

မြန်မာဟစ်ဟော့ပ်လောကသူ“တစ်ချို့”
ကမ္ဗည်းတွင်ခဲ့တဲ့ယဉ်ကျေးမှုကိုကျောခိုင်း
အရိုင်းစိုင်းဟန်ပုံဖော်လို့
အစုံနော်ပြနေတာက
သူယုံကြည်ရာ“ငရဲခန်း”
တဏှာလမ်းကျွန်နစ်စေရန်
ဟန်ပန်တွေတင်ဆက်
မမြင်အပ်တဲ့ဒီအရာ
ညီတွင်စွာအကြောင်းပြ
အပေါင်းကြနဲ့“ဒီလူတွေ”
ဒေါင်းသဏ္ဍာန်ကဟန်နဲ့
နောက်ပိုင်းကမလုံ
“သူတို့အရှက်ကုန်နေတာ ခက်ပေမယ့်”
ပြည်သူတွေမြင်သူရှက်ရပေါ့
ပါးစပ်ကဟုတ်သယောင်
လက်တွေ့မှာတော့ သရုပ်ဆောင်တွေမှားကုန်ပြီလေ
“သူသူငါငါ”တင်စားခဲ့လို့
ထင်ရှားခဲ့တဲ့အနုပညာ
ခုတော့...............
မသတီစရာပုံဟန်နဲ့
“ဒီပုံစံ ဒီလူတွေကို”
အနုပညာဒီရပ်ဝန်းက
“သံပုံးတီးထုတ် လိုက်ကြပါစို့.”...................။
No comments:
Post a Comment