Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 15 June 2012

တိတ်တဆိတ် လွမ်းလိုက်တာ


ဟူးးးးးးးး

ငါ့စိတ်နဲ့ ငါ ရန်ဖြစ်နေရတယ်

လွမ်းတယ် ပြောခွင့်ပြုဟာ

သတိရနေတယ် ခံစားသိပေးပါ

ငါမပိုင်ဆိုင်တဲ့ နင့်စာမျက်နှာမှာ

တိတ်တိတ်လေး စောင့်နေခဲ့တာကြာပြီကွယ်

နင့်ရဲ့  ( ပရိုဖိုင်း ) စာမျက်နှာက ငါ့ကိုမေးနေတယ်

ဘာ .... လာ .... လုပ် .... တာ .... တုန်း .... တဲ့

ငါ့မှာဖြေနိုင်တဲ့ စွမ်းအင်မရှိခဲ့ဘူးလေ

ခေါင်းကလေးငုံ့ပြီး အသာလေးလှည့်ထွက်ခဲ့လိုက်တယ်

ဒါပေမယ့် လည်ပြန်လေးတော့ ရအောင်ကြည့်ခဲ့တယ်နော်

နင့်စာမျက်လေးကိုမသွားဖို့ ထိန်းချုပ်ထားပေမယ့်

မနေတတ်လို့ နေတတ်ဖို့ ကြိုးစားရခက်နေတာက

နင်ပျော်စေချင်တယ် ပြောခဲ့တဲ့ ငါပါ .........

နင်ရောက်လာမယ့်ချိန်ကို စောင့်မျှော်ရင်း

ငါ့ကိုယ်ငါတောင် နှစ်သိမ့်ဖို့ခက်ခဲ့တယ်

အကြောင်းပြချက်တော့ မထားတတ်ဘူး

သေချာတာကတော့ ........

တိတ်တဆိတ်နဲ့ ငါ

သေလောက်အောင်လွမ်းနေခဲ့တယ်

မုန်း

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့