အချစ်ဆုံးတဲ့…….
သိပ်ချစ်ခဲ့ပါရဲ့နဲ့
နောက်ဆုံးတော့
အရာအားလုံး
ဆုံးရှုံးလိုက်ရတာပါ။။။။
မိန်းခလေးတွေကို
အသည်းခွဲတမ်းကစားတတ်တဲ့
ယောကျာင်္းတစ်ယောက်အတွက်
ဘာကြောင့်များ
ငါ့မျက်ရည်တွေ
စီးဆင်းနေရတာလဲ?????
မငိုတော့ဘူးလို့
အားတင်လိုက်ပေမဲ့
နာကြင်နေတဲ့ စိတ်ကြောင့်
မျက်ဝန်းအိမ်ထဲမှာ
မျက်ရည်မိုးတွေ
သွန်းဖြိုးနေလိုက်တာများးးးးးးးး။။။။
ရက်စက်ရက်တဲ့
အချစ်ကစားသမား(နင်) က
ပန်းဝတ်ရည် သောက်သုံးဖို့
နောက်ထပ်ပြိုင်ပွဲတွေကို
ပြိုင်ဆိုင်ရင်းးး
အနိုင်ရဖို့
နည်းမျိုးစုံနဲ့ ကြိုးစားနေပေမဲ့
အသည်းခွဲခံခဲ့ရတဲ့ ငါကတော့
ဆုံးရှုံးခြင်းနဲ့ မျက်ရည်တွေရဲ့ ကြား
အကြိမ်ကြိမ်လဲပြိုနေပါပြီ။။။။။။

No comments:
Post a Comment