သူငယ်ချင်း .......
မင်းအမေ့ဝမ်းထည်းက.....အူဝဲဆိုပြီးထွက်လာခဲ့ တာ
အ၀တ်မပါကိုယ်ဗလာနဲ့ ....ဘာဆိုဘာမှမရှိခဲ့ တာ
ငါသိတာပေါ့ မင်း အရှေ့ မှာ..... သုညကမ္ဘာ..... .......
သူငယ်ချင်း........
ဒီလိုနဲ့ ဘုံဘ၀မှာဆုံကြလာတော့ ......မိဘမေတ္တာအကြင်နာနဲ့ 
စဉ်လာမပျက်ဆောင်ရွက်စီမံ......မွေထိုက်ခံစေခဲ့ တာကြောင့်
မင်းပညာတွေတတ်ခဲ့ တယ်.....ဥစ္စာရာထူးတွေနဲ့ 
မင်းတဏှာလည်းရူးခဲ့ တယ်....တကယ်တော့ ဒါဟာ
မင်းဘ၀ ရဲ့ အတိတ်ကံကောင်းမှုကြောင့် လို့ .....ငါယူဆခဲ့ ပါတယ်...... ..........
သူငယ်ချင်း.........
ဒါကိုငါမနာလိုမဖြစ်ခဲ့ တာ......မင်းအသိပါနော်
ဒါပေမဲ့ မင်းကဂုံဓန၇ာထူးတွေနဲ့ ....အာဏာ၇ူးခဲ့ တယ်
မာန်မာနတရားတွေနဲ့ ....အမှားကြီးမှားခဲ့ တယ်
အောက်လက်ငယ်သား....ပြားပြားဝပ်အောင်
မင်းတုတ်နှောင်ပြီး......မင်းပန်းတိုင်မင်းအရောက်လှမ်းခဲ့ တာ
ဒါကိုတော်လှန်ရေးတဲ့ လားကွာ...... ......... ..........
သူငယ်ချင်း...........
မင်းအတွက်မင်းရဲ့ ရာဇမာန်.....တက်မှုတွေကြောင့် 
အသက်ပေါင်းများစွာ....ပေးဆပ်ခဲ့ ရတာ
လက်ချိုးရေတွက်လို့ တောင်....မရနိုင်ခဲ့ သလို
ပြိုကွဲပျက်စိးခဲ့ ကြရတဲ့ ....ဘ၀ပိုင်ရှင်တွေဆိုတာကလည်း
တကတည်းနည်းမှ..... မနည်းလှပါလားသူငယ်ချင်းရယ်.....
သူငယ်ချင်း............
မင်း၇ဲ့ တန်ခိုးမင်းရဲ့ မင်းစိုးရာဇာ....စိတ်တွေနဲ့ မင်းအိပ်မက်တွေကို
ဘယ်သူသေသေငတေမာပြီးရော.....သဘောတရားနဲ့ 
မင်းပြောကြားခဲ့ တဲ့ စကားတွေအပေါ်.....နာခံတော်မူစေခဲ့ တာကလည်း
မင်းရဲ့ အာဏာတွေနဲ့ ဘဲမဟုတ်ပါလား....
မင်းရဲ့ လောဘနဲ့ အတ္တတွေကြောင့် ....မင်းဘ၀မှာမင်းပိုင်ဆိုင်ထားခဲ့ တာ
မင်း ရဲ့ ဆွေစဉ်ဆယ်သက်....ဇယ်စက်သလိုသုံးတာတောင်
ကုန်နိုင်ပါဦးမလားကွာ..... ....... ........
သူငယ်ချင်း........
မင်းကဘုန်းမီးနေလ...တောက်ပနေခဲ့ ချိန်
ငါကတော့ ထင်ပေါ်မှုမပြုနိုင်သေးတဲ့ ....အညတရကဗျာဆရာ
သုံညကမ္ဘာထည်းမှာဘဲ.....တ၀ဲလယ်လယ်နဲ့ လေ
ဒါတွေမင်းဘယ်သိလေနိုင်မှာလည်းနော်......... ......... .....
သူငယ်ချင်း.......
မင်း မှာစိန်စီမြတွေနဲ့ ...ချေချဘို့ မ၀န့် လောက်အောင်
တောက်ပြောင်လှတဲ့ ...ရာဇပလ္လင်မှာမင်းက၀င်စံစားချိန်
ငါကတော့ ဇနပုဒ်ကတဲအိုစုတ်ထည်းမှာ...ကာရံမလှပသေးတဲ့ ငါ့ ကဗျာလေးတွေကို
ထွေးပိုက်ရေးလိုက်ရင်းနေလာခဲ့ တာ....အထာကျနေခဲ့ ပါပြီကွာ.....
သူငယ်ချင်း..........
ဒါကိုဘဲငါကတော့ ...အနေတတ်စွာနဲ့ ကျေနပ်နေခဲ့ ရတာပါ
ဘာကြောင့် လည်းဆိုတော့...ငါ့ ကဗျာမှာကာရံတွေကလွဲလို့ 
ဒါးလှံလေးလက် လက်နက်တွေမရှိဘူး....အမြောက်သံဗုံးသံတွေဆူညံမနေဘူး
ငါ့ ကလောင်ဖျားမှာ...သွေးစိမ်းတစ်စက်မစွန်းကွက်ခဲ့ ပါဘူး.... .......
သူငယ်ချင်း.........
မကြာခင်မှာဇရာဝင်လာတဲ့ ....ငါတို့ နှစ်ယောက်အတွက်
နောက်ဆုံးထွက်သက်နဲ့ ....သေမင်းတမာန်ရဲ့ ခေါ်ဆောင်ရာကို
ရှောင်လွှဲမရလိုက်ကြရတော့ မှာ...ဒီအခါမင်းတွယ်တာတဲ့ 
မင်းရဲ့ ပလ္လင်မင်းရဲ့ နန်းတော်....မင်းခေါ်ဆောင်လို့ လာနိုင်ပါမလား
ငါသိတာကတော့ ...အမိဝမ်းထည်းက
အူဝဲဆိုပြီးမင်းထွက်လာစကလို....ဘာမှမပါကိုယ်ဗလာနဲ့ 
မင်းထွက်ခွါရမှာပါသူငယ်ချင်း....ဒီအချိန်မင်းနဲ့ ငါ့ ကြား
ဘာမှကွဲပြားမှုမရှိတော့ သလို...မင်းအရှေ့မှာက
ဘုံဘ၀ရဲ့  သုံည ကမ္ဘာလေးပါဘဲသူငယ်ချင်းရယ်........ .......... ..........
(မည်သူ့ ကိုမှမရည်ညွှန်းပါကဗျာစပ်သူ၏စိတ်ကူးတစ်ခုမျှသာဖြစ်ပါသည်)
ဘုံဘ၀ရဲ့  သုံည ကမ္ဘာလေးပါဘဲသူငယ်ချင်းရယ်........ .......... ..........
(မည်သူ့ ကိုမှမရည်ညွှန်းပါကဗျာစပ်သူ၏စိတ်ကူးတစ်ခုမျှသာဖြစ်ပါသည်)
No comments:
Post a Comment