Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

(( ခေတ်သစ်….အချစ်တဲ့ ..လား …? ))

Love Orkut Scraps
Love scraps & quotes graphics

More Scraps for orkut
အချစ်က….ရိုးရှင်းသည် ။
ရိုးရှင်း သလောက် ..နက်နဲ ပြန်ပါသည်။ ထို့ ကြောင့် ..အချစ်ကို ပေါ့ပေါ့လေး မတွေး ပဲ နက်နက် နဲနဲ
စဉ်းစားကြည့်ဖို့ လိုပါသည် ။ ဒါမှ အချစ်စစ်ကို ရှာဖွေ တွေ့ ရှိမည်။
အဲ့ဒါက …မှုံ ၇ဲ့ ….လက်ကိုင်ထားတဲ့ ..ဆောင်ပုဒ်လေးပေါ့ ။
တနေ့တော့ …မှုံ လဲ …အချစ်ကို ၇ှာဖွေ တွေ့ ရှိခဲ့ပါတယ် ။
မှုံ ချစ်ခဲ့တာ လဲ …..ရိုးရိုးလေးပါပဲ မောင်ရယ် ။

“မောင့်ကို ကျမ …ချစ်တယ် ”
အပိုဆန်ဆာတွေ နဲ့ ..လှပအောင် မပြောတတ်ခဲ့ပေမဲ့ ….ချစ်ခြင်းတွေအပြည့်နဲ့ပါ ။ နာမည်ကြီး သီချင်းတပုဒ်လို ပေါ့.“ I love u more than I can say ” တဲ့ အရမ်း ထိရောက်တဲ့ စကားလုံးတွေပါ ။ ကျမ လဲ အဲ့ ဒီ စာသားလေး ထဲက လိုပါပဲ မောင်ရယ် ။ ပြောစရာ စကားလုံး မရှိအောင်ကို ချစ်တယ် ။ ရိုးရှင်း ပြီး …နက်နဲ လှ တဲ့ အချစ်တွေ နဲ့ ပေါ့ ။
မောင် နဲ့ ကျမ ပျော်စရာ ချစ်သူ ဘ၀ ကို ရရှိခဲ့ပါတယ် ။

အချစ်က …လူ၇ဲ့ စိတ်ကို ပြောင်းလဲ စေနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ် ။ အရပ်၇ှည်တာ အရမ်းကြိုက်တဲ့ ကျမ ….အရပ်ပုတဲ့ မောင့်ကို ..ချစ်မိတော့ ပုတာလေး ကို လဲ ချစ်မိသွားတယ် ၇ှင့် ။
စီးကရက်နံ မခံနိုင်တဲ့ ကျမ ….. စီးကရက် ကြိုက်တဲ့ ….မောင့်ကို ချစ်သူ အဖြစ်ရွေး မိတော့ ….
စီးကရက်နံကို ..ရင်ခုန်တတ်ခဲ့ပါတယ် ။
ကောင်လေးတွေ …နားပေါက်နဲ့ဆို ကြည့်မရ တတ်တဲ့ ကျမ …..နားကပ်သေးသေးလေး ပန်တတ်တဲ့ …မောင့်ကို ….ချစ်စနိုးကြည့်တတ်ခဲ့ ပါတယ် ။အချစ်ဆိုတာ ..ဆန်းကြယ်လိုက်တာနော် ။
လူ တယောက်ကို ချစ်မိသွားရင် ….ချစ်တဲ့ မျက်လုံးတွေ နဲ့ …ကြည့်တတ်သွားလို့ ထင်ပါ၇ဲ့ …အပြစ်တွေက ..မှေးမှိန် ပျောက်ကွယ်သွားတတ်ပါတယ် ။

