နွေဦးပိတောက် သင်္ကြန်ရောက်လို့
လေရူးပွေတဲ့ တန်ခူလေရေ....
တနှစ်တခါ ရောက်လို့လာလဲ
မင်းမရှိတဲ့ ဒီတန်ခူးကို
ဘယ်လိုဖြတ်သန်းရပါ့မလဲ။ ။
သင်္ကြန်ဒိုးသံ ကြားရပြန်လည်း
စိတ်ကမပျော် လာမခေါ်လည်း
ရောက်နေသည်က တရုတ်ပြည်မို့
ဘယ်လိုပျော်နိုင် ရှာမည်နည်း။ ။
ကြင်နာသူရေ..........
ဘယ်လိုခြေနေ ကြုံကာနေလဲ
မင်းနဲ့သင်္ကြန် တွဲမြင်ပြန်မို့
အရောက်လာမည် ကိုယ့်ဌာနီ။ ။
ကိုယ်လာမည့်လမ်း နေ့စဉ်မှန်းလို့
ပိတောက်ပိုက်ကာ ကြိုနေပါတော့
မင်းနဲ့ပိတောက် ကြိုနေလောက်မဲ့
နေ့ရက်အရောက် ကိုယ်လေရောက်အောင်
လာပါမည်ဟု ကတိပေးတယ်
ချစ်လေးရယ်........။
No comments:
Post a Comment