ်ကြပြီး အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ
လုပ်တတ်ကြတာ တွေ့ရလိမ့်မယ်။ ငယ်ဘဝက သူငယ်ချင်းတွေကိုတောင် အဆက်အသွယ်မပျက်
် ခင်မင်တတ်ကြသူတွေပေါ့။အစွဲအလန်းကြီးလွန်းသူတွေမို့ ခံစားချက်ကို ဦးစားပေးတတ်သူတွေပါပဲ။

လွယ်လွယ်နဲ့မမေ့တတ်သူတွေ ဖြစ်ပြီး သူတို့ဟာ အလွမ်းဝေဒနာကို အလူးအလဲ ခံစားတတ်ကြတယ်။
သူတို့ကို လက်တွဲမိသူ မိန်းခလေးအနေနဲ့ အဆိုးအကောင်း ယှဉ်တွဲခံစားရလိမ့်မယ်။ သစ္စာခိုင်မြဲခြင်း
အတွက် ကြည်နူးရတတ်သလို မခွဲမခွါနိုင်အောင် စွဲလမ်းခြင်းအတွက်ကတော့ မိမိဘဝ တိုးတက်ရေး
ကြိုးပန်းမှုမှာ အနှောက်အယှက်တွေ ဝင်လာစေနိုင်တာ အမှန်ပဲ။(အကောင်းအဆိုး ဒွန်တွဲနေတာ
ဓမ္မတာပါ-

၃၉။ ရိုင်းပျသော ယောက်ျား

တချို့ယောက်ျားတွေကြတော့ အင်မတန် မိုက်ရိုင်းလွန်းတတ်ကြပြန်ပါရော သမီးရေ……။
စက်ဆုပ်ရွံရှာဖွယ်ကောင်းလောက်အောင် ရိုင်းပြလှတဲ့ ယောက်ျားမျိုးတွေ လောကကြီးမှာ အများ
အပြားရှိနေတတ်လေရဲ့ သမီးလေးရေ…….။

တချို့ကတော့ စကားပြော မိုက်ရိုင်းတတ်ကြတာပေါ့။ ဆဲရေးတိုင်းထွာမူကို ထမင်းစားရေသောက်သလို
 ပြုမူတတ်သူတွေပါပဲ။ မိမိပြောလိုက်တဲ့စကားတခွန်းကြောင့် တစ်ဖက်သားထိခိုက်နာကျင်သွားအောင်
တမင်သက်သက် မောက်မာရိုင်းစိုင်းစွာ ပြောချပြစ်လိုက်တာမျိုးလည်း ရှိတယ်။ တချို့ကတော့ ရိုင်
းပြခြင်းနုတ်ဝသီကို မဆင်ခြင်ပဲ ထွက်သွားတာမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် ခံလိုက်ရတဲ့သူအတွက်ကတော
့ နင့်ကနဲပါပဲ။

တချို့ကြတော့ အပြုအမူ ရိုင်းတာမျိုးလေ။ ဟီရိသြတ္တပတရားမရှိကြတဲ့ ယောက်ျားမျိုးတွေပေါ့။

ရိုသေကိုင်းရှိုင်းရမှန်းမသိတဲ့ လူမှုရေးညံ့ဖြင်းသူတွေ ဖြစ်တယ်။ သူတို့ဟာ လူရှေ့သူ့ရှေ့မရှောင်လုပ်ခြင်
ရာလုပ်ပစ်တတ်ကြတာမို့ သိက္ခာမဲ့သူတွေ ဖြစ်ကြတယ်။

တချို့ကြပြန်တော့ ပင်ကိုစိတ်ရင်းက ယုတ်မာတတ်တာမျိုးပေါ့။ တာဝန်မယူတတ်သူ၊ ခေါင်းရှောင်တတ်
သူ၊ သာပေါင်းညာစား ပစ်ပစ်ခါခါ လုပ်တတ်သူတွေပေါ့။သူတို့ဟာ ဆိုဆုံးမမူမရှိ (သို့မဟုတ်) နည်းပါးတဲ့
ပတ်ဝန်းကျင်က ဆင်းသက်လာသူ၊ တရားလွန် အလိုလိုက်ခြင်းခံခဲ့ရသူ၊ အားကိုးရှိသူနဲ့ ဗီဇမကောင်းသူ
တွေပေါ့။သူတို့ဟာ ဘဝကြင်ဖေါ်ကိုလည်း ဖူးဖူးမှုတ် ကြင်နာနေမဲ့ လူစားမျိုးတွေမဟုတ်ကြဘူးလေ။
အလိုမကျတာနဲ့ ရိုင်းပြစွာ ဆက်ဆံကြမှာပဲ။ ဒါကြောင့် သူတို့နဲ့လက်တွဲမိတဲ့သူဟာ ဘဝကိုစိတ်ဆင်းရဲခြင်း
နဲ့ တည်ဆောက်မိပြီး သိက္ခာကို မြောင်ထဲလွှင့်ပြစ်ထားရတော့မယ့် အဖြစ်ပါပဲ။( ဥက္ခာ တရားလက်ကိုင်
ထားတတ်လား

