Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 1 April 2012

ရည်းစားမထားတာကောင်းတယ်

လူနှစ်ယောက်ဆုံတွေ့ကြပြီး ရည်းစားဖြစ်ကြခြင်းဟာ အထူးအဆန်း မဟုတ်ပေမယ့်လို့ ဘာအတွက်ကြောင့် အခုလို လာရောက်တွေ့ဆုံးလို့ ရည်းစားဖြစ်နေကြရတယ် ဆိုတာကတော့ ထူးဆန်းနေပါတယ်။ ရှေးဘ၀တွေ သံသရာအဆက်ဆက်က ရေစက်ကြောင့်လား၊ ရှေးဘ၀ဟောင်းကပြုခဲ့ဖူး ထားရှိခဲ့ကြဖူးတဲ့ သစ္စာစကားတွေကြောင့်လား၊ ယခုလက်ရှိဘ၀တွေမှာ ရည်းစားဖြစ်ကြပါတယ်။

ဘယ်လိုအကြောင်းမျိုးကြောင့်ဖြင့် ဆုံဆည်းစေကာမူ အဓိကအကြောင်းရင်းကတော့ သံသရာလည်နေကြတဲ့ ဘ၀တွေထဲမှာ တစ်နည်းနည်းနဲ့တော့ တွေ့ဆုံကြ ရည်းစားတွေ့ဖြစ်ကြပြီးမှ တွေ့ဆုံ ကြုံကွဲ ဖြစ်မြဲ ဓမ္မတာတွေကို ရင်ဆိုင်တွေ့ကြုံနေကြရသည်မှာတော့ မလွဲဧကန်ပင်ဖြစ်ပါတယ်။

သူငယ်ချင်းတွေလည်း အချင်းချင်းလည်း သံယောဇဉ်ဖြစ်ပြီးမှ ရည်းစားဖြစ်ကြတာတွေရှိပါတယ်။ လူတွေအများစုဟာ အဓိက သံသရာလည်နေရခြင်းအကြောင်းရင်းကတော့ ရည်းစား၊ ချစ်သူ အစရှိတဲ့ သံယောဇဉ်က အဓိကတရားခံဖြစ်လို့နေပါတယ်။

သံယောဇဉ်ဟူသော ကြိုးသည် မျက်စိဖြင့် မမြင်နိုင်သော်လည်း အင်မတန် ရစ်ဖွဲ့နှောင်ဖွဲ့တက်ပြီး ရစ်ပတ်မိပြန်လျှင်လည်း အင်မတန်ကိုပင် ရုံးထွက်ရန် ခက်ခဲလှသော ကြိုးတစ်ချောင်းဖြစ်ကြောင်းကို ရည်းစားထားဖူးကြသူများ အားလုံးတော့ စိတ်ခံစားမူဖြင် သိမြင်နိုင်ကြမှာပါ။

ရည်းစားထားခြင်းဟူသည်မှာ ကမ္ဘာပေါ်ရှိ လူသားများဟာ သူသူငါငါ မရှောင်လွှဲနိုင်ကြပဲ တစ်ဦးနှင့်တစ်ဦး သံယောဇဉ်တွေ ရစ်ပတ် နှောင်ဖွဲ့မိသည်မှစလို့ ခံစားမူတွေအခြေတည် ဖြစ်ပေါ် ပေါက်ဖွားလာခြင်းဖြစ်ပါတယ်။

အဲ့ဒီလို သံယောဇဉ်တွေရစ်ပတ်လို့ ခင်မင် ရင်းနှီး ချစ်ခင်ကြကာ ရည်းစားအဖြစ်နှင့် ဆုံဆည်းကြရာမှာ တချို့ဟာစိတ်သဘောထားခြင်း တိုက်ဆိုင်ကြသလို၊ တချို့စိတ်သဘောထားခြင်း မတိုက်ဆိုင်ကြပါဘူး။ တချို့ဟာ သစ္စာရှိကြသလို၊ တစ်ချို့ကတော့ သစ္စာမရှိကြတာတွေလည်းရှိပါတယ်။

