Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 4 April 2012

Window XP မှာ ကွန်ပျုတာစကားပြောနိုင်တယ်

အခုတင်ပြပေးမည့် နည်းလမ်းလေးကတော့ windows xp အသုံးပြုနေတဲ့ဘလော့မိတ်ဆွေများ အတွက်ဖြစ်ပါ တယ်. ဘာလုပ်တဲ့နည်းလမ်းလဲ ဆိုတော့ မူကြိုကျောင်းတက်နေတဲ့ ကျောင်းသား၊ကျောင်းသူများမှ အစ အင်္ဂလိပ်စာအသံထွက် တိတိကျကျ သိရှိ
နားလည် လိုသူများအတွက် စာအုပ်၊ ဘောပင် ၊ကျောက် သင်ပုန်း၊ ကျောက်တံတွေနဲ့ လေ့ကျင့် နေစရာမလိုဘဲ အင်္ဂလိပ် spelling နှင့်  အသံထွက်ကိုပါတစ်ခါ တည်း လေ့ကျင့်ပေးနိုင်အောင် ပြုလုပ်ထားတဲ့ program လေးတစ်ခုပါ။ အသုံးဝင်မယ်ထင်လို့  လေ့လာမိသလောက် ကျနော့် မိတ်ဆွေများအတွက် ပို့ စ်တစ်ခု အနေနဲ့ တင်လိုက်ရခြင်းဖြစ်ပါတယ်။
အောက်မှာမိမိတို့ ကိုယ်တိုင် လိုက်လုပ်ကြည့် လိုက်ရအောင်....

step | 1 | Window + R( Run ) ကိုခေါ် ပြီး notepad ရိုက်ပြီး OK ပေးလိုက်ပါ။ အောက်ပုံ....
step | 2 | ပေါ်လာတဲ့ notepad ထဲမှာ အောက်က ကုဒ်လေးတွေကို ထည့်လိုက်ပါ။
Dim msg, sapi

msg=InputBox("Enter your text","nayminkhit voice Software")


Set sapi=CreateObject("sapi.spvoice")


sapi.Speak msg
အောက်ပုံ
step | 3 | ပြီးရင် Save as လုပ်တဲ့နေရာမှာ မိမိတို့ ကြိုက်တဲ့အမည်ပေးပြီး နောက်မှာ .vbs ဆိုပြီး desktop ပေါ်မှာ သိမ်းလိုက်ပါ ။ အောက်ပုံ...
step | 4 | အခုဆိုရင် desktop ပေါ်မှာ မိမိတို့ သိမ်းလိုက်တဲ့ ဖိုင်လေးရောက်ရှိလာပါလိမ့်မယ်။ အောက်ပုံ...
tep | 5 | အဲဒီဖိုင်လေးကိုဖွင့် ပြီး မိမိတို့ မသိတဲ့ စာစုတွေ့ ရေပြီး OK ပေးလိုက်ရင် မိမိကွန်ပျူတာမှ စာစု အားလုံးရဲ့ အသံထွက်တွေကို ဆိုပြပါလိမ့်မယ်။ အောက်ပုံ..


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့