Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 13 June 2012

ရခိုင်ပြည်နယ်အရေး ကုလ အထူးကိုယ်စားလှယ် နဲ့ သမ္မတ ဦးသိန်းစိန် ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယား ဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ က နေပြည်တော်မှာ 
တွေ့ဆုံခဲ့ပြီး အရေးပေါ်အခြေအနေကြေညာထားတဲ့ ရခိုင်ပြည်နယ်
အရေး ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းဌာန က ဖေါ်ပြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီယား ဟာ သမ္မတ ဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့
တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။

ဦးသိန်းစိန်နဲ့ ဆွေးနွေး ရာမှာ အရေးပေါ် အခြေအနေကြေညာရတဲ့
အကြောင်း၊ အခြေအနေတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ လူ့အခွင့် အရေး၊ တရားဥပဒေစိုးမိုးရေးတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း၊ အကြမ်းဖက်သံသရာကို ဖြတ်တောက်ရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမထိခိုက်ရေး စတာတွေ အကြောင်း ဆွေးနွေး ခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် က နယူးယောက်မြို့မှာ သတင်းထောက်တွေကို
ပြောဆိုခဲ့ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့