မောင်က ဆံပင် အ၇ှည်ကြီး ကို ….ချစ်တယ် ဆိုလို့ ….ဆံပင်ကို ဂရုစိုက်ရတာ အမောပါပဲ ။ မောင်အတွက်ဆို မမော နိုင် မပန်းနိုင် ပါ။ မောင်ကြိုက်တတ်တဲ့ ..ဟင်းတွေ မေးပြီး ချက်ကြည့်ရတာ အမောပေါ့ ။ တချိန် မှုံက ….မောင်ရဲ့ ..အိမ်ရှင်မလေး ဖြစ်မှာလေ ။ မောင်တစ်ထမ်း မယ် တစ်ရွက်တဲ့ …ရှေးစကားလေး က ကျမ အတွက် စိတ်ကူးရင်စရာပါ ။ စိတ်ကူးနဲ ရူးရပေါ့ ..မောင်ရယ် ။ သေချာပါတယ် ….မောင် သွားမဲ့ လမ်း ဆူးခင်းလမ်းဖြစ်ပါစေ ကျမက …မောင့်လက်ကို ခိုင်ခိုင် တွဲ ပြီး လိုက်မဲ့ သူပါ ။
ကျမက မောင့်ကို ချစ်သလို …မောင့်၇ဲ့ အချစ်တွေ ကို လဲ အကုန် လို ချင်ပါတယ် ။ မှုံက ပဲ …အတ္တကြီးတာလား ….မပြောတတ်တော့ပါ ။ သေချာတာက တော့ ..အဲ့ဒီ အတ္တက ….မောင့်ကို ချစ်မိလို့ ဖြစ်ပေါ်လာတာပါ။ မောင့်ရဲ့ ..အချစ်တွေ …ကျမ တစ်ယောက် ထဲ ကို ပဲ ပေးပါနော် ။ ကျမ က …အချစ်ကို ရိုးရိုးလေးပဲ တွေးပြီး ….နက်နက်နဲနဲ ချစ်ခဲ့ပါတယ် ။ မောင့်၇ှိကလဲ ..နက်နဲ တဲ့ အချစ်တွေ ကို ပဲ လိုချင်ပါတယ် ။

တနေ့တော့ ….
သူငယ်ချင်းတွေ ဆုံကြပါတယ် ။ ကျမတို့ ..စုံတွဲလေးက ..ဒကာ ခံ ပြီး မုန့်ကျွေးပါတယ် ။ သူငယ်ချင်းတွေ ဆုံခဲ တာမို့ …အရမ်းပဲပျော်ဖို့ ကောင်းပါတယ် ။ စကြ ၊ နောက် ကြ နဲ့ ပေါ့ ။ မှုံတိုက …နှစ်ယောက် ဆိုတော့ ..ပြိုပီး အစ ခံရပါတယ် ။ တစ်ယောက်ကို တစ်ယောက် ချွန်ကြ ၊ မခံချင်အောင်ပြောကြနဲ့ …တကယ်ကို ..ကလေး တွေ လိုပါပဲ ။ အားလုံးစားသောက်ပြီး ကြတော့ …မောင်က အားလုံးကို နှုတ်ဆက်စကားပြောပါတယ် ။

“ မှုံနဲ့ ချစ်သူ ဖြစ်ခွင့်ရ လို့ ကျနော် အရမ်းဝမ်းသာပါတယ် ။ မှုံက လဲ ကျနော် တကယ်လို ချင်တဲ့ မိန်းခလေး မျိုးပါ ။ ကျနော် ငယ်ငယ် ကတဲက ..စိတ်ကူးနဲ့ စံထားခဲ့ဘူးတဲ့ ပုံစံမျိုးပါပဲ ။ ကျနော့် ချစ်သူက ဆံပင်ရှည်ရမယ် ။ ဆံပင်၇ှည်တွေကို ကျနော်က အရမ်းသဘောကျတယ်လေ ။ အေးချမ်းတဲ့ မျက်နှာ မျိုးပိုင်ဆိုင်ရမယ် ။ အိမ်ထောင်မူကို နိုင်နင်းရမယ် ။ အိမ်ထောင်ပြုတဲ့ တနေ့ကျ ရင် အိမ်၇ှင်မက ကောင်းမှာ ကျနော့် ဘ၀လေး လှပ မှာပါ။ ပြီးတော့ မှုံက ..ကျနော့်ကို …အရမ်းချစ်တယ် ။ ကျနော် လို ချင်တာ ဒါပါပဲ ။ သူငယ်ချင်းတွေ ဆုံတုန်းလေး …..အားလုံးရှေ့မှာ တခါထဲ လက်ထပ် ခွင့် တောင်းပါတယ် ”

သူငယ်ချင်းတွေက အားလုံး လက်ခုပ်သံတွေ နဲ့ …အားပေးခဲ့ကြပေမဲ့ ….ကျမ ရင်ထဲမှာတော့ …မုန်တိုင်း ထန်နေပါတယ် ။ ရက်စက်လိုက်တာ ..မောင်ရယ် ။ ကျမလို ချင်တာ ၊ ကျမ မက်မောတာက …ရိုးစင်းတဲ့ အချစ် ပါ။ အခု မောင်ပေးလိုက်တာက ..စံ တွေနဲ့ တိုင်းတာ ထားတဲ့ ရလို မူတွေ နဲ့ အချစ်လေ။ နူးညံ.တဲ့ အချစ်ဆိုတာ …ဘယ်နားမှာ လဲ ။
ဆံပင်ဆိုတာ …မမြဲ တဲ့ တရား …..ကျမမှာ ဆံပင်အ၇ှည်ကြီး မရှိတော့ရင် မောင့် အချစ်တွေ လျော့သွားမှာ ပါ။ မောင်ကြိုက်တဲ့ ဟင်းတွေ မချက်တတ်ရင် ရော ။ ကျမ ..အဲ့ ဒီ အချစ်မျိုးကို မုန်းတယ် ။ စံတွေ နဲ့ တိုင်းတာ ယူတဲ့ အချစ်ကို ….ကြောက်တယ် ။ သေချာပါပြီ …မောင့်ရင်ထဲမှာ ကျမ လို ချင်တဲ့ အချစ်တွေ ….လုံးဝ မရှိဘူး ဆိုတာ ပါပဲ ။

