ကျေးဇူးပြု ပြီး ငါ့ကို မထား ခဲ့ ပါနဲ့လားချစ်သူ
ရင်ခွင် ရဲ့ လောင်မြိုက်မှု ကြောင့် ပြာကျခဲ့ ရတဲ့
နှလုံး သား ကို ခဏ လောက် လှည့် ကြည့်ပေးပါလား
ဘယ်လို မှထပ်ဆုံ ခွင့် မရှိတော့ဘူး ဆို ပေမယ့်
ငါသိခဲ့ ဖူး တဲ့ နင့်ချစ်ခြင်းတွေ က အဖြူ ရောင် ဆန်လွန်း ခဲ့တယ်လေ
အတ္တ ဆိုတဲ့ စကားလုံး တစ်ခု နဲ့ ငါ့ ဘဝကို ရိုက်နှက်ပြီး
သေဆုံး စေခဲ့ ပြီ လား ချစ်သူ ............
ဘယ်လို ပဲ တွေး တွေး နှစ်ယောက်စလုံး က အမှန်တွေ ကြည့်ပါပဲ
ဒါပေမယ့် ငါ့ဘက်က နိမ့် ကျမှု တွေ ကို နင်မစာနာခဲ့ဖူး မဟုတ်လား
တကယ် တော့ ငါက နင့် အချစ် ကို ဆုပ်ကိုင် ရင်း ခရီးဆက်နေခဲ့သူတစ်ယောက်ပါ
အဝေး ကနေ လှမ်း မျှော်ကြည့် တဲ့ နှလုံးသား ကို တည့်မတ်ပေးခဲ့ တာ
အချစ် ဆိုတာ ကို သိအောင် လမ်းပြပေးခဲ့ တာလည်း နင်ပဲ မဟုတ်လား
နင်ရုတ်တရက် ထွက်ခွာ သွားခြင်းရဲ့ နောက်မှာ ကျန်နေခဲ့ တဲ့ ငါ့ရဲ့
နင့်အတွက် ဆောက်တည်နေဆဲ ငါ့ အိပ်မက် တွေကို အသိမှတ်မပြု နိုင်ခဲ့ဘူးမို့လား
ဟာဟ........ငါသိလိုက်ပါပြီ ချစ်သူ
ဒါတွေ ဟာ အခု တော့ ပြာမှုန်အဖြစ် လွင့်ပြယ် ကြိုးစားမှု တွေ အတွက်
ငါရရှိ ခဲ့ တာ ဘာတွေ လဲ ဆိုတဲ့ ခံစား ချက် တွေ ကို ဒီကဗျာ ဖတ်ပြီး ရင်
နင်နားလည် နိုင်ပါစေပဲ ဆုတောင်းလိုက်ပါတယ် ချစ်သူ
ကျေးဇူးပြု ပြီး .............ကျေးဇူးပြု ပြီး တော့ပေါ့ .............
No comments:
Post a Comment