Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

ပန်းရွှေပိတောက်


နွေ တန်ခူးမို့
အဝေးဆီမှ
လွမ်းမောဖွယ်ရာ
ဥ ဩတွန်းသံ
ကြားလိုက်မိစဉ်
မြန်မာရိုးရာ
သင်္ကြန်ချိန်ခါ
ရောက်လာပြန်ပေါ့။

တစ်နှစ်တစ်ကြိမ်
ဖူးပွင့်တတ်သည့်
ပိတောက်ရွှေဝါ
ရနံ့ မွှေး၏ ။

ပင်မြင့်ထက်မှ
ကိုယ်တိုင်ခူးခဲ့
ပန်းရွှေပိတောက်
ချစ်သူ့ထံပါး
အရောက်လှမ်း၍
ချစ်သူပန်ဖို့
ပေးချင်သော်လည်း
အနေဝေးလို့
စိမ်းကားရက်စက်
ချစ်သူသက်ထား
မွှေးလွန်းလှသည့်
ပန်းရွှေပိတောက်
မပန်ဆင်လို။

ဆူးနှင့်မာယာ
လွှမ်းခြုံထားသော
အရောင်စုံတဲ့
နှင်းဆီကိုမှ
ကြိုက်သည်ဆိုဘဲ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့