“အချိန်တိုင်းလွမ်း”
တိမ်ပန်းတစ်ခင်း ရောင်စုံကျင်းလို့
အာရုဏ်မိုးသောက် မနက်ရောက်တိုင်း
အမြင်ချင်ဆုံး သူအပြုံးကို
တမ်းတမိမြဲ လွမ်းနေဆဲပါ.......
ပူလောင်ကျဲထောက် ညနေရောက်ချိန်
အေးမြရင်ခွင် ခိုနားစဉ်က
ကြည်သာရွှင်လန်း မေတ္တာပန်းကို
တမ်းတမိမြဲ လွမ်းဆွတ်ဆဲ့ပေါ့......။
အလွမ်းမပြေ “ ည ” နေ၀င်တော့
ချိုမြိန်နှုတ်ခမ်း သူ့အနမ်းကို
မျက်လုံးစုံမှိတ် အသိစိတ်ထဲ
သတိရမြဲ တမ်းတဆဲမို့
အိပ်မပျော်နိုင်ဘူးချစ်သူရယ်။
No comments:
Post a Comment