Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 April 2012

အောင်မြင်ရေးနည်းလမ်း - (၁၀)မျိုး

   အောင်မြင်ရေးနည်းလမ်း( ၁၀ )မျိုး

1) Construction = တည်ဆောက်ခြင်း
2) Competence = အစွမ်းအစရှိခြင်း
3) Courage = သတ္တိရှိခြင်း
4) Communication = ဆက်သွယ်မှုရှိခြင်း
5) Charm = ဆွဲဆောင်မှုရှိခြင်း
6) Compassion = စာနာရိုင်းပင်းတတ်ခြင်း
7) Confidence = ယုံကြည်မှုရှိခြင်း
8) Control = ထိန်းချုပ်ခြင်း
9) Commitment = ဂတိတည်ခြင်း
10) Contentment = ရောင့်ရဲမှုရှိခြင်း


(တည်ဆောက်ခြင်း)
စီမံချက်တစ်ခု တည်ဆောက်ဖို့လိုပါတယ်။
ဘယ်ကိုသွားမှာလဲ၊ ဘယ်လိုရောက်အောင်သွားမလဲဆိုတာကွက်ကွက်ကွင်းကွင်းမြင်နေ ရပါမယ်။
ဒီတော့ စီးပွားရေးလုပ်ငန်း စီမံကိန်းတစ်ခုဒါမှမဟုတ် ပုဂ္ဂိုရေးရည်မှန်းချက်တွေရေးဆွဲရေး ဟာပထမအဆင့်ပါ။
သင်သွားချင်တဲ့နေရာ ကိုရောက်အောင်သဘောထားတွေရွေးချယ်ဖို့လိုအပ်ပါတယ်။ 
သင်လိုချင်တာ ကိုမရခဲ့ရင်သဘောထားကိုပြင်ရပါမယ်။
ဒါမှသာသွားချင်တဲ့နေရာကိုရောက်မှာပါ။




(အစွမ်းအစရှိခြင်း)
ငါတော့ ပန်းချီဆရာတစ်ယောက် ဒါမှမဟုတ် တီးဝိုင်း အဆိုတော် တစ်ယောက်အဖြစ်
ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို့.. သံသယဖြစ်ခဲ့တယ်၊
နှစ်မျိုးလုံးမှာ  အစွမ်းအစမရှိဘူး။ လေ့ကျင့်ပေးမှုက  အထောက်အကူရနိုင်ပေမယ်
ဒီလိုအနုပညာ  လုပ်ငန်းမျိုးမှာတော့ပါရမီရှိဖို့လိုအပ်ပါတယ်။ ဒါက ထင်ရှားပါတယ်။
ဒါပေမယ့် နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်မှုမရှိဘဲအဲဒီ နယ်ပယ်မှာအောင်မြင်မှုရချင်တဲ့လူတွေလည်းတွေ့ခဲ့ဖူးပါတယ်။
ခြေခံကျတဲ့အစွမ်းအစတွေမရှိခဲ့ရင်တော့အပြင်းအထန်ကြိုးပမ်းဖို့.. လိုပါတယ်။
အခက်အခဲအနည်းဆုံး နည်းလမ်းဟာလျှောက်လှမ်းရလွယ်ကူတာပေါ့။
စီးပွားရေးလုပ်ငန်းအသစ်တစ်ခုအတွက် စီမံချက်တစ်ခုရေးဆွဲရာမှ သင်ဘာတော်သလဲဆိုတာ ချရေးထားပါ။
ဘာကိုလုပ်ရတာပျော်တယ်ဆိုတာကိုလည်းချရေးထားပါ။
အဲဒီလုပ်နည်းလေးက ဈေးကွက်ထဲမှာ သင်ဖန်တီး ရယူနိုင်တဲ့ နေရာတစ်နေရာကို
သတ်သတ်မှတ်မှတ်လုပ်ပေးနိုင်ပါတယ်။
သင်က စားဖိုမှူးတစ်ယောက်ဖြစ်နေရင်ပြီးတော့
ပြင်သစ်ဘာသာစကား သင်ချင်နေတယ်ဆိုမှတော့ ပြင်သစ်နိုင်ငံသွားပြီး
ပြင်သစ်အစားအစာတွေကို အထူးပြုချက်ပြုတ်ပေတော့ပေါ့။
အသက်မွေးဝမ်းကြောင်းမှုအားလုံးမှာ အဟန့်အတားတွေကတော့ ရှိစမြဲပါ။
အဲဒီအခက်အခဲက အစွမ်းအစ၊ လေ့ကျင့်မှုနဲ့အရည်အချင်းပတ်ဝန်းကျင်မှာယပုံမှန်အားဖြင့်
အခိုင်အမာ အခြေစိုက်ပြီးရှိနေတတ်တယ်။
တကယ်လို့သင်ဟာ အကျွမ်းကျင်ဆုံးနေရာမှာ အလုပ်လုပ်ရတာ ငြီးငွေ့ လာပြီဆိုရင်
အဲဒီ အဝန်းအယိုင်းတွင်းမှာပဲ ပိုကျွမ်းကျင်တဲ့ ပညာကိုသုံးပြီး ကြိုးစားကြည့်ပါ။
ကိုယ့်ဘာသာကိုယ်ခြစ်ခြုတ်ပြီးပြန်တီထွင် နေတာမျိုးကိုရှောင်လိုက်ရင်ပိုပြီးမြန်မြန်အောင်မြင်လာလိမ့်မယ်.....။