ကျမနှလုံးသားတွေ တဖျစ်ဖျစ်မည်အောင်ကို ..ကွဲအက် ကုန်ပါပြီ ။ ရယ်စရာ တော့ …အကောင်းသားနော် …ချစ်သူက ..အနားမှာ ..လက်ထပ်ခွင့် တောင်းနေတာကို ……နှလုံးသားတွေ ..ပျက်ပြုံးမတက် ခံစားနေရတယ် ။ ၀မ်းနည်း တတ်လွန်းတဲ့ …စိတ်က …မျက်ရည်တွေ ကို …ထိန်းမထားနိုင်တော့ပါဘူး ။ ကျလာတဲ့ မျက်ရည်တွေ ကို ..လက်ခုံနဲ့ ပွတ်သုပ်ပြီး ။ အံကို ကြိတ်လိုက်ခါ ….
“ ၀မ်းနည်းပါတယ် …မောင် ။ ကျမ လို ချင်တာ ..ရိုးရှင်းတဲ့ အချစ် ။ အဲ့ဒီ အချစ်က …မောင့်၇ှိမှာ မရှိဘူး ။
တခါထဲ ပြော ခဲ့ပါရစေ ….အချစ်ကို …ဘယ်တော့မှ ပေတံတွေ နဲ့ မတိုင်းပါနဲ့ ။ အချစ်ဆိုတာ ရိုးရိုးလေးပါ ..ကျမကို ခွင့် လွတ်ပါ ”
အားလုံး အံအားသင့်ပြီး ကျန်ရစ်ခဲ့ပါတယ် ။
မောင် ရော …၀မ်းနည်းနေမှာ လား ….
ဒေါသ ထွက်နေမှာ လား ….
ကျမ နှလုံးသား နဲ့ ရင်းပြီး ငြင်းခဲ့တာပါ ….မောင်ရယ် ။ ကျမလဲ ….ယိုင်လဲ မတတ် ခံစားနေရပါတယ် ။
မောင့်ကို အရမ်းချစ်တယ် ။ဒါပေမဲ့ …..စံနှုန်းတွေ နဲ့ …. မောင့်အချစ်ကိုတော့ မုန်းတယ် ။

ကျမလိုပဲ ….လူတိုင်းလဲ …ရိုးရှင်းတဲ့ အချစ်ကို ပဲ လို လားကြမှာပါ ။
အချစ်ဆိုတာ ရိုးရိုးလေးပါပဲ ..နှလုံးသား နဲ့ ခံစားကြည့်ပါ ။ သူမှာ …ခွင့်လွတ် ခြင်း ၊ အနစ်နာ ခံခြင်းတွေ လဲ ပါဝင်ပါတယ် ။ အချစ်ကြောင့် ပျော်ရွင်မူတွေ ဖြစ်ပေါ် လာနိုင် သလို …၀မ်းနည်း ကြေကွဲ ခြင်းတွေ လဲ …ရှိနေတတ်ပါတယ် ။ အချစ်ကြောင့် အတ္တတွေ လဲ ဖြစ်ပေါ်လာနိုင်သလို ၊ မာန တွေ လဲ ဖြစ်ပေါ် လာတတ်ပါတယ် ။ ခု ကျမ မြင်လိုက်ရ တဲ့…အချစ်တခုက တော့ …. နောက်ဆုံးပေါ်ထင်ပါတယ် ။
ဂဏန်း သင်္ချာတွေ နဲ့ …တွက်ချက်ကြတယ် ။ စံနှုန်တွေ နဲ့ တိုင်းတာ ကြတယ် ။ အချစ်လို အမည်တပ်၍ ….
အချစ်မမည်သော အချစ်ပါပဲ ။
ရိုးရိုးလေး ပဲ ချစ်တတ်ကြပါစေ …..လို့ ဆုတောင်းပေးပါတယ် ။

ခင်မင်လေးစား လျှက် ….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့