Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 April 2012

အိပ်မက်တစ်ခုရဲ့ ဖြစ်စဉ်

ချစ်သူနှစယောက်
လမ်းလျှောက်နေခဲ့တယ်
ဘယ်တုန်းကလဲ မေးတော့
လသာတဲ့ ရက်တွေမှာ။
ဘယ်မှာလဲ မေးတော့
ဖြောင့်ဖြူးတဲ့ လမ်းတွေမှာ။ ။
သွားရင်း ရပ်ရင်း
ထိုင်ရင်း အိပ်ရင်း
ချစ်စကားတွေကို
ချိုချိုသာသာ ပြောဆိုခဲ့တယ်။ ။
``တို့နှစ်ယောက်
ဘ၀တစ်လျှောက်လုံး
အမုန်းမရှိတဲ့
အချစ်နဲ့ ချစ်ကြစို့။``
``တို့နှစ်ယောက်
ဘယ်လောက်ပင်ဝေးပါစေ
ရင်ထဲမှာ ရှိတဲ့
ချစ်မေတ္တာကတော့
အမြဲနီးလျက်ပါ။``

``ဘယ်လောက် ချစ်သလဲ ``မေးတော့
``ဟောဒီလောက်ကြီး ချစ်တယ်``တဲ့
လက်ကို ၀ိုင်းပြိး ဆန့်ပြလိုက်တာ
ကမ္ဘာမြေကြီးတောင် ထည့်လို့ရသတဲ့။
ဆုံးစမထင်
ကောင်းကင်ထဲက
ကြယ်တာရာတွေလဲ
ထည့်လို့ရသတဲ့။ ။

အဲဒီလောက် ချစ်ကြပေမယ့်
``ဘယ်အထိ တို့ကို ချစ်နိုင်မလဲ``မေးတော့
အချိန်က ကန့်သတ်လိုက်ပြီပေါ့
အချိန်ကို ကန့်သတ်လိုက်ပြီပေါ့။ ။

အော်......ဒါတွေအားလုံးဟာ
တစ်ခဏတာ မက်ခဲ့တဲ့
ချစ်သူ့အိပ်မက်တွေပါ။ ။

အိပ်မက်ကလန့်နိုးတော့
ချစ်သူလည်း မရှိ
လသာတဲ့ ရက်တွေလည်း မရှိ
ဖြောင့်ဖြူးတဲ့ လမ်းတွေလည်း မရှိ
ချစ်စကားတွေကိုလည်း
ဘယ်သူ့ပြောရမှန်း မသိတော့။
အနေနီးပေမယ့်
ချစ်မေတ္တာတွေကလည်း
ဝေးကွာလျက်သာ။
ကမ္ဘာမြေကြီးနဲ့
ကြယ်တာရာတွေတောင်
ထည့်လို့ရတဲ့ ချစ်မေတ္တာဟာ
နှမ်းစေ့တောင် မကာတော့ပါလား။
အော်.......ဒါဟာ အိပ်မက်တစ်ခုရဲ့ ဖြစ်စဉ်ပါဘဲလေ။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့