ကောင်လေး တစ်ယောက်က ကောင်မလေးတစ်ယောက်ကို သိပ်ချစ်နေတယ်…..ဒါကို
> ကောင်မလေးကလဲ သိတယ်…..ဒီလိုနဲ့ ကောင်လေး ကောင်မလေးကို တဖတ်သက်ချစ်နေတာ ၎
> နှစ်ကြာလာခဲ့တယ်…….ကောင်မလေးတစ်
> ယောက်ထဲကိုပဲ
> စွဲစွဲမြဲမြဲချစ်လာခဲ့တာပါ………ဒီ ၄ နှစ်အတွင်းမှာလဲ ကောင်မလေး နားလေးမှာ
> အချိန်ရှိတိုင်းနေခွင့်ရအောင်ြ

ကိုးစားခဲ့ပါတယ်……အလိုက်တသိနဲ့
> ကောင်မလေးစိတ်တိုင်းကျနေပေးခဲ့တာပါ….ဒါပေမယ့် ကောင်မလေးက
> တုတ်တုတ်တောင်မလှုပ် ရေခဲတုံးက အရှုံးပေးရအောင်
> အေးအေးဆေးဆေးလေးပါပဲ….ကောင်လေးကိုလဲ ခင်မင်နေရုံကလွဲလို့ ဘာအခွင့်အရေးမှ
> မပေးခဲ့ပါဘူး…….တခြားကောင်လေးနဲ့ ကြိုက်နေလို့လားဆိုတော့လဲ…ကောင်မလေးက
> တစ်ခါမှ ရည်းစားမထားဘူးသေးတဲ့ အဖြူထည်လေးပါ…..ဒါပေမယ့် အချစ်ရေးမှာ
> လူကြီးတစ်ယောက်လို သွေးအေးလွန်းနေတာကို ကောင်လေး
> နားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်……ကောင်မလေးက သူ့ကိုလုံးဝမချစ်ဘူးလို့ပဲ
> ထင်နေခဲ့တယ်……ဒါပေမယ့် ကောင်လေးကတော့ ကောင်မလေးကို
> ချစ်မြဲတိုင်းချစ်နေခဲ့တယ်….တစ်နေ့နေ့ သူဖြစ်ချင်သလို
> ကောင်မလေးပြန်ချစ်လာနိုင်တယ်ဆိုတဲ့
> မျှော်လင့်ချက်လေးနဲ့ပေါ့……ကောင်မလေးနဲ့ကောင်လေးက တွေ့လိုက်ရင်
> သူငယ်ချင်းတွေလို စမြဲတိုင်းစ၊
> နောက်မြဲတိုင်းနောက်…ရန်ဖြစ်မြဲတိုင်းရန်ဖြစ်နေကြ တုန်းပါပဲ…….
>
> တစ်နေ့ ကောင်လေးက ကောင်မလေးကို မေးတယ်….
>
> “နင့် မှာ ချစ်တတ်တဲ့ နှလုံးသား ရှိကောရှိရဲ့လား”တဲ့…..
>
> ကောင်မလေးက ရုတ်တရတ် ထရယ်လိုက်ပြီး…..ခဏကြာတော့…..တည်ငြိမ်လွန်းတဲ့
> အပြုံးလေးနဲ့ ကောင်လေးကိုကြည့်ပြီး ပြောခဲ့တယ်…..
