Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 April 2012

“ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်”..

““““““သူရယ်ကျွန်တော်ရယ် နှစ်ဦးသားဆုတောင်းလေးတွေရှိခဲ့ပါရဲ့ ဘာကြောင့်များဖြစ်မလာခဲ့တာလဲနော်..
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်..သူရယ်ကျွန်တော်ရယ်ဝေးဖို့ရာအကြောင်းမရှိမှာ
သေချာပါသည်..သူရယ်ကျွန်တော်ရယ် အကြိမ်များစွာဆုတောင်းပါလျက်နဲ့ ဘယ်အကြောင်းကြောင့်ဝေးကြပါသလဲဗျာ..ဆုတောင်းတွေသာပြည့်ခဲ့မယ်ဆိုရင်ပေါ့
ဒီလိုဆုတောင်းလေးတွေသာပြည့်ခဲ့မယ်ဆိုရင်လေဘယ်လောက်ကောင်းမလဲနော်..
ဒါပေမဲ့ဖြစ်မလာခဲ့ပါ..ဗျာ..သူရယ်ကျွန်တော်ရယ်..တူတူဆုံဆည်းပါရစေလို့ကြိုက်ထီးရိုး..
ဆံတော်ရှင်မှာဆုတောင်းဖူးသည်....ရသေ့တောင်ဘုရားမှာဆုတောင်းပြုဖူးသည်..
ကင်မွန်းစခန်းမှာ..ထမင်းစားရင်တူတူဆုတွေတောင်းဖူးသည်..
ဒီဘ၀ပေါင်းရပါစေလို့လည်း..ရွှေတိဂုံ စေတီတော်ကြီးမှာတောင်းဆုပြုခဲ့ဖူးသည်..ကန်တော်ကြီးလည်းသိပါသည်..
ဗိုလ်တထောင်ဘုရားမှာလည်းဆုခြွေဖူးသည်..မုဒုံလျောင်းတော်မုဘုရားမှာလည်း..
ဆုတောင်းဖူးသည်..ကျိုက်သလ္လာန်ဘုရားမှာလည်းဆုတောင်းဖူးသည်......
ကျိုက်မရောဘုရားမှာဆုတောင်းဖူးသည်..စက်စဲ သောင်ယံသိခဲ့ဖူးသည်..
ရေလယ်ကျောက်တန်းဘုရားမှာဆုတောင်းဖူးသည်..အလံတစ်ရာဘုရားကြီးလည်းသိပါသည်..
မှဲ့ရှင်ဘုရားမှာခေါင်းလောင်းထိုးရင်းတူတူဆုတောင်းဖူးပါသည်....
ကျိုက္ခမီ ဘုရားမှာလည်းဆုတောင်းဖူးသည်....ရွှေတောင်စားဘုရားမှာ ဆုတောင်းဖူးသည်..
ရှင်မုတ္ထီးဘုရားမှာတောင်းဆုခဲ့ဖူးသည်...ရှင်တောင့်ပုံမှာ ဆုတောင်းဖူးပါသည်..
လောကသရဖူလျောင်းတော်မူ ဘုရားကြီးမှာဆုတောင်း ခဲ့ဖူးပါသည်....တူတူလက်တွဲနိုင်ရန်ပေါ့...ဗျာ..
မောင်းမကန်ကမ်းခြေ သိပါသည်....ရှန်တောင်ဘုရား မှာဆုတောင်းဖူးသည်...
ရှင်ဇလွန် ဘုရားမှာ ဆုတောင်းပြုဖူးသည်......ဒီလိုလေးနဲ့ပဲ့...သူရယ်ကျွန်တော်ရယ်..ဆုံဆည်းလိုကြောင်း..
ပေါင်းဖက်ရလိုကြောင်း...ရွှေလက်တွဲရလိုကြောင်း..အခါခါ များစွာ ဆုတောင်းပြုခဲ့ပေမဲ့လည်း..မနီးစပ်ခဲ့တာ...ကျွန်တော်ကပဲ့ကံမကောင်းခဲ့လို့လား..
ဆုတောင်းပဲ့မပြည့်ခဲ့လို့လား..ချစ်နေပါရက်နဲ့ ဘာအကြောင်းတရားတွေကြောင့်..
ဝေးသွားခဲ့ကြတာလဲ....အဲလိုအကြိမ်ကြိမ် ခါခါဆုတောင်းလေးတွေထဲမှာတော့..
တခါလေးလောက်တော့ ဆုတောင်းပြည့်ထိုက် ပါရဲ့...ဗျာ..
အခုဆို...ကျွန်တော်ရယ်သူရယ်..နေသားတကျနဲ့ရှိနေကြပြီလေ....“““““
““သူလည်းသူ့ဘ၀လေးနဲ့..သူ့မိသားစုလေးနဲ့ရှိနေပြီလေ...ကျွန်တော်လည်း..တယောက်တည်း
ဘ၀လေးနဲ့နေလာခဲ့တာ ( ၁) နှစ် ကျော်နေပါပြီ .... ကျွန်တော်မှာလည်း.. ချစ်ရသူ လေးတယောက်  ရှိနေပြီ...ဗျာ.. ထင်ထားမိ ရုံလေးပါ..မသေချာသေးပါဘူး.....အားလုံးဟာဒီအတိုင်းလေးပဲ့ရှိပါစေတော့ဗျာ““““““
  • “““သူရယ်ကျွန်တော်ရယ် မနီးစပ်ရသလိုမျိုး.. မပေါင်းဖက်ရသလိုမျိုး..လက်မတွဲကြ ရသလိုမျိုး.....ကျန်သောသူများ တခြားသောသူများ......ညီစုရဲ့ဘ၀လေးလိုမဖြစ်ကြပါစေနှင့်..ကြုံခွင့်ဆုံဆည်းခွင့်လေးရကြပါစေ..
  • တူတူလက်တွဲနိုင်ပါစေ.. ဝေးရတဲ့သူတိုင်းနီးခွင့်ကြုံ ပါစေ.... မုန်းကြသူတွေလည်း အငြိုးတွေ ပြေကြပါစေ...လွမ်းသမားတွေလည်း. ..ပျော်ရွှင်နိုင်ပါစေ.....ဆုတောင်းတိုင်းလည်း ပြည့်ကြပါစေ...ဗျာ... ညီစုစု ဒီနေရာလေးကနေပြီး.. ဆုတောင်းပေးလိုက်ပါရစေခင်ဗျား....ချစ်သောသူတိုင်းအတွက်.“““““““

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့