(သတ္တိရှိခြင်း)
သတ္တိက အကြီးအကျယ် အရေးကြီးပါတယ်။ တစ်ခါတစ်ရံမှာသင်ဟာ စွန့်စားမှုပြုဖို့လိုအပ်ပါတယ်။
ဥိးတည်ချက်ပြောင်းသင့်ရင်ပြောင်း ရမယ်။
ဘောင်အပြင်ဘက်ထွက်ပြီးစဉ်းစားပါ။
အကြောင်းကိစ္စဟောင်းကိုပဲနည်းလမ်းသစ်နဲ့ကြိုးစားကြည့်ပါ။
ဒါကြောင့်သင်မသက်မ သာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့်သင်ဥိးတည်ထားတဲ့တူရူပြုမှုကိုယုံကြည်ရင်သင်ရှာနေတဲ့ရလဒ်တွေကို 
ယုံကြည်ရင်သင့်  အနေနဲ့ မမှိတ်မသန် နှစ်နှစ်ကာကာယုံလိုက်ဖို့သတ္တိ လိုအပ်ပါတယ်။
အခြေအနေတွေခက်ခက်ခဲခဲဖြစ်လာချိန်မျိုး မှာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဟာ
ပြင်းပြင်းထန်ထြန်ရှိနေဖို့နဲ့ သတ္တိရှိနေဖို့ဆိုတာ မရှိမဖြစ်တဲ့အရာတွေပါ။
ရိုးသားဖို့ဆိုတာသတ္တိ ကအရေးကြီးပါတယ်။
ကိုယ့်ဘာသာရယ်မော ပစ်နိုင်ဖို့လည်းသတ္တိက အရေးကြီတာပါပဲ။ 
သင်မှားသွားတဲ့အခါမှာ  သတ္တိရှိရှိဝန်ခံဖို့ကလည်း မရှိမဖြစ်လိုအပ်ချက်ပါ။




(ဆက်သွယ်မှုရှိခြင်း)
ထိရောက်တဲ့ ဆက်သွယ်မှု မရှိရင်စီးပွားေ၇းလုပ်ငန်းဖြစ်စေ၊ ပုဂ္ဂလိက ဆက်ဆံရေးမှာဖြစ်စေ
အလုပ်မဖြစ်တဲ့အထောက်အထားတွေ ရှိပါတယ်။
ဈေးကွက်၊ သင့်လုပ်ဖော်ကိုင်ဖက်များနဲ့ မိတ်ဆွေတွေက
သင်ဘာဆက်လုပ်နေတယ်ဆိုတာနားလည်နေဖို့ကအဓိက  ကျပါတယ်။
ကျန်းမာရေးနဲ့မညီညွတ်တဲ့အတွေးတွေကနေပြီးကျန်းမာရေးနဲ့မညီညွတ်တဲ့
တွေးတောမှုတွေထွက်ပေါ်လာပါတယ်။ 
ဒီအတွေးတွေဟာဆက်သွယ်မှုအားနည်းခြင်းနဲ့နားလည်မှုလွဲမှားခြင်းတွေက
ဖန်တီးပေးလိုက်တာ ဒါမှမဟုတ်တွန်းအားပေးလိုက်ခြင်းပါ။
ဆက်သွယ်မှုဟာ မဟာဗျူဟာအောင်မြင်ခြင်းအတွက် လိုအပ်တဲ့ပစ္စည်းကိရိယာတစ်ခုဖြစ်ပါတယ်။။