>
> “ငါ ချစ်တတ်လွန်းလို့ ခက်နေတာပေါ့ဟာ……..”တဲ့ ဒီလိုလေးပဲကောင်မလေးပြောပြီး
> ဟိုးအဝေးကြီးကို ငေးနေခဲ့တယ်…..ကောင်မလေးရဲ့ စကားကို
> ကောင်လေးနားမလည်ခဲ့ပါဘူး….(အဲဒီအချိန်တုန်းက) …
>
> ကောင်မလေးကျောင်းကအပြန် အရင်ကလို တစ်ယောက်ထဲမဟုတ်……ဘေးမှာ
> ကောင်လေးတစ်ယောက်…..ရီလို့မောလို့….စကားတပြောပြောနဲ့…သူတို့တွဲလျှောက်လာတာကို
> ကောင်လေးမြင်ခဲ့တယ်…….(အဲဒီငနဲက
> ကောင်လေးထက်ပိုချောပါတယ်…..ရုပ်ရည်ရူပကာအရပြောရရင် သူ့မျက်နှာက
> ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လိုပါ၊ ကောင်လေးထက်လဲ
> အသိုင်းအ၀ိုင်းတောင့်ပါတယ်…ဆိုလိုတာကတော့ တော်တော်လေးချမ်းသာပါတယ်)
>
> ကွဲပြီပေါ့ ကောင်လေးအသဲတွေ တစ်စစီနင်းခြေခံလိုက်ရသလို ရင်ထဲမှာ
> ပြောပြလို့မရအောင် ကြေခွဲခဲ့ရတယ်….နှလုံးသားတစ်ခုလုံး
> မီးသဂြိုလ်ခံလိုက်ရသလို အစိတ်စိတ် အမွှာအမွှာနဲ့ မြူမှုန့်တွေ
> ဖြစ်သွားခဲ့ရပြီပေါ့……..
>
> ကောင်မလေးနဲ့ တွေ့တော့ “နင် ရည်းစားရနေပြီလား?” လို့
> ကောင်လေးမေးခဲ့တယ်…..ကောင်မလေးက ချစ်ဖို့ကောင်းတဲ့ အပြုံးလေးနဲ့
> ဟပ်ဟပ်ပက်ပက်ရီပြီး “ပေါက်ပေါက်ရှာရှာဟာ ငါ့မှာ ဘယ်က ဘယ်လို
> ရည်းစားရှိမှာလဲ? နင်ဘယ်ကဘယ်တွေကြားလာလို့လဲ” တဲ့ …………
>
> “ငါကြားလာတာမဟုတ်ဘူး နင့်ကိုငါကိုယ်တိုင် မနေ့က ကောင်လေးတစ်ယောက်နဲ့
> လမ်းအတူတူလျှောက်လာတာတွေ့လိုက်လို့”
>
> “နင်ရူးနေပြီလား ခုခေတ်မှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်
> အတူတူတွဲလျှောက်ရုံနဲ့ ရည်းစားဖြစ်ရောလား? ဒါဆို
> နင်နဲ့ငါကကောဘာလဲ?........နင်ဘာတွေဖြစ်နေတာလဲဟာ….အဲဒါ ငါ့အတန်းထဲက
> သူငယ်ချင်းပါ…..သူနဲ့ စာဆွေးနွေးလာတာပါ အဲဒီနေ့ကလဲ….သူ research
> လုပ်ထားတာတွေကို ငါ့ကိုပြန်ပြောပြနေတာပါ…….အဲ ငါ့ကိုတော့ သူ propose
> လုပ်ထားတယ်ဟ…….ငါ့သူကိုငြင်းလိုက်ပါတယ်………သူကတော့
>
သူငယ်ချင်းဆက်ဖြစ်ချင်တယ်တဲ့…ငါခွင့်ပြုလိုက်တယ်…..ဒါပါပဲ..သူနဲ့ငါ့ပတ်သတ်မှုက”
>
> “နင်ဘယ်တုန်းက ငါမဟုတ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး
> နေဘူးလို့လဲ...နောက်ပြီးခုဟာက သူကလဲနင့်ကို
> ကြိုက်နေတာလေ…ခင်မင်ပါရစေဆိုတာ ကောင်လေးတစ်ယောက်ရဲ့ နည်းဗျူဟာတစ်ခုဆိုတာ
> နင်မသိဘူးလား?…နင်ဘာလို့ သူ့ကို ရင်းရင်းနှီးနှီး ဆက်ဆံရတာလဲ”
>
> ကောင်မလေးအရမ်းစိတ်ဆိုးသွားတယ်………..သူ့ကို့
> အဲဒီလိုပြောဖို့မကောင်းဘူးဆိုတဲ့ သဘောနဲ့
>
> “နင်ဟာ ငါ့ကို နားအလည်ပေးနိုင်ဆုံးလူလို့ ငါသတ်မှတ်ခဲ့တာ ခုတော့……”
>
> ကောင်မလေး လှည့်ထွက်သွားခဲ့တယ်……….အချိန်အကြာကြီး ကောင်မလေး
> ကိုကြည့်နေခဲ့တယ်…….ရင်ထဲကအပူမီးတွေနဲ့အတူ…………
>
> ဒီလိုနဲ့ ကောင်လေး ..ကောင်မလေးနဲ့ သိပ်မတွေ့ဖြစ်တော့ပါဘူး…….အချိန်ပြည့်
> သူ့အတန်းဖော်ကောင်လေးနဲ့ Thesis အတူတူလုပ်နေကြတယ်……..စားအတူ သွားအတူ …….
