-တစ်နေ့ တစ်နေ့
တွေ့ချင်နေတာ မင်းရဲ့မျက်နှာ
တစ်နေ့ တစ်နေ့
ကြားချင်နေတာ မင်းရဲ့အသံ
တစ်နေ့ တစ်နေ့
မြင်ချင်မိတာ မင်းရဲ့အမူအရာ။
- ဒါပေမယ့်လေ........
တွေ့ချင်နေတဲ့ မျက်နှာ
ကြားချင်နေတဲ့ အသံ
မြင်ချင်မိတဲ့ အမူအရာ
အားလုံး အားလုံးကို
တမ်းတနေရူံကလွဲလို့
ငါ ဘာတတ်နိုင်မှာလဲ
ငါက မိန်းကလေးပါ..............။
No comments:
Post a Comment