(ဆွဲဆောင်မှုရှိခြင်း)
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆွဲဆောင်မှုရှိခြင်းက
အောင်မြင်ခြင်းရဲ့အရေးပါတဲ့အကြောင်းတစ်ရပ်ပါ။
ဆွဲဆောင်မှုဆိုတာငွေကုန်ကြေးကျခံပြီး ပြုပြင်မွမ်းမံထားတဲ့အပေါ်ယံအရည်အချင်းတွေမဟုတ်ပါဘူး။
အပြုံးပန်းတစ်ပွင့်ပါ။
ရယ်စရာမောစရာတစ်ချို့တလေနဲ့ သူတစ်ပါးအပေါ်စစ်မှန်တဲ့စိတ်ဝင်စားမှုတွေရှိရင်
သင်ဟာ ဆွဲဆောင်မှုရှိနေတယ်လို့ပြောနိုင်ပါပြီ...
တခြားအောင်မြင်ခြင်း အမူအရာတွေအားလုံးလိုပဲ ဆွဲဆောင်မှုက အခြေအနေနဲ့ကိုက်ညီမှုရှိရမယ်။
သင့်ဆွဲဆောင်မူကိုရိုးသားမငက ကျောထောက်နောက်ခံပြုထားရမယ်။
ပြီးတော့ ဒါဟာ သင့်ဥပဒိရုပ်တစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြင်သင့်တယ်....
ဆိုးရွားတဲ့ရောင်းဝယ်မှု ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးတာမျိုး
မလုပ်ခင်မှာ ဆွဲဆောင်မှုရှိရှိအောင် လုံးပမ်းတာမျိုးဆိုရင်တော့သင်ဟာ
ရေရှည်မှာ  အောင်မြင်ခြင်းကိုရရှိနိုင်မျာမဟုတ်ပါဘူး..။




(စာနာရိုင်းပင်းတတ်ခြင်း)
လူသားတိုင်းလိုလိုဟာ အတူတူချည်းပါပဲ။
ဘယ်လိုနေရာတွေမှာတူသလဲဆိုရင် အမှားတွေလုပ်ကြတယ်၊
ခွင့်လွှတ်ခြင်းနဲ့စာနာရိုင်း ပင်းခြင်းကိုလိုချင်ကြတယ်၊
တစ်ခါတစ်လေမှာဒေါသလိုမျိုး မကောင်းတဲ့စိတ်ခံစားမှုတွေဟာ
သင်တို့ကို ဝါးမြိုလောင်မြိုက်စေပါ တယ်။ 
ပြီးတော့အပြစ်တင်လွှဲချတတ်တဲ့လှည့်ကွက်ရောဂါလက္ခဏာဝင်လာတော့တာပါပဲ။
အတွေးတွေထဲမှာ လူတိုင်းက ကျွန်တော့ ကိုဒေါသဖြစ်အောင်၊မကျေမချမ်းဖြစ်အောင်လုပ်နေတာ။
ဒါကျွန်တော့အတွင်း သန္တာန်က ထွက်ပေါ်လာတာမဟုတ်ဘူးလို့. စပြီးတွေးလာပါတယ်...
အဲဒီလိုရန်သူကိုတရစပ် တုံ့ပြန်ဖို့ ရင်ဆိုင်လာရတဲ့အခြေအနေမျိုးမှာ
ပင်ကိုအသိစိတ်က ပြန်ချဖို့ ဒါမှမဟုတ် ခုခံတဲ့အနေနဲ့တုံ့ပြန်ဖို့.... ကျုပ်တို့ကိုပြောပါတယ်။
တကယ်တော့စာနာရိုင်းပင်းတတ်ခြင်းဟာ အားကောင်းတဲ့လက်နက်တစ်ခုပါ။
လမ်းဆုံတစ်ခုထဲရောက်နေသူ တစ်ဥိးဦးအတွက် စာနာရိုင်းပင်းတဲ့စိတ်ခံစားလာရတာနဲ့
သင့်အတွက်ရော သူတို့အတွက်ပါ    
အထောက်အပံ့ဖြစ်သွားတာပါပဲ။
ဒီစကားရပ်ရဲ့ “စာနာ”တယ်ဆိုတဲ့အဓိပ္ပာယ်က အကုန်အရေးကြီးတဲ့သဘောပါ။
သင်လုပ်နေတဲ့အလုပ်ကို သင်ကိုယ်တိုင်မယုံကြည်ရင်တော့
တခြားလူတွေလုပ်ဖို့ဆိုတာက ပိုခက်ခဲတာပေါ့..။




