တမာတွေ လိုခါးသက်သက်နဲ့
ယုံချင်စရာ ကောင်းတဲ့ ပုံပြင် တစ်ပုဒ် ရှိခဲ့ ဖူးတယ်
လက်တွေ့ မဟုတ်ပေမယ့် အသိကျယ်ပြန်စွာနဲ့
အိပ်မက် မက် ခဲ့ ရတယ်.........
ခိုလှုံ စရာ ရင်ခွင် မဲ့ သူတစ်ယောက်အဖို့
ဘယ် သူ နှလုံးသား ကို အဖေ တော်ရပါ့မလဲ
အေးစက်စက် မျက်နှာထား တွေနဲ့ ငါ့ကို နှိပ်စက်
သူတို့ အပြုံး တွေ က ငါ့ ကို သေမတတ်
သို့ပေမယ့် ခပ်ကြမ်း ကြမ်းမျက်လုံးတွေက
ကြင်နာသယောင်ရှိခဲ့ လို့ပဲ ခက်ခက်ခဲခဲ နဲ့
နေ့ရက်တိုင်းကို ဖြတ်သန်းခဲ့ ရဖူး တယ်
ဘဝ မှာ အနှိမ်ခံ ရတာလောက် အောက်ကျတာ
မရှိဘူး လို့ ငါထင်တယ် လူတွေကလည်းလူတွေပဲ လေ
အသိခေါက်ခက် အဝင်နက်စွာနဲ့ ပဲ ငါ့ကို ကဲ့ ရဲ့
အဲဒီ တော့ ငါ့နှလုံးသား လည်း နာကျည်းတတ်ခဲ့ တာ
လူတွေ အတွက် မဆန်းတော့ လောက်ပါဘူး လေ
No comments:
Post a Comment