ရည်းစားဖြစ်ကြပြီးမှ အဆင်ပြေနေတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ အဲ့ဒီလိုအဆင်ပြေဖို့ဆိုတာကတော့ဖြင့် တစ်ဦးပေါ်တစ်ဦး ပြဿနာတစ်ခု ကိစ္စတစ်ခုဖြစ်လာတဲ့အခါမှာ ပြဿနာဖြစ်ရခြင်းအကြောင်းကို စိတ်အေးအေးထားပြီး သိရှိနားလည်အောင် မေးမြန်းဖြေရှင်းတက်ပြီး အမှားကိုသိခဲ့ရင်တောင်မှ နားလည်ခွင့်လွှတ်မူတွေနဲ့ အပြန်အလှန် ဖေးမကူညီကြရင်း သံယောဇဉ်ကိုအရင်းခံ မေတ္တာတရားအခြေတည်ပြီး ဖေးဖေးမမနဲ့ လက်တွဲသွားပါမှ ရည်းစားသက်တမ်းရှည်ကြာတည်မြဲနိုင်ပါတယ်။ ရည်းစားဘ၀ကနေ လက်တွဲဖြစ်တာက ရှိပေမယ့်လို့ ရှားပါတယ်။

ရည်းစားဖြစ်ကြပြီးမှ အဆင်မပြေကြလို့ လမ်းခွဲသွားရသူတွေလည်း အင်မတန်များပါတယ်။ အဲ့ဒီလို အဆင်မပြေကြရခြင်းအကြောင်းကတော့ဖြင့် ခုနက အပေါ်မှာ ပြောပြခဲ့တာနဲ့ ဆန့်ကျင်ဘက်တွေပါပဲ။ ပြဿနာတစ်ခု ကိစ္စတစ်ခုဖြစ်လာတဲ့အခါမှာ ပြဿနာဖြစ်ရခြင်းအကြောင်းရင်းကို စိတ်အေးအေးထားပြီး သိရှိနားလည်အောင် မေးမြန်းပြီး မဖြေရှင်းတက်ပဲ သူဖြစ်ချင်တာပဲသိပြီး သူ့စိတ်ကိုပဲ ဦးစားပေးတက်သလို အမှားကိုသိခဲ့ရင်တောင်မှ ခွှင့်လွှတ်နားလည်ပေးမူမရှိသလို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရတွေလည်း ပါနေပါသေးတယ်။ နားလည်မူမရှိတဲ့ ရည်းစားတွေဟာ ကြာလာရင် ခဏခဏပြဿနာတွေတက် စိတ်ရူပ်ထွေးစေပြီး ကိုယ့်ရည်းစားဟာ စိတ်ရူပ်စရာလို့ထင်ပြီးမှ လက်တွဲဖြုတ်ကြတာတွေဟာ ပိုလို့များနေတာတွေ့ရပါတယ်။

တစ်ကယ်တော့ ရည်စားဖြစ်ပါစေ၊ ချစ်သူဖြစ်ပါစေ။ လွတ်လပ်သော ချစ်ခြင်းမျိုးမှသာ ရည်းစားဘ၀ကို ရည်ရှည်တည်တံ့စေပါတယ်။ ကိုယ့်ရဲ့ ရည်းစားဖြစ်သူကို သူမကြိုက်တာတွေမလုပ်ရ သူဖြစ်ချင်တဲ့အတိုင်းပဲ လုပ်ခိုင်းတာကတော့ မိမိက ကိုယ့်ရည်းစားကို ချစ်တာထက် မိမိကိုယ်ကိုယ်ချစ်နေလို့ မိမိစိတ်ရှိသလို မိမိစိတ်ရှိတဲ့အတိုင်း ဖြစ်စေချင်နေတာပါ။ ကိုယ့်ရည်းစားကို တစ်ကယ်ချစ်တယ်ဆိုရင်တော့ဖြင့် ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေထက် သူဖြစ်ချင်တာမျိုးကိုသာ ဦးစားပေးပြီး နားလည် လိုက်လျောပေးတက်ပါတယ်။ ဒီလိုမှသာ မေတ္တာခြုံပြီး လုံခြုံတဲ့ ရည်းစားဘ၀ဖြစ်စေမှာပါ။

