Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 16 June 2012

ချစ်သူရင်ခွင်မှာ အိပ်စက်လိုသူ

နေ့ စဉ် ဖြတ်သန်းရတဲ့
ဘ၀အမောတွေ...
မကြာခဏ ချနေရတဲ့
သက်ပြင်း သက်မတွေ..
အဲဒီအပူအပင်တွေကင်း
သာယာခြင်းတို့  ပြည့်စုံရာ
ချစ်သူရင်ခွင်မှာ အိပ်စက်ပါရစေသား...။
အိပ်မက်လှလှလေးတွေ
ဝေဆာနေတဲ့ မြေ...။
ကြည်နူးနှစ်လိုဖွယ်ရာ
ချိုသာတဲ့စကားလုံးများ သီကုံးထားရာ
မြတ်နိုးခြင်းမိုးတိမ်တွေ  တိမ်ဖွဲ့ နေသည့်အခါ
ထိုနေရာမှာ နေပါရစေ...။
ကမ္ဘာမြေကြွေပျက်လို့ 
သံသရာတွေ ကုန်ဆုံး
ချစ်သူက မုန်းချင်မုန်းစေဦးတော့
သူ့ ရင်ခွင်မှာပဲ နေချင်တယ်....။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့