>
> ကောင်လေးမခံစားနိုင်တော့ပါဘူး……..ကိုယ်တိုင်တောင် မခူးရက်လို့
> အလှကြည့်နေရတဲ့ ချစ်သူကို အခြားလူလက်ထဲ ထည့်ပေးဖို့ဆိုတာ………လွယ်တဲ့
> အဖြစ်မဟုတ်ပါဘူး …………
>
> ဒီလိုနဲ့ ကောင်လေးက သူငယ်ချင်းတွေမြှောက်ပေးတဲ့အတိုင်း စပယ်ရာ
> တစ်ယောက်ထားလိုက်ပါတယ်…….စိတ်ပြေလက်ပြောက်ပါ……………. (ဒါပေမယ့် ကောင်လေး
> စိတ်တွေက
>
အချိန်ပြည့်ကောင်မလေးဆီမှာပါပဲ….သိပ်ချစ်မိတော့လည်း…..ရင်နင့်အောင်ခံစားနေရတာပေါ့……ပိုဆိုးတာက
> ကောင်မလေးနဲ့ အခြားကောင်လေးတစ်ယောက်ရဲ့ သတင်းတွေက
> နားထဲဝင်ဝင်လာခဲ့တယ်……..)
>
> မနက်စောစောစီးစီး ကောင်မလေး ကောင်လေးဆီ ရောက်လာခဲ့တယ်…………
>
> “နင့်မှာ ရည်းစားရှိနေပြီဆို”
>
> ကောင်လေးမဖြေပါ……(ရည်းစားဆိုတာ နာမည်ခံမျှသာ…..တစ်ကယ်တော့ဘာမှမပတ်သတ်ပါ၊
> လက်လေးတောင်မကိုင်ဖူးပါ…ဘာအခွင့်အရေးမှလဲမယူခဲ့ပါ)
>
> “နင်ဘာလို့ ဘာမှမဖြေတာလဲ ငါမေးနေတယ်လေ” (ကောင်မလေးအသံက
> ဒေါသသံပါလာပါတယ်……….ကောင်မလေး အံကြိတ်နေတယ်………)
>
> “ဟုတ်တယ်” (ကောင်လေး တစ်ခွန်းပဲပြောလိုက်တယ်)
>
> ကောင်မလေးလှည့်ထွက်သွားတယ်………….ကောင်လေး
ဘယ်လောက်ခေါ်ခေါ်လှည့်မကြည့်တော့ဘူး…………
>
> ကောင်မလေးဘာဖြစ်သွားလဲဆိုတာ…ကောင်လေးမသိခဲ့ပါ……………
>
> ကောင်လေးထင်ခဲ့တာက ကောင်မလေးက သူ့အတန်းဖော်ကောင်လေးနဲ့ ချစ်သူတွေ
> ဖြစ်သွားပြီပေါ့……နောက်ကျမှသိခဲ့ရတာက ကောင်မလေးက ခုချိန်ထိ အဖြူထည်လေး
> ဆိုတာကိုပါ……..ကောင်မလေး ထိုကောင်လေးကို ပြန်မချစ်ခဲ့ပါ…….ကောင်မလေးရဲ့
> စိတ်ဓာတ်ကို စိတ်ထဲကနေ ကြိတ်လေးစားနေခဲ့တယ်……..၀မ်းသာလွန်းတဲ့
> ပီတိတွေနဲ့အတူပေါ့…………