စိတ်သဘောထားမတိုက်ဆိုင်လို့ သစ္စာမရှိလို့ ရည်းစားတွေ လမ်းခွဲ ပြတ်ဆဲ ကြရတဲ့အချိန်တွေမှာဆိုရင်ဖြင့် ချန်ခဲ့သူဟာ မိမိရည်းစားဖြစ်သူအပေါ် စိတ်ညစ်လို့ စိတ်ရူပ်သွားလို့ မလိုအပ်တော့လို့ အဆင်မပြေတော့လို့ မဖြစ်နိုင်တော့လို့ ချန်ထားခဲ့တာဖြစ်ပြီးမှ အဲ့ဒီလို ချန်ထားခဲ့သူအတွက်ကတော့ ခဏတာသာခံစားရပြီးတော့ ဘာမှမဟုတ် မပြောပလောက် မေ့ပစ်နိုင်သလို နောက်တစ်ယောက်တွဲပြီး ပျော်ကောင်းပျော်နေနိုင်ပေမယ့်လို့ ရည်းစားထားခဲ့လို့ ကျန်ခဲ့ရသူကတော့ဖြင့် သံယောဇဉ်ကြီးရင်ကြီးသလောက် အချစ်ကိုကိုးကွယ်မိရင် ကိုးကွယ်မိသလောက် အနဲနဲ့ အများတော့ ခံစားကြရမှာပဲလေ။ ရည်းစားဖြစ်ကြတဲ့သူတွေမှာ နားလည်မူတွေနဲ့ ဘ၀တစ်လျှောက် ကူညီဖေးမရင်း လက်တွဲလျှောက်လှမ်းဖြစ်တာတွေရှိပေမယ့်လို့ အများအားဖြင့် ချန်ခဲ့သူနဲ့ ကျန်ခဲ့ရသူ တွေကပိုလို့တောင်များနေပါသေးတယ်။

တစ်ကယ်တော့ ရည်းစားထားတယ်ဆိုတာဟာ သံယောဇဉ်ကြိုးတစ်ချောင်းနဲ့ ချည်နှောင်လိုက်တယ် ဆိုရင်လည်း မမှားဖူးထင်ပါတယ်။ တစ်ယောက်ထဲနေရာကနေ အဲ့လို ရစ်ပတ်မိလိုက်ရင်တော့ ကိုယ်ဖြစ်ချင်တာထက် ကိုယ့်ရည်းစားဖြစ်ချင်တာကို ဦးစားပေးနေထိုင်ရသလို ကိုယ်တစ်ခုခုလုပ်တော့မယ် ဆိုပြန်ရင်လည်း ငါဒီလိုလုပ်လိုက်ရင် ငါ့ရည်းစားကကြိုက်ပါ့မလား ဦးနှောက်အလုပ်လုပ်ရသလို တွေဝေရပြန်ပါတယ်။ ကိုယ်ကတော့ ဘာမှမဟုတ် ဘာမှမဖြစ်လောက်ပါဖူးဆိုပြီး ကိစ္စတစ်ခုကိုလုပ်လိုက်မိချိန်မှာတော့ ကိုယ့်အပေါ်နားလည်မူပေးတဲ့ ရည်းစားဖြစ်နေရင်တော့ အသေးအဖွဲကိစ္စလေးလို နားလည်မူနဲ့ ပြီသွားပေမယ့်လို့ အချစ်ကြီးပြီး ငါအတ္တကြီးကို ကိုးကွယ်သူများဖြစ်နေမယ်ဆိုရင်တော့ဖြင့် ငါ့ကိုမတိုင်မင်ပဲလုပ်ရသလား ငါ့ကိုမချစ်ဖူးလား ငါ့ကိုဘာမှတ်နေလဲဆိုပြီးမှ ဖိုက်တင်ခန်းတွေပါလာပါတော့တယ်။ မလွယ်ဖူးနော် ကောင်းသလား။

ကျွန်မကတော့ ရည်းစားမထားတာကိုကောင်းတယ်လို့ ခံယူထားပါတယ်။ ဘာလို့လဲဆိုရင်တော့ ရည်းစားထားလိုက်မိတယ် ချစ်လိုက်မိပြီဆိုရင်ပဲ ကိုယ်ဖြစ်ချင်တာ ကိုယ့်စိတ်ဆန္ဒတွေထက် ကိုယ့်ရည်းစားဖြစ်ချင်တာ ကိုယ့်ရည်းစားဆန္ဒတွေကိုသာ တစ်ချိန်လုံး လိုက်လျောပေးနေရတော့မှာဖြစ်လို့ပါ။ ကိုယ်ဖြစ်ချင်တာ ကိုယ့်ဆန္ဒထက် ကိုယ့်ရည်းစားဖြစ်ချင်တာ ကိုယ့်ရည်းစားဆန္ဒတွေကို အတက်နိုင်ဆုံး လိုက်လျောပေးနိုင်မှသာလျှင် ရည်းစားတွေသက်တမ်းရှည်ကြာစွာနဲ့ လက်တွဲနိုင်ကြမှာဖြစ်လို့ပါ။

