Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

ဗုဒ္ဓဘာသာဆိုသည်မှာဘယ်နည်း

လောကဓမ္မဂျာနယ်

ဆောင်းပါးအမှတ် ၁                              ဓမ္မဒါန

ဗုဒ္ဓဘာသာဆိုသည်မှာဘယ်နည်း ( ဘုရား၏အယူဝါဆိုတာဘာလဲ )

သင့်ကိုတခြားဘာသာဝင်တဦးတယောက်ကသင်တို့၏ဗုဒ္ဓဘာသာဝင်များ၏အယူ
ဝါဒကိုပြောပြပါဆိုလျှင်သင်ဘယ်လိုအဖြေပေးမည်နည်း၊
ပိဋိကတ်သုံးပုံကိုဘဲလက်ညှိုးထိုးပြရမလား၊ပရိတ်ကြိး ၁၁ သုတ်ကိုဘဲထောက်ပြရမလား
ဗုဒ္ဓ        ဆိုသည်မှာ  ဘုရား ( ဂေါတမမြတ်စွာဘုရား )
ဘာသာ  ဆိုသည်မှာ  အယူဝါဒ  ( ဘုရား၏အယူဝါဒ ) ဟုဆိုရမည်မဟုတ်ပါလော။

ဘုရား၏အယူဝါဒ က ဘာလဲ
သည်လိုမေးခွန်းမျိုးကိုဘုရားရှင်လက်ထက်တော်ကာလမှာပင်ဘုရားရှင်အား၎င်းဘုရား၏
တပည့်များအားမကြာခဏမေးမြန်းခြင်းခံခဲ့ရဘူးပါသည်၊
၁ - သတ္တလောကကြီးမြဲသလား          သတ္တလောကကြီးမမြဲဘူးလား
၂ - မမြဲသည်လည်းမဟုတ်                မြဲသယောင်ယောင်လား
၃ - သတ္တ၀ါသေလျင်ဖြစ်သေသလား    သတ္တ၀ါသေလျှင်မဖြစ်တော့ဘူးလား
၎ - မဖြစ်သည်လည်းမဟုတ်              ဖြစ်သယောင်ယောင်လား
( အဂိဝိစ္စသုတ် )
ထိုအမေးများအားလုံးကိုဘုရားရှင်က ငါ ဒီအယူမယူဘူးဟုပါယ်ချခဲ့သည် ၊
သင့်ကိုမေးလျှင်ဘယ်လိုဖြေမည်နည်း ၊
ဘ၀ကူးသည် ဘ၀ပြောင်းသည် ဆိုသောအယူ ကိုကော သင်လက်ခံပါသလား

02
ဗုဒ္ဓဓမ္မသည် ပရမတ်ထတရား ( အမှန်တကယ်ရှိသောတရား ) များအပေါ်တွင်
အခြေခံထားသည်ဖြစ်လေသောကြောင့်၊ပရမတ်ထသစ္စာကိုကောင်းစွာနားလည်
သဘောပေါက်ခြင်းမရှိလျှင်ဗုဒ္ဓဓဓ္မကိုနားလည်ရန်ခက်ခဲပေမည်၊
အမေးလျှောက်လာသော တထ္တိများသည်ဘုရားရှင်၏အယူကိုဥာဏ်မမှီ
တော့သဖြင့်ဘုရားကိုယ်တော်တိုင်ဖွင့်ဟမိန့်ဆိုရန်တောင်းပန်ကြလေသည်၊
ထိုအခါ မြတ်ဗုဒ္ဓက
” ခန္ဓာ ၅ ပါးရှိသည်ဟုယူသည် ထိုခန္ဓာ ၅ ပါးသည် ဖြစ်လည်းဖြစ်သည်
ပျက်လည်းပျက်သည်ဟု ယူသည့်အယူသည် ငါ့အယူဘဲဟု မိန့်တော်မူသည် ”
ဘုရားရှင်အယူကို ယူသော ဗုဒ္ဓဘာသာဝင်တယောကအနေနှင့်မိမိကိုယ်
တိုင်သည်အယူရှိရဲ့ လားဟုသုံးသပ်သင့်သည်၊သို့မဟုတ်ပါက သာမန်မိရိုးဖလာ
ဗုဒ္ဓဘာသာဝင်တယောက်အနေဖြင့် နေ့စဉ်ဘုရားရှစ်ခိုးပန်းရေချမ်းကပ်၊ဆုတောင်း
ပြည့်ဘုရားတွင် နိဗ္ဗိန်ဆုတောင်းနေရုံဖြင့်တော့ ဗုဒ္ဓဘာသာဖြစ်ရကျိုးနပ်မည်မဟုတ်
ပေ၊ ထို့ကြောင့်
ရုပ်နမ်တြို့ဖစ်ခြင်းပျက်ခြင်းကိုမသိမမြင်ဘဲလျက် - နှစ်ပေါင်းတရာကာလ
ကြာအောင်အသက်ရှင်လျက်နေရခြင်းထက် - ရုပ်နမ်နှစ်ပါးတို့၏ဖြစ်ခြင်းပျက်ခြင်း
ကိုသိမြင်သောပုဂ္ဂိုလ်၏ တနေ့တရက် တနံနက်မျှအသက်ရှင်၍နေရခြင်းက
သာ၍ မြတ်၏ဟု ဓမ္မပဒပါဠိတော်တွင်ပါရှိပါသည်၊
ယောစ၀ဿသတံ ဇီဝေ ၊ အပဿံ ၊ ဥဒယဗ္ဗယံ ၊ ဧကာယံ ဇီဝိတံ သေယျော ပဿတော ဥဒယဗ္ဗယံ ၊

( ခုဒ္ဒကနိကယ် ဓမ္မပဒပါဠိတော် ဂါထာ ၁၁၃ )



1968 ခုနှစ် မှစ၍ ဓမ္မဒါန ဖြန့်ဝေခဲ့ လောကဓမ္မဂျာနယ်မှ ဆောင်းပါးများဖြစ်ပါသည်
အလျင်းသင့်သလိုဆက်လက်ဖေါ်ပြပါမည်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့