၄၀။ မိန်းမဆန်သောယောက်ျား

တချို့သော ယောက်ျားတွေက မိန်းမဆန်တယ် သမီးေ၇..။
 မိန်းမဆန်တယ်ဆိုလို့ မိန်းမတစ်ယောက်လို ဝတ်စားဆင်ယင်ပြီး မိန်းမစိတ်ပေါက်နေတာကို ပြောတာ
မဟုတ်ဘူး။များသောအားဖြင့် မိန်းမတွေလို အတင်းအဖြင်းပြောတတ်သူလို့ လူတွေသမုတ်ကြတယ်
မဟုတ်လား။

(စာကားချပ်- အတင်းအဖြင်းပြောတတ်သော မိန်းမညံ့တွေရှိလို့ မိန်းမတွေလို အတင်းအဖြင်းပြောတတ်
သူလို့ ခိုင်းနိုင်းရေးကြရတာ ။ တကယ်တော့ အတင်းအဖြင်းမပြောပဲ တချို့သောယောက်ျားတွေထက်
သာလွန်သော ကိုယ်ကျင့်တရားရှိသူ မိန်းမမြတ်တွေ လောကမှာတပုံတပင် ရှိတာ ဦးသိပါတယ်။
သမီးလေး…မိန်းမမြတ်ဖြစ်အောင် လေ့ကျင့်နေထိုင်ပါ။။။ မူရင်းစာမှာ မပါပါ)အဲဒီယောက်ျားမျိုးတွေဟာ
 အတင်းအဖြင်းပြောတတ်ရုံမက မဲ့မဲ့ရွဲ့ရွဲ့ ကဲ့ရဲ့တတ်ကြသူတွေပဲ။ ရပ်ကွက်ထဲမှာ မောင်းထုသူတွေပေါ့
ကွယ်။သဘောထားသေးသိမ်သူတွေဖြစ်ပြီး မိန်းမလို မိန်းမရ ပြောတတ်ကြတာ သူတို့ပါပဲ။ ယောက်ျား
စကားဆိုပေမယ့် မတည်တတ်တဲ့ သူမျိုးတွေပေါ့။ တချို့ယောက်ျားတွေဆိုရင် ကြောက်စရာကောင်း
လောက်အောက်ပဲ စိတ်ဓာတ်က အောက်တန်းကျလှတယ်။

မိန်းမဆိုတာ ယောက်ျားတွေကို နောက်ကျောကနေဓားနဲ့ထိုးမှ နိုင်ရတတ်တယ်ဆိုတဲ့ဆိုတဲ့သဘောမျိုးပေါ့။
မိန်းမဆန်တဲ့ ယောက်ျားတွေဟာ အားနည်းချက်ကိုရှာ၊ အခွင့်ကောင်းစောင့်၊ အကွက်ချောင်းပြီး ချောက်
တွန်းကြတတ်တယ်လေ။ ကတုံးအတိုက် လုပ်တတ်သူတွေပါပဲ သမီးရယ်။

အဲဒီလိုယောက်ျားမျိုးနဲ့ ဘဝတစ်ခုထူထောင်လိုက်ပြီဆိုရင်တော့ မိန်းမနေရာမှာ အကုန်ဝင်ပါတတ်ပြီး
တဖြစ်တောက်တောက် ပြောဆိုခြင်းကို ခံရလိမ့်မယ်။ သဝန်တိုတတ်သူတွေဖြစ်ပြီး မိန်းမနောက်က
 ခိုးကြောင်ခိုးဝှက် လိုက်ချောင်းရင်း ပြသနာရှာမယ့် အရေးကိုလည်း ခံနိုင်ရည်ရှိဖို့လိုမယ်။ သူတို့ဟာ
ကိုယ့်မိန်းမအတင်းပြောဖို့ကိုလည်း ဝန်လေးကြမယ့်သူတွေ မဟုတ်ဘူးလေ သမီးရေ……..။
(စကားချပ်…….. ကဲ သူငယ်ချင်တို့ရေ သမီးလေးတွေအတွက် ရေးရင်းကနေ ဒို့တွေအတွက်ပါ သင်ခန်း
စာယူစရာတွေပါနေပြီ။ ကိုယ့်သူငယ်ချင်းတွေရဲ့ စိတ်ဓာတ်ကကော ဘယ်လိုရှိကြလည်း။ တိုက်ဆိုင်တာ
တွေထဲက မကောင်းတာတွေ့ရင်၊ ပြင်စရာတွေတွေ့ရင် ပြင်နိုင်ကြပါစေ…….. ကိုယ့်ပတ်ဝန်းကျင်မှာ အဲလ
ိုယောက်ျားမျိုးတွေနဲ့ ဆက်ဆံနေထိုင်ရတာ လွန်စွာမှ စိတ်ညစ်ရပါတယ်။ကိုယ်တွေ့ပါ…။ အဆင့်တူ
ဝန်ထမ်းအချင်းချင်းကြားထဲမှာ ဖြစ်တတ်တဲ့ စိတ်ဓာတ်ပါ။ လက်ထပ်အတူနေရမဲ့ မိန်းခလေးအတွက်
ကတော့ ……… သမီးရေ ဝေါင်ဝေါင်ရွှေး--ဝေးဝေးရှောင်ပါကွယ်)။

