Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 4 April 2012

နှလုံးသားရဲ့စည်းချက်ရိုက်သံ ♥မ..မ♥


ချစ်သူရေ........

   မိုးကုတ်စက်ဝိုင်း တဖက်ဆီမှာရှိနေပေမယ့်
အကြင်နာတွေရင်မှာပိုက်ပြီး
မင်းရှိရာကို  ငေးမျှော်ကြည့်ရင်း  
မမြင်မတွေ့ရပေမဲ့
မင်းကြောင့်ငါဟာ မိုးစက် မိုးပေါက်ကလေးတွေ

ကခုန်မြူးထူးသလို အေးချမ်းပျော်ရွှင်ရပါတယ်.........

ချစ်သူရယ်
ရေမြေတောတောင် အထပ်ထပ်ကာရံထားပေမယ့်
အေးမြတဲ့လမင်းကြီးလိုပေါ့ မင်းရဲ့အချ စ်
မင်းရဲ့သစ္စာတရားကြောင့် ငါ့နှလုံးသားလေးဟာခမ်းနားလှပပြီး
ပိုးသားမျှင်လေးလို သိမ်မွေ့နူးညံ့တဲ့ မင်းရဲ့အချစ်ကြောင့်
ငါဟာ တိမ်တွေပေါ်မှာလမ်းလျှောက်သလို လွင့်မျောရင်ခုန်ရပါတယ်

ချစ်သူရေ
မင်းကြောင့် ငါဟာ  လေပင့်ရာကို လှုတ်ရှားယိမ်းထိုးနေတဲ့
ပင်လယ်ကဗီးပင်တွေလိုပေါ့
မင်းရှိရာကို မမြင်ရပေမယ့်လဲ  ငါ့စိတ် ငါ့နှလုံးသားလေးဟာ
မင်းရှိရာဆီကို ဦးညွတ်ရောက်ရှိ ယိမ်းယိုင်နေပါတယ်
ငါရဲ့ချစ်လှစွာသောချစ်သူရယ်

  ခံစားချက်တူညီတဲ့ နှလုံးသားရဲ့ စည်းချက်ရိုက်သံဟာ
တောင်စဉ်တောင်တန်းတွေ  ပဲ့တင်ထပ်လို့

ဝေးကွာမှုတွေမိုင်တွေခြားလဲ နုညံ့လှပလွန်းတဲ့ မင်းရဲ့အချစ်
လှပတဲ့သစ္စာတရား ခမ်းနားလွန်းတဲ့ ချစ်မေတ္တာတွေကို

ငါ့နှလုံးသားလေးထဲမှာ အလွမ်းတွေနဲ့ရစ်ပတ်ဖွဲ့နှောင်ပြီး
 အချစ်ကဗျာလေးအဖြစ်ထာဝရသိမ်းဆည်းထားတယ်နော်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့