အဲ့ဒီအတွက် ကိုယ့်အလိုလိုက်လို့ ကိုယ့်ကိုချစ်လို့ ကိုယ့်ကို နားလည်လိုက်လျောမူတွေနဲ့ ဦးစားပေးခံရ အချစ်ခံရသူတွေဟာ အဲ့ဒီခွင့်လွှတ်မူတွေနဲ့ ချစ်နေသူအပေါ်မှာ သစ္စာမဲ့လိုက်လို့ကတော့ သေဖို့သာပြင်ထားပဲ။ ဘာလို့လဲဆိုတော့ သဘောထားကြီးတဲ့သူတွေ ဒေါသထွက်ရင် သေလောက်အောင် ကြောက်ဖို့ကောင်းတာမြင်ဖူးလို့ပါ။ အချစ်ကြီးရင် အမြတ်ကြီးတယ်ဆိုတဲ့ စကားပုံလေးလည်း ကြားဖူးကြမယ်ထင်ပါတယ်။ ဘယ်လိုပဲ ဦးစားပေး အရေးပေးခံနေရလို့ အဲ့လိုလူတွေဟာလည်း ပျော်ကြရတယ်ဆိုပေမယ့်လို့ ရည်းစားထားလိုက်ခြင်းအားဖြင့် တစ်ယောက်ထဲ ကိုယ့်စိတ်နဲ့ ကိုယ့်ဆန္ဒတွေနဲ့ လွတ်လပ်ပျော်ရွှင်နေရတဲ့ ဘ၀ကြီးမှာ ရည်းစားဆိုတဲ့ သံယောဇဉ်ကြိုးတစ်ချောင်းနဲ့ ကိုယ့်ဘ၀ကြီးကို ကိုယ့်ပါသာ ပြန်ချည်နှောင်မိပြီး မလွတ်လပ်တော့သလို အဲ့ဒီချည်နှောင်ထားတဲ့ ကြိုးတစ်ချောင်းဟာ လျှော့ရင်လျှော့သလောက် တင်းရင်တင်းသလောက် မလွဲမူချ ခံစားရသလို ပူလောင်ရမှာဖြစ်လို့ ရည်းစားမထားတာကောင်းတယ်လို့ ပြောရခြင်းဖြစ်ပါတယ်။ ဒါကတော့ အချစ်ရေး ရူထောင့်ကကြည့်တာဖြစ်ပါတယ်။

ဘာသာရေးရူထောင့်ကကြည့်မယ်ဆိုရင်တော့...
ချစ်သူ၊ ရည်းစား၊ မိသားစု မေတ္တာတွေအားလုံးဟာ ဝဋ်ဆင်းရဲမှာ ဖွဲ့တတ်တဲ့ သဘောတရားတွေဟာ သံယောဇဉ် မည်ပါတယ်။ လောကမှာရှိတဲ့ နှောင်အိမ်အမျိုးမျိုး နှောင်ကြိုးအမျိုးမျိုးနဲ့ တူတဲ့ တရားတွေဖြစ်ပါတယ်။ စာဖတ်သူတို့ ဗဟုသုတအနေနဲ့ ပြောပြရရင်တော့ဖြင့် -
၁။ ကာရာမသံယောဇဉ် = ကောင်းတာတွေကိုလိုချင်တောင့်တ နှစ်သက်တာ ဖြစ်ခြင်း။
၂။ ဘ၀ရာဂသံယောဇဉ် = ဘ၀ကို နှစ်သက်သာယာနေတာ ဖြစ်ခြင်း။
၃။ ပဋိဃသံယောဇဉ် = စိတ်ဓာတ်ကျတာ စိတ်ဆိုးတာကြောက်ရွံ့မုန်းတီးတာ သူတစ်ပါးကို ပျက်စီးစေလိုတာတွေ ဖြစ်ခြင်း။
၎။ မာနသံယောဇဉ် = ကိုယ်ဟာသူထက် အဆင့်မြင့်တယ် ပညာကြီးတယ် ပိုက်ဆံရှိတယ် ရာထူးကြီးတယ်လို့ မြင်နေခြင်း။
၅။ ဒိဌိသံယောဇဉ် = မှားတဲ့အယူကို စွဲလမ်းနေတာ ဖြစ်ခြင်း။
၆။ သီလဗ္ဗတသံယောဇဉ် = နွားတွေခွေးတွေလို အလေ့ကျင့်မှ ကိလေသာစင်ကြယ်ပြီး သံသရာ လွတ်မြောက်တယ်လို့ မှားယွင်းသော အကျင့်ရှိသူ ဖြစ်ခြင်း။
၇။ ၀ီစိကိစ္ဆာသံယောဇဉ် = သို့လော သို့လော သံသယစိတ် ဖြစ်ခြင်း။
၈။ ဣသ၁ာသံယောဇဉ် = သူများဂုဏ်သိက္ခာစည်းစိမ်ချမ်းသာကို ငြူစူစောင်းမြောင်းစိတ် ဖြစ်ခြင်း။
၉။ မစ္ဆရိယသံယောဇဉ် = ကိုယ့်ရဲ့စည်းစိမ်ကို ၀န်တိုတာနှမြောတာ သူတစ်ပါးနှင့် မဆံလိုတာ ဖြစ်ခြင်း။
၁၀။ အ၀ိဇ္ဇာသံယောဇဉ် = ရုပ်နာမ် သဘာဝကို မသိတာတွေ ဖြစ်ခြင်း။