၄၁။ ကျေးဇူးသိသောယောက်ျားကျေးဇူး

သိတတ်ခြင်းဆိုတာ မင်္ဂလာတစ်ပါးပါပဲ သမီးရေ…။ အဲဒီစိတ်ဓာတ်မျိုးကို မွေးမြူနိုင်သော ယောက်ျားမျိုး
ကိုတော့ လူတော်တွေလို့ သတ်မှတ်သင့်တာပေါ့။

သူတို့ဟာ မိဘကျေးဇူး၊ ဆရာသမားဂုဏ်ကျေးဇူးနဲ့ မိမိအပေါ် ကူညီစောင့်ရှောက် အားပေးချီးမြှောက်ခဲ့
သူတွေရဲ့ ကျေးဇူးမှန်သမျှကို မမေ့လျှော့တတ်သူတွေ ဖြစ်တယ်။ ကျေးဇူးတရားကိုအောင့်မေ့တာ
ကျေးဇူးရှင်ကို ရိုသေလေးစားစွာနဲ့ ကျေးဇူးဆပ်ဖို့ ကြိုးစားတတ်ကြလေရဲ့။ကျေးဇူးသိတတ်လွန်းသူတေ
ွဟာ သူတို့ရဲ့လိုအင်ဆန္ဒတွေကိုတောင် မျိုသိပ်ချိုးနှိမ်ရင်း ကျေးဇူးတုန့်ပြန်မူကို အထူးပြုတတ်ကြတယ်။
ကျေးဇူးရှင်အတွက်စွန့်လွှတ်အနစ်နာခံခြင်းတွေ၊ နောက်ဆုတ် အလျော့ပေးခြင်းတွေ၊ ပြုတတ်ကြတယ်။

အဲဒီလိုယောက်ျားမျိုးကို ဘဝရဲ့လက်တွဲဖေါ်အဖြစ် ရွေးချယ်မယ်ဆိုရင်တော့ သူတို့ရဲ့ဘဝကို အရင်လေ့
လာကြည့်သင့်ပါတယ်။သူ့မှာ ကျေးဇူးထောက်ထားရမှာတွေ၊ ကျေးဇူးမကင်းရာ မကင်းကြောင်းတွေ
ဘယ်လောက်များ ရှိနေသလဲဆိုတာ သိထားသင့်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီကျေးဇူးဆိုတာ
ဟာ နှစ်ဦးဘဝတည်ဆောက်ရာမှာ အနှောင်အဖွဲ့တွေ ဖြစ်လာတတ်လို့ပါ။

မိမိကိုယ်တိုင်ကသာ သူ့အပေါ်မှာ ကျေးဇူးတစ်စုံတစ်ရာ ရှိထားနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်
သာယာနိုင်တဲ့ဘဝမျိုးကို ပိုင်ဆိုင်ရလိမ့်မယ်။ဒါမှမဟုတ်ရင်တော့ သူတို့ရဲ့ ကျေးဇူးသိတတ်ခြင်းနဲ့ ကျေးဇူး
ဆပ်ခြင်းများအတွက် မိမိမှာ စိတ်အနှောင့်အယှက် ဖြစ်ရတတ်တယ်လေ။ သူတို့ကို တစ်ကိုယ်ကောင်းဆန်
သူတွေအဖြစ် အပြစ်မြင်လာမိပြီဆိုရင်တော့ဘယ်မှာ ချမ်းမြေ့သာယာနိုင်ပါတော့မလည်းကွယ်။

(အေးအတူ ပူအမျှ- အပေးအယူ သူနဲ့…လုပ်နိုင်ရင် …၊) 


