(သဘောထား မတိုက်ဆိုင်သူ များ မဖတ်ပဲနေနိုင်သည်။)
[၁] မိန်းကလေးတစ်ယောက်ကို တစ်ကယ် မချစ်ပဲနှင့် ချစ်တယ်မပြောပါနှင့်။
[၂] ကိုယ်တစ်ကယ်ချစ်သူကို ချစ်တယ်ပြောဖို့ ဝန်မလေးပါနှင့်။
[၃] ပါးစပ်က ချစ်တယ်ပြောသလို (ပြောသလောက်) လက်တွေ့တွင်လည်း ချစ်မြတ်နိုးပါ။
[၄] မိမိချစ်ရသူကို ကြင်နာယုယဖို့ တုန့် နှေးမနေပါနှင့်။
[၅] ချစ်သူမိန်းကလေးအား ထီးဆောင်းပေးသောကြောင့် သူငယ်ချင်းများက နွားဖြစ်ပြီဟုစသော အခါပြုံးပြုံးကြီးသာခံယူပါ။
သူတို့ တွင် သင်ကဲ့သို့ ယုယကြင်နာသော နှလုံးသားမရှိ (သို့ )ယုယဖို့ ရာကောင်မလေးမတွေ့သေးသောကြောင့်ဟုတွေးလိုက်ပါ။
သူတို့ တွင် သင်ကဲ့သို့ ယုယကြင်နာသော နှလုံးသားမရှိ (သို့ )ယုယဖို့ ရာကောင်မလေးမတွေ့သေးသောကြောင့်ဟုတွေးလိုက်ပါ။
[၆] မိမိသည်ယောကျာ်းလေးဖြစ်သည့်အလျောက် အရာရာတွင် ချစ်သူအား အလျော့ပေးနိုင်ရန်ကြိုးစားပါ။
သို့ သော် အရာရာတွင် 'အရှုံး'ပေးပါက လူညံ့ဖြစ်လိမ့်မည်။
သို့ သော် အရာရာတွင် 'အရှုံး'ပေးပါက လူညံ့ဖြစ်လိမ့်မည်။
[၇] အချိန်တိုင်းအခါတိုင်း ချစ်သူအား ကြင်နာစွာဆက်ဆံသင့်သော်လည်း ပျင်းရိသော အချစ်အဖြစ်သို့ မရောက်မှီ သေးမွှားသော စိတ်ဆိုးစရာလေးဖန်တီးပေးပါ။
[၈] ချစ်သူနှင့် ပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ။
(သို့သော် ပြသနာများကိုပြောပြီး ခိုကဲ့ တချိန်လုံး မငြီးငြူနေပါနှင့်)
(သို့သော် ပြသနာများကိုပြောပြီး ခိုကဲ့ တချိန်လုံး မငြီးငြူနေပါနှင့်)
[၉] အချိန်အများစုတွင်ပျော်အောင်ထားပါ။
[၁၀] ပျော်စရာ၊အံ့သြစရာများသည် အချစ်ကို ခိုင်မာစေသည်။
[၁၁] ချစ်သူကိုသာမက သူ၏ ပျော်စရာ စိတ်ညစ်စရာ ကိစ္စအားလုံးကို မျှဝေခံစားပေးပါ။
[၁၂] အထက်ပါအတိုင်း ချစ်သူမထင်မှတ်ထားသော အချိန်တွင် အံ့သြစရာများကို ဖန်တီးပေးပါ။
[၁၃] မိမိ၏ သစ္စာရှိမှုအား ချစ်သူအတွက် အကောင်းဆုံး လက်ဆောင်အဖြစ်ပေးပါ။
[၁၄] ချစ်သူခွင့်ပြုသည်ဆို သည့်တိုင်အောင် မိန်းကလေးတယောက်၏ ဘဝကို လွယ်လွယ် မဆွတ်ခူးပါနှင့်။
[၁၅] မိမိသည် ချစ်သူအတွက် 'အား' ဖြစ်ပါစေ။
'ဓား' မဖြစ်ပါစေနှင့်။
'ဓား' မဖြစ်ပါစေနှင့်။
[၁၆] မကောင်းတာကို ချစ်သူနှင့် တွဲလုပ်မည့်အစား ကောင်းမွန်ရာကို ညွှန်ပြပါ။
[၁၇] ချစ်သူအား အကိုနေရာ၊ အဖနေရာမှ စောင့်ရှောက်ပါ။
[၁၈] ယောင်္ကျားပီသပါ။(ဗလပြခြင်း ဝိတ်မခြင်း စသည်မဟုတ် ရှေ့မှ တာဝန်ယူခြင်း မတ်မတ်ရပ်တည်ခြင်း ကိုဆိုလိုသည်။)
[၁၉] အချို့ကိစ္စများတွင် မိမိတဦးတည်း ဆုံးဖြတ်သည်ထက် ချစ်သူ့ သဘောထားကိုပါ တိုင်ပင်ပါ။
[၂၀] ဤစာရေးသော 'ငတုံး' အား 'လေးစားခြင်း' ခေါင်းစဉ်တပ်ကာ အင်ဗိုက်မလုပ်ပါနှင့်။
(သူနှင့် သူ့ချစ်သူကွိုင်တက်မည်စိုးသေြာေ
(သူနှင့် သူ့ချစ်သူကွိုင်တက်မည်စိုးသေြာေ
ကာင့်ဖြစ်သည်။)
No comments:
Post a Comment