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ချစ်သူ၊ ရည်းစား၊ မိသားစု အစရှိတဲ့ နှောင်ဖွဲမူတွေတိုင်းဟာ တဏှာအချစ်တွေဖြစ်သလို ဆက်စပ်ပြီးဖြစ်ပေါ်လာတက်ကြတဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အရာတွေကို ရှင်သန်ပေါက်ဖွားစေတာမို့ ဤသံယောဇဉ်တို့သည် သတ္တဝါများကို ဝဋ်ဆင်းရဲမှ မလွတ်အောင် တစ်မျိုးစီ ယှဉ်စပ် ဖွဲ့နှောင်တတ်ကြတဲ့ သဘောတူသကဲ့သို့ ရှိသော်လည်း အဝေးဘုံဘဝသို့ ရောက်စေကာမူ မိမိဘုံသို့ ပြန်ရောက်လာအောင် ကြိုးဖြင့် ဆွဲထားဘိသကဲ့သို့ ဆွဲချည် ဖွဲ့နှောင်တတ်သော သဘောသည် သံယောဇဉ်ဖြစ်သည်။

ထိုသံယောဇဉ်အရင်းခံဖြစ်တဲ့ ချစ်သူ၊ ရည်းစား၊ မိသားစု အစရှိသော ချစ်ခြင်းတရားများသည် သံသရာကိုဖြစ်ပေါ်စေသော အကြောင်းတရားဖြစ်သောကြောင့် သံသရာမှာလည်ပတ်နေရသော အကျိုးတရားများပင်ဖြစ်ပါသည်။ အထက်ဖော်ပြပါ သံယောဇဉ်များကို ရစ်ပတ်မိလျှင်ဖြင့် သံယောဇဉ်ရဲ့ ကျေးကျွန်ဖြစ်ရသလို ဘ၀အဆက်ဆက်တွင်လည်း အင်မတန်မှကို ပူလောင်ရသလို သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် အင်မတန်ခက်ခဲလှပြီး ဗုဒ္ဓဘာသာတိုင်းရဲ့ နောက်ဆုံးရည်မှန်းချက်ဖြစ်တဲ့ နိဗ္ဗာန်လမ်းကို ရည်းစားထားခြင်းဖြင့်လည်း သံသရာကို ရှည်စေတာကြောင့် သံသရာမှ မလွတ်မြောက်နိုင်သလို နိဗ္ဗာန်နှင့် အလှမ်းဝေးနေရမှာဖြစ်လို့ ရည်းစားမထားတာကောင်းတယ်လို့ ထောက်ခံလိုက်ပါရစေရှင်။

သူငယ်ချင်းမိတ်ဆွေများအားလုံးလည်း သံယောဇဉ်ကင်းလို့ ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို ရရှိနိုင်ကြပါစေလို့ တောသူမလေးမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့