၄၂။ စိတ်ကူးယဉ်ဆန်သော ယောက်ျား

တချို့သောယောက်ျားတွေဟာ စိတ်ကူးယဉ်တတ်သူတွေဖြစ်တယ်။ စိတ်ကူးယဉ်ခြင်းဆိုတာ အနာဂါတ်ကို
 မျှော်မှန်းခြင်းတမျိုးဖြစ်တယ်။ စိတ်ကူးယဉ်သူတွေဟာ လက်တွေ့လုပ်ဆောင်မူထက် ကံတရားကို အားကိုး
သူတွေဖြစ်ကြတယ်။ သူတို့ဟာ လေထဲမှာ တိုက်အိမ်ဆောက်ကြသူမျိုးတွေပါပဲ။


စိတ်ကူးအတိုင်း လက်တွေ့ကြိုးစား အကောင်အထည်ဖေါ်တတ်သူတွေလည်း အနည်းအကျဉ်းတော့ရှိပါတယ်။
ဒါပေမဲ့ သူတို့ဟာ သူတို့ရဲ့ စိတ်ကူးယဉ်အိမ်မက်တွေထဲကလို တကယ်ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျဆင်းခြင်း
ဝေဒနာကို ခံစားတတ်ကြပြန်တယ်။စိတ်ကူးယဉ်သမားတွေဟာ နူးညံ့သိမ်မွေ့ကြသူတွေတော့ဖြစ်တယ်။ ဒါပေမဲ့
ပျော့ညံ့တဲ့ယောက်ျားမျိုးတွေပေါ့။ သူတို့က ပြည့်စုံခိုင်မာတဲ့ဘဝကို မရရှိခဲ့ကြသူတွေလည်းဖြစ်တယ်။ ချမ်းမြေ့
သာယာတဲ့ ဘဝတွေကို အားကျနေတတ်ပြီး မိမိဘဝ ရပ်တည်မှုအပေါ် မကျေနပ်နိုင်သူတွေဖြစ်တယ်။အဲဒီလို
ယောက်ျားမျိုးတွေဟာ ဘယ်မှာဦးဆောင်နိုင်သူဖြစ်လာပါ့မလဲ။ ကံတရားကိုမှ ယုံကြည်ကိုးစားသူ ဖြစ်လို့
သူတို့အပေါ်အားကိုးမျှော်လင့်ဖို့ဆိုတာဘယ်လိုဖြစ်နိုင်တော့မှာလည်း။တစ်ခါတစ်လေ သူတို့ဟာ စိတ်ကူးယဉ်
ဇာတ်လမ်းတွေဆင်ပြီး ဘဝကို မရိုးမသားဖြေသိမ့်တတ်ကြသေးတယ်။မိမိဘဝကို တိုးတက်မြင့်မားအောင်
 ကြိုးစားတတ်တဲ့ မိန်းမသားအတွက်တော့ သူတို့ဟာ စွဲမက်လောက်စရာ ယောက်ျားတွေ မဟုတ်ကြပါဘူး။
 ဒါပေမဲ့ သူတို့အပေါ် ကြင်နာသနားစွာ ချစ်ခင်တွယ်တာ သွားခဲ့မိရင်တော့ သူတို့ရဲ့စိတ်ကူးတွေကို ပုံဖေါ်ပေး
နိုင်သူဖြစ်ဖို့ လိုအပ်တာပေါ့နော်။ ဒါမှလည်း သူတို့ရဲ့ အင်အားတွေနဲ့တက်ကြွမူတွေကို ရှင်သန်လာစေနိုင်မှာ
 မဟုတ်လား၊။( မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတာလို….. လေ့ကျင့်ထားပေါ့)

၄၃။ လုပ်ဖေါ်ကိုင်ဖက် ယောက်ျား-

သမီးရဲ့ပတ်ဝန်းကျင်မှာရှိနေမယ့် ယောက်ျားမျိုးတွေ (သို့မဟုတ်)အတူနေငယ်သူငယ်ချင်းတွေ ကို လုပ်ဖေါ်
ကိုင်ဖက်တွေလို့ ဆိုကြပါစို့ သမီးရေ။ လုပ်ငန်းခွင်တစ်ခုတည်း အသက်မွေးမှု တစ်မျိုးတည်း၊ ရည်မှန်းချက်
တစ်လမ်းတည်း ရှိနေတတ်သူမျိုးပေါ့။ သမီး…အထူးလေ့လာအကဲခတ်စရာ မလိုလောက်အောင် ရင်းနှီး
ကျွမ်းဝင်သူမျိုးတွေ ဆိုပါစို့။

