♦ မနက်ခင်းသစ်ရဲ့အာရုံမှာ
မျက်လုံးများကိုဖွင့်ချိန်မှာ
ဟိုး...ရာစုဟောင်းဆီအတွေးရောက်သွား
ဟူး...ရင်မောစရာပါလား..။
♦ နှောင်းရာစုကအမျိုးသမီးများ
နောက်တန်းမှာပဲအနေများ
လူမှုနယ်မှာသူတို့ဘဝ
နှိမ်ခြင်းမျိုးမျိုးကိုခံရ..။
♦ OT ခေတ်ကိုကြည့်လိုက်ပါ
မျိုးသမီးများစက်ရုပ်ပမာ
နေရာတိုင်းမှာတန်ဖိုးနည်း
တိရိစ္ဆာန်ထက်ကိုယ်ကျိုးနည်း...။
♦ ရင့်နင့်စရာထိုခေတ်မှာ
ကိုယ်လွှတ်ရုန်းဖို့မစွမ်းသာ
ကူပါကယ်ပါအော်ရင်လဲ
ချည်းနည်းဖြစ်ဖို့သတ်သတ်ပဲ...။
♦ NT ခေတ်သို့ကူးပြောင်းလာ
မျိုးသမီးများလှုပ်ရှားလာ
တန်းတူညီတူအခွင့်ရေး
ယေရှူကိုယ်တိုင်လမ်းခင်းပေး...။
♦ ဒီနှစ်ရာစု 21...
ဝင်ရောက်အတွေးသစ်မြင်သစ်
အပြန်အလှန်သဘောထား
တစ်ယောက်နဲ့တစ်ယောက်တန်ဖိုးထား...။
♦ ဟိုးအရင်ခေတ်ကအမျိုးသမီးများ
မျိုးသားများနှင့်ခွဲခြားထား
သို့ပေမဲ့လဲခေတ်ယနေ့မှာ
ရင်ဘောင်တန်းကာယှဉ်တွဲလာ..။
♦ တိုးတက်ဖို့ရာသည်ကမ္ဘာ
မျိုးသမီးများဦးဆောင်လာ
စွမ်းစွမ်းတစ်မံသူတို့အစွမ်း
သြ..ချလောက်အောင်အံ့မခန်း...။
♦ ပန်းတိုင်ရောက်ဖို့ဇွဲမလျှော့တမ်း....
♦ အောင်မြင်ခြင်းလမ်းသို့အရောက်လျှောက်လှမ်း...။
No comments:
Post a Comment