ယုံကြည်မှုရှိခြင်း
ယုံကြည်မှုရှိခြင်းဟာ အရာဝထ္ထုအများအပြားကနေပြီးလာတာပါ။
သင့်ကိုယ်သင် သိထားရမယ်ဆိုတဲ့အကြောင်းအရာကိုသိတာက စလာတာပါ။
တစ်ချို့လူတွေဟာ ယုံကြည်ချက်အများအပြားနဲ့အတူမွေးဖွားလာသလားလို့ အောက်မေ့ရပါတယ်။
ဒါက အခြေခံခိုင်ခိုင်မာမာနဲ့လာတာဆိုရင်အခြေခံခိုင်ခိုငမာမာနဲ့လာတာဆိုရင်
အပြုသဘောဆောင်ပါတယ်။
ဒါပေမယ့်ယုံကြည်ချက်လွန်ကဲသွားပြန်ရင်တော့ မာနကြီး၊ စိတ်ကြီးဝင်
ဒါမှမဟုတ် မိုက်မဲတဲ့အသွင်ကိုဆောင်နိုင်ပါတယ်။
ယုံကြည်ချက်ဟာ အချက်အလက်ပေါ်မှာအခြေပြုဖို့လိုအပ်ပါတယ်။
ယုံကြည် ချက်တိုးလာတာနဲ့ ဆောင်ရွက်ဖို့သင့်စွမ်းရည်တိုးလာအောင် လုပ်ရင်
သင့်ယုံကြည်ချက်လည်းတိုးပွားလာလိမ့်မယ်။ သူတို့က တိုက်ရိုက်ဆက်စပ်နေတာပါ။




ထိန်းချုပ်နိုင်ခြင်း
မှန်ကန်အားကောင်းတဲ့ တွေးခေါ်မှုဟာသင့်အတွေးတွေနဲ့
သင့်စိတ်ခံစားမှုတွေကို ထိန်းချုပ်ပေးနေတဲ့အကြောင်းပါ။
သတိရဖို့က အတွေးတစ်ခု မရှိဘဲနဲ့သင့်မှာစိတ်ခံစားချက်တစ်ခုမရှိနိုင်ပါဘူး။
စိတ်ခံစားမှုကိုအသိအမှတ်ပြုပြိးအတွေးကိုထိန်းချုပ်ရမှာ။
စိတ်ခံစားမှု ပြောင်းဖို့...အတွက် အတွေးကိုပြောင်းပစ်ရပါမယ်။




ကတိတည်ခြင်း
တစ်ခါတစ်ရံ အလွယ်ဆုံူးကိစ္စဟာ လက်မြှောက်အရှုံးပေးလိုက်တာပါ။
တစ်ခါတစ်ရံအဲဒါမျိုးလုပ်ဖို့လိုပါတယ်။
ဒါပေမယ့်သင့်ရည်မှန်းချက်ကိုသင်ယုံကြည်ရင်ပြီးတော့ အောင်မြင်အောင်
အကောင်အထည် ဖော်ချင်ရင်သင်ဒီကိစ္စကို ကတိတည်ရမယ်။
ဆိုလိုတာက အရှုံးမပေးရဘူး၊
တစ်ခါတလေ သင်လက်မြောက်အရှုံးပေးစိတ်ပေါ်လာသည့်တိုင်အောင်..အရှုံးမပေးမိဖို့ပါပဲ.....။
သင်ဟာရည်မှန်းချက်ရောက်အောင်သဘောထားနဲ့...
အပြုအမှုတွေပြောင်းလဲဖို့လိုအပ်ရင်..လိုအပ်ပါလိမ့်မယ်..
ဒါပေမယ့်ဆက်ပြီးအကောင်ထည်ဖော်ရပါမယ်...။




ရောင့်ရဲမှုရှိခြင်း
ရောင့်ရဲမှုရှိခြင်းဆိုတာ လမ်းခရီးရဲ့အတက်အကျတွေကို သာယာကြည်နုးမှု့ရှိတဲ့ အကြောင်းပါ..။
ဘာမှမရှိတဲ့...တဒင်္ဂ အခြေအနေမှာတောင်ရောင့်ရဲမှုရှိရပါမယ်။
သင်ဦးတည်ထားတဲ့ခပ်လှမ်းလှမ်းကိုသာအာရုံစိုက်နေပြီး
လက်ရှိကြုံရတဲ့အတက် အကျတွေကို မွေ့လျှော်မှုမရှိရင် သင့်ဘဝတစ်လျှောက်မှာ
အများကြီးလွတ်ကျခဲ့မယ့်အန္တရာယ်ရှီတယ်..။
ဦးတည်ချက်တစ်ခုကိုသွားနေဖို့..လိုအပ်တယ်ဆိုရင် သွားနေတဲ့
ခရီးလမ်းတစ်လျှောက်မှာ သင်တွေ့သမျှတွေကိုကြည်နူးမွေ့လျှော်ဖို့ ကလည်းအရေးကြီးပါတယ်။
သူကထပ်လာမှာမဟုတ်တော့ပါဘူး။
အောင်မြင်ဖို့ဆိုရင် သင့်မှာရှိတာတွေကို တန်ဖိုးထားတတ်ရမယ်။
ပြီးတော့သင့်မှာမရှိတာတွေ.. အကြောင်းကိုတွေးပြီး စိတ်းမသက်မသာဖြစ်မနေရပါဘူး



အားလုံးကိုလေးစားစွားဖြင့်....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့