သူတို့ဟာ သမီးဘဝ၊ သမီးစရိုက်၊ သမီးစိတ်ဓါတ်နဲ့သမီးခံယူချက်တွေကို နားလည်ပြီးသူတွေ ဖြစ်သလို
သမီးကလည်း သူတို့နဲ့ပတ်သက်သမျှ လုံးဝဥသုံသိရှိထားသူဖြစ်တယ်။ သူတို့ရဲ့အားနည်းချက်ကို ကိုယ်
ကသိထားသလို၊ ကိုယ့်ရဲ့ ချွတ်ယွင်းချက်ကိုလည်း သူတို့က သိနေတယ်။လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တာမို့
အချင်းချင်း ကူညီရိုင်းပင်း အကြံပေး လက်တွဲကြသူတွေပဲပေါ့။တစ်ယောက်အကြောင်းတစ်ယောက် သိနား
လည်ထားကြသူတွေမို့ လျှို့ဝှက်ချက် မရှိသလို စာနာခွင့်လွှတ်ကျင့်ဆိုတာလည်း ရှိထားနှင့်ကြပြီးသူတေ
ွပဲလေ။ ခွဲဝေခံစားတတ်ကြသူတွေဖြစ်ပြီး ယုံကြည်စိတ်ချသူတွေလည်း ဖြစ်ကြတယ်မဟုတ်လား။အဲဒီလို
ယောက်ျားမျိုးက ဘဝကြင်ဖေါ်အဖြစ် လက်တွဲခွင့်ကိုပါ တောင်းခံလာမယ်ဆိုရင်တော့ သူတို့ဟာမငြင်း
ပယ်သင့်သူတွေလို့ ထင်ပါတယ်။ ဘဝချင်းကလည်း ပြောပလောက်အောင် ခြားနားသူတွေ မဟုတ်ကြ
တာမို့ “က” နဲ့ “က” ပေါင်းခြင်း အဖြေဟာ “၂က” ဆိုတာပဲ ဖြစ်ရမှာမဟုတ်လား။ မျိုးတူချင်းဟာပေါင်း
သင်းဆက်စပ်လို့ အလွယ်ဆုံးပါပဲ သမီးရယ်……။

( ငယ်ကျွမ်းဆွေတွေဆိုတော့ ပိုကောင်းတာပေါ့)

၄၄။ လောင်းကစားတတ်သော ယောက်ျား

လောင်းကစားတတ်တဲ့ ယောက်ျားတွေကျပြန်တော့ ရှောင်ကြဉ်စရာ ဖြစ်ရပြန်ပါရော သမီးရေ…၊၊။
သမီးလေး ယောင်လို့များ အရွေးမှားမသွားစေနဲ့။ တစ်သက်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရပါလိမ့်မယ်။
လောင်းကစားခြင်းဟာ ဥပဒေနဲ့လည်း မကင်းလွှတ်သလို တည်မြဲတဲ့ပိုင်ဆိုင်မူကိုလည်း မပေးတတ်ပါဘူး။
 ဒါပေမဲ့ စွဲလမ်းသွားအောင် ဖြားယောင်းနိုင်တဲ့ဆွဲဆောင်မူတစ်မျိုးတော့ဖြစ်တယ်။ လက်ကြောမတင်းသ
ူတွေရဲ့ ဝါသနာပါပဲလေ။ တချို့များဆို လောင်းကစားမလုပ်ရပဲ မနေနိုင်တဲ့အထိ အစွဲကြီးစွဲနေတတ်ကြ
တယ်။သူတို့ရဲ့ဘဝဟာ ဘယ်တော့မှ တောက်ပြောင်လာကြမှာ မဟုတ်ပါဘူးကွယ်။ ရတဲ့အခါ မော်
လိုက်ကြွားလိုက်၊ သုံးလိုက်ဖြုန်းလိုက်နဲ့ ကုန်သွားတဲ့အခါ ရှိတာတွေ ပေါင်နှံထုတ်ရောင်း၊ မတည်ငြိမ်
မခိုင်မာတဲ့ ဘဝမျိုးနဲ့ ယောက်ျားတွေပါ။ နှဲသမားပါးလို ပိန်လိုက်ဖောင်းလိုက် ဘဝမျိုးတွေပါပဲ။
သူတို့ဟာ စာရိတ္တချို့ယွင်းသူတွေ ဖြစ်နေတတ်ကြတယ် သမီးရေ။ လောင်းကစားမူနဲ့ အသက်မွေးသူ
တွေဆိုရင် ဘယ်သူကများ အထင်ကြီးလေးစားမှာလည်း။ မသန့်စင်တဲ့ ဝင်ငွေနဲ့ ရပ်တည်နေတဲ့
ဘဝမျိုးကို သမီးမတပ်မက်မိပါစေနဲ့၊ ဟိုလူကြောက်ရ၊ သည်လူ ပံ့ပိုးရနဲ့ ကျီးလန့်စာစားဘဝမျိုးကို
ထက်မြက်အောင်မြင်လိုသူမိန်းမသားတစ်ယောက်အနေနဲ့ အားမကျသင့်ဘူးနော်။

