Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

((((((( နှလုံးသား မြစ်မှ ကဗျာရွက်လှေ ))))))))


အချစ် ရဲ့ လှပစွာ
ထုဆစ်လိုက်တဲ့...
ခမ်းနားထယ်ဝါမူ သံယောဇဉ်အောက်မှာ.....
နှလုံးခုန်သံကို နားစွင့်မိတဲ့ 
ကွဲအစ်စ  ငါ့အသဲ...
ဝေဒနာတွေကိုဆောင်ယူရင်း
တိတ်တခိုး ဒဏ်ရာရခဲ့ပြီ...
ဝေဒနာတွေထွေးပိုက်ရင်း
နှလုံးသားမြစ်ပင်လယ်မှာ
ကဗျာလှေနဲ့ရွက်လွှင့်မိခဲ့တယ်
ချစ်ခြင်းမုန်းခြင်းကင်းရာဆီ
မှန်းမျှော်ရည်ခဲ့ ပေါ့...
လှိုင်းတံပိုးကျောက်ဆောင်တွေကျော်ဖြတ်
မုန်တိုင်းတွေအထပ်ထပ်နဲ့
မာယာများတဲ့ ဘဝသမုဒ္ဒအလယ်
မြုပ်တစ်ခါပေါ်တစ်လှည့်နဲ့
အားတင်းလို့မာန်ချီ  ..ရင်း
နေညိုညချမ်း ဆည်းဆာသန်းတော့မယ်....


ဟိုး  .. ခပ်ဝေးဝေးက
မီးပြတိုက် ငယ် ရယ်
ဘဝအမောတွေဖြေဖို့
မင်းရင်ခွင် ငါ ခိုဝင်လာခဲ့ပါ့မယ်
ချစ်ခြင်း မေတ္တာ နဲ့    ကြိုလင့်မယ့်
နွေးထွေးတဲ့ မင်းရင်ခွင်မှာ
ငါ့ကဗျာလှေလေး ခိုနားလို့
မှေးစက်ပရစေကွယ်.....

ဝေဒနာတွေနဲ့ဖွဲ့ဆည်းထားတဲ့
ငါ့ကဗျာလှေမှာ 
ချိုမှိန်တဲ့ဂီတ
တေးသံတွေမပြန့်လွင့်ခဲ့ပေမယ့်
သစ္စာတရားရဲ့တည်ငြိမ်ရင့်ကျက်မူတွေနဲ့

ရွက်ဖွင့်လို့လာခဲ့မိပြီကွယ်.....







အားလုံးကိုလေးစားလျှက်ပါ.

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့