မိမိဘဝရဲ့ လက်တွဲဖော်ဟာ ဝင်ငွေမများသူ ဖြစ်ချင်ဖြစ်ပါစေ။ မှန်ကန်သောနည်းလမ်းနဲ့ ကြိုးစားရုန်းကန်
 ရှာဖွေတတ်သူဖြစ်ဖို့သာ လိုပါတယ်။ အဲဒါကတော့ လောင်ကစားတတ်သူနဲ့ လောင်းကစားမူနဲ့ အသက်
်မွေးသူတွေ လုံးဝမဟုတ်တာ သေချာတယ် သမီးရေ…။

မှတ်ချက်။ ။ မိန်းခလေးတွေကိုတိုင်က လောင်းကစားလုပ်တာတွေ မလုပ်မိပါစေနဲ့။
(ထီထိုးတာကအစချဲထိုး၊ ဖဲရိုက်၊ ဂိမ်းကစားတာတွေပါ၊ မြန်မာပြည်မှာတော့ ချဲထိုးတာပေါ့။)

၄၅။ တေးမှတ်တတ်သော ယောက်ျား

တချို့သော ယောက်ျားတွေကတော့ အငြိုးအတေးထားတတ်ကြသူတွေဖြစ်တယ်။ အာဃာတကြီးမားပြီး
လက်စားချေတတ်တဲ့ ယောက်ျားမျိုးတွေပေါ့ကွယ်။ ရုတ်တရက် မမြင်သာတတ်တာမို့ ရွေးချယ်မူတွေကို
သေသေချာချာ ဂရုပြုဖို့ သတိပေးချင်တယ် သမီးရယ်…..။သိသာထင်ရှားတာကတော့ သူတို့ဟာ မာနကြီး
တဲ့ယောက်ျားတွေပဲဆိုတာပါပဲ။ သူတို့ဟာ အကြောင်းအရာတစ်ခုအပေါ်မှာ ချက်ချင်းပေါက်ကွဲတတ်သူ
တွေ မဟုတ်ကြဘူးလေ။

မြိုသိပ်ဖုံးကွယ်ထားပြီးမှ အကွက်ကောင်းစောင့် အလဲထိုးတတ်ကြသူမျိုးပေါ့။ သူတို့ဟာ သွေးအေးသော
ယောက်ျားမျိုးလည်း ဖြစ်တတ်တယ် သမီး။ပြီးတော့ သူတို့ဟာ ဟန်ဆောင်တတ်သူတွေဖြစ်တယ်။
လိမ်ညာတတ်သူတွေ ဖြစ်တယ်။ ရက်စက်တတ်သူတွေ ဖြစ်တယ်။ မငဲ့ကွက်တတ်သူတွေ ဖြစ်တယ်။
 အမှတ်သည်းခြေကြီးလွန်းသူတွေမို့ သူတို့ခံစားရရင် လွယ်လွယ်နဲ့ မပြေနိုင်ကြသူတွေပါပဲ။ “မင်းတ
စိမ့်စိမ့် နောင်တ ရစေမယ်” ဆိုတဲ့ ကြီမ်းဝါးမှုမျိုးနဲ့ ကလဲ့စားချေတတ်သူတွေပေါ့။။။သူတို့ဟာ ဘာမ
ဟုတ်တာကလေးလို့ ယူဆရတဲ့ အကြောင်းအရာလေးတွေကိုတောင် စုထားတတ်ကြတယ်။ အကွက်
်ဝင်လာတဲ့အခါ အချက်ကျကျ ချေပတုံ့ပြန်တတ်ကြလေရဲ့။အဲဒီလိုယောက်ျားမျိုးကိုသာ လက်တွဲမိခဲ့
ရင်တော့ လက်တုံ့ပြန်မူ၊ လက်စားချေမှုတွေနဲ့ ရင်ဆိုင်ရတော့မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
အချစ်ကြီးသလောက် အမျက်ကြီးပြီး ချစ်မိရင်လည်းအသည်းစွဲ၊ မုန်းမိရင်လည်း အရိုးကွဲမတတ် နှိပ်
စက်ရက်စက်သူတွေမို့ပါပဲ သမီးရယ်..။
( အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုပေမဲ့ တစ်ကယ်ချစ်ရင် ခွင့်လွှတ်နိုင်တယ်တဲ့)

၄၆။ သတ္တိရှိသောယောက်ျား

တချို့သောယောက်ျားတွေကတော့ သတ္တိသိပ်ရှိကြတာပေါ့ကွယ်။ သတ္တိကောင်းကြသူတွေပေါ့။
သတ္တိဆိုတာ ရဲရင့်ခြင်းပါပဲ သမီး။ လုပ်ရဲကိုင်ရဲ၊ ပြောရဲဆိုရဲ၊ သွားရဲလာရဲ၊ စွန့်စားရဲသူတွေမို့
ယောက်ျားပီသသော ယောက်ျားလို့ ဆိုနိုင်သူမျိုးတွေပါပဲ။သူတို့ဟာ ကြောက်ရွံ့တွန့်ဆုတ်ခြင်း
မရှိတတ်သူတွေဖြစ်တယ်။ တာဝန်ကိုလည်းသိကြတယ်။ နောက်ကွယ်က လက်သီးပုန်းထိုးတတ်
သူတွေ မဟုတ်ကြဘူး သမီး။ များသောအားဖြင့်တော့ သူတို့ဟာ အပြစ်နည်းကြသူတွေဖြစ်တယ်။
မှန်ကန်သူတွေဟာ သတ္တိရှိကြစမြဲပဲလေ။


တချို့များဆို အမှားကိုတောင် ဝန်ခံရဲသည်အထိ သတ္တိရှိကြတယ်။ တောင်းပန်ရမှာကိုလည်း
ဝန်လေးတတ်ကြသူတွေပဲ။ သူတို့ဟာ ရဲဝံ့ကြသူတွေဖြစ်တာမို့ ဦးဆောင်နိုင်သူ၊ ခေါင်းခံရဲသူ၊
ဘဝကြင်ဖော်ရဲ့ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနိုင်သူတွေဖြစ်တယ်။သူတို့ရဲ့ ဘဝဟာလည်း
ဦးစီးနေရာမျိုးမှာ ရှိနေတတ်ပါတယ်။ မှန်ရာကိုတင်ပြရမှာ သတ္တိရှိကြသူတွေမို့ သူတို့ဟာ ရိုးသား
သူတွေလည်းဖြစ်တယ်။ လက်အောက်ငယ်သားတွေရဲ့ လေးစားကြည်ညိုခြင်းကို ခံရသူတွေ
လည်းဖြစ်တယ်။

အဲဒီလိုယောက်ျားမျိုးကို လက်တွဲဖေါ်ဖြစ်လိုသူဟာ သူရဲ့မဟုတ်မခံစိတ်ဓါတ်ကလေးကို ထိန်းချုပ်ပေး
ဖို့ လိုလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သတ္တိရှိခြင်းရဲ့ အပိုင်းအစဖြစ်သော မခံခြင်စိတ်ဆိုတာဟာ
 ဘဝရဲ့ တိုးတက်မှုတွေကို နှောင့်နှေးစေတတ်လို့ပါပဲ။ သည်းခံတတ်ဖို့ လေ့ကျင့်ပေးရမယ်လေ။။။
(မိန်းမပြောရင် တစ်ည….ဆိုတော့ )

၄၇။ ခံနိုင်ရည်မရှိသောယောက်ျား 

 တချို့သောယောက်ျားတွေကျတော့လည်း ခံနိုင်ရည် လုံးလုံးမရှိတတ်ကြပြန်ဘူး သမီးရေ…။
အဲဒါကြောင့် သူတို့ဟာလောကကို ရင်မဆိုင်ရဲကြသူတွေဖြစ်တာပေါ့။ သူတို့အပေါ် အပြစ်တင် ဝေဖန်
လာမှာကို နည်းနည်းကလေးမှ မခံနိုင်ကြသူတွေပါကွယ်။သူတို့ဟာ ဆင်းရဲခြင်းဒုက္ခကိုလည်း ခံစားနိုင်
ခြင်းမရှိဘူး။ သောကကိုထွက်ပေါက်ရှာခြင်းနဲ့ ဖြေသိမ့်တတ်ကြသူတွေပေါ့။ သူတို့ဟာ ချမ်းသာခြင်းသုခ
ကိုလည်း မခံစားတတ်ကြပြန်ဘူး။ တရားလွန် ပျော်ပါးမူတွေနဲ့လွန်ထွက်ကြပြန်တယ်။

ရှုံးနိမ့်ခြင်းအပေါ်မှာ ကြေကွဲစွာ နာကျင်ပေါက်ကွဲတတ်ကြပြီး အောင်မြင်မူအပေါ်မှာလည်း စိတ်ကြီးဝင်ကာ
မာန်မာန ထောင်လွှားတတ်ကြတယ်။ မပြည့်ဝတဲ့ ယေက်ျားတွေပေါ့ သမီးရယ်။ခံနိုင်ရည်မရှိတဲ့ ယောက်ျား
တစ်ယောက်ကို ဘယ်လိုများ အားကိုးယုံကြည်လို့ရမှာလည်း။ သူဟာ လက်တွဲဖေါ် မိန်းမသားအတွက်
အရိပ်မိုးပေးနိုင်သူ ဖြစ်မှမဖြစ်နိုင်တာပဲလေ။ မျှဝေခံစားတတ်သူလည်း မဟုတ်တာကြောင့် အဲဒီလိုယောက်ျား
မျိုးကို ဘဝခရီးဖေါ်အဖြစ် မရွေးချယ်အပ်ဘူးလို့ သတိပေးချင်တယ်။

လေတိုက်တိုင်း ကြွေနေတဲ့သစ်ပင်ဟာ ဘယ်မှာလာပြီး လှပနိုင်ပါ့မလဲ။ အဲဒီလိုပဲ ခံနိုင်ရည်မရှိသူတွေဟာ
သူတို့ရဲ့ဘဝကို ဘယ်လိုမှ လှပခိုင်မာအောင် မတည်ဆောက် နိုင်ကြဘူးလေ။ အမြင့်ကို ရောက်လေလေ
လေတိုက်ခံရလေ ဆိုတဲ့သဘောကြောင့် လေတိုးမှာစိုးရွံ့တတ်သူတွေရဲ့ဘဝဟာ ဘယ်မှာအမြင့်ကို
ရောက်နိုင်တော့မှာလဲ သမီးရယ်……။( မောင့်တစ်မျက်နှာ တစ်ကမ္ဘာထင်ပြီးတော့ ရင်မဆိုင်နဲ့

၄၈။ အနုပညာရှင်ယောက်ျား

သည်လိုယောက်ျားတွေကတော့ စွဲမက်နှစ်သက်စရာကောင်းသလို သည်းခံနားလည်နိုင်စွမ်းမရှိရင်လည်း
 လက်တွဲရန် မသင့်လျော်သူတွေပါပဲ။ အနုပညာရှင်ဆိုရာမှာလည်း အမျိုးမျိုးကွဲပြားနေတတ်ပါသေးတယ်။
ဒါပေမဲ့ သူတို့အားလုံးရဲ့ ရင်ထဲမှာတော့ ကူးယူခံစားတတ်သော နူးညံ့နွေးထွေသော နှစ်လုံးသားတွေရှိကြ
လေရဲ့၊။ သူတို့ရဲ့ အသွေးအသားတွေဟာလည်း ခံစားချက်နဲ့ ဖွဲ့တည်ထားခဲ့ကြတယ်လေ။သူတို့ဟာ နိမ့်
ဆင်းမြင့်တက် သံသရာမှာ ကျင်လည်နေကြသူတွေဖြစ်ပြီး သူတို့ဘဝကို တည်မြဲအောင် ထိန်သိမ်းနိုင်သူ
အင်မတန်ရှားပါးလှတယ်။ အနုပညာသမားတစ်ယောက်ရဲ့ဘဝဟာ မတည်ငြီမ်နိုင်တာ အမှန်ပါပဲ။သူတို့ဟာ
 ကိုယ့်ကိုကိုယ် မပိုင်ကြဘူး သမီး။ သူတို့ဟာ အနုပညာနဲ့ အရင်းအနှီးပြုပြီး ဘဝရပ်တည်သူ လုံးလုံးဖြစ်ခဲ့
ရင် သူတို့ရဲ့ဘဝကို ပရိတ်သတ်ကသာ ပိုင်ဆိုင်လိမ့်မယ်။ သူတို့ရဲ့ လက်တွဲဖေါ်ဟာ သူတို့ဘဝကို စိုးမိုးပိုင
်နိုင်သူ ဘယ်လိုမှဖြစ်လာမှာ မဟုတ်ဘူး။သူတို့ဟာ ကိုယ်ပိုင်ခံစားချက်ကို ဦးစားမပေးနိုင်ကြသလို မိသားစ
ုတာဝန် ကျေပွန်ဖို့ကိုလည်း အချိန်ပေးနိုင်ကြမှာ မဟုတ်ဘူး။ သူတို့ရဲ့ဘဝကို အနုပညာပင်လယ်မှာ
 နစ်မြုပ်ထားတတ်သူတွေမို့ လူမူရေးနယ်မြေမှာ အားနည်းတတ်ကြတယ်။အဲဒီတော့ အနုပညာရှင်ယောက်ျား
ကို အနုပညာအပေါ် နာလည်ခံစားတတ်သူ ဖြစ်မှသာ ရွေးချယ်သင့်တယ် သမီးရေ….။ ဒါတောင်မှပဲ
သူ့အပေါ် ယုံကြည်စိတ်ချ ခွင့်လွှတ်ပေးနိုင် အတော်လေးကြိုးစားရဦးမယ်။ ပြီးတော့လည်း သူရဲ့ လက်တွဲ
ဖေါ်ဖြစ်ခဲ့ရင် သူ့ပရိတ်သတ်ရဲ့ စိတ်ဝင်စားစွာ အကဲခတ်ဝေဖန်မူတွေအပေါ် ခံနိုင်စွမ်းရည် ရှိရမယ်နော်။
လွယ်မယ်တော့ မထင်လိုက်လေနဲ့။

( စရိုက်မတူရင် ပေါင်းမရဘူး)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့