>
> ဒါပေမယ့်……….ကောင်မလေး ကောင်လေးကို စကားမပြောတော့ပါ………..အရင်ကလို
> သူငယ်ချင်းစာရင်းတောင် မသွင်းတော့ပါ…………..ကောင်လေးကို ရှောင်လာခဲ့တယ်…………
>
> ကောင်လေးမနေတတ်တော့ပါဘူး………ကောင်လေး သိပ်ပြောပြချင်နေခဲ့တယ်………သူတစ်ကယ်
> တန်ဖိုးထားပြီး မြတ်နိုးရတဲ့ မိန်းကလေးဟာ ကောင်မလေး တစ်ယောက်ထဲရှိတယ်
> ဆိုတာ ကောင်မလေးကို သိပ်ပြောပြချင်နေခဲ့တယ်……ဒါပေမယ့် ကောင်မလေး
> စိတ်ဆိုးမှာလဲ သိပ်ကြောက်နေမိတယ်………….
>
> ဒီလိုနဲ့ ကောင်လေးနဲ့ကောင်မလေး မတွေ့ဖြစ်တာ ၁ နှစ်ကျော်ကြာသွားခဲ့တယ်…………
>
> ကြားလိုက်ရတဲ့သတင်းတစ်ခုက ကောင်လေး ကိုယ့်နားကိုယ်တောင် ကိုယ်မယုံရဲ ပါဘူး…..
>
> “ကောင်မလေးဆုံးပြီတဲ့ နှလုံးရောဂါနဲ့” တဲ့
>
> ကောင်လေး နှလုံးသားတွေ ဒုတိယအကြိမ်သေခဲ့ပါပြီ……………..
>
> ဒီတစ်ကြိမ်တော့ ကောင်လေးနှလုံးသားတွေ
> ပြန်ရှင်သန်လာဖို့မဖြစ်နိုင်တော့ပါ……..ရှင်သန်လာအောင် လုပ်ပေးနိုင်တဲ့
> သူမှ လောကထဲမှာ မရှိတော့တာ………
>
> ကောင်မလေး သူငယ်ချင်းတစ်ယောက် (ကောင်လေးနဲ့လဲခင်သူ) က ကောင်လေးကို
> စာအုပ်တစ်အုပ်လာပေးပါတယ် ရက်လည်နေ့မှာပေါ့
>
> စာအုပ်လေးက ကောင်မလေးရဲ့ Diary စာအုပ်လေးပါ………..
>
> အဲဒီနေ့မှာ ကောင်လေး အကုန်သိခွင့်ရခဲ့တယ်……ကောင်မလေးအကြောင်းတွေ………
>
> ကောင်မလေး စိတ်တွေကို အစွမ်းကုန်နားလည်ပေးနိုင်လာတဲ့ အချိန်မှာ
> ကောင်မလေးမရှိတော့ဘူး……
>
> ကောင်လေး သိပ်ပြောချင်နေခဲ့တဲ့ စကားတွေကို နားထောင်ပေးမယ့် ကောင်မလေး
> ခုတော့ မရှိတော့ပါဘူး…..
>
> “ငါပြောနေတာ နင်ကြားနိုင်သေးလား..ချစ်သူရယ်….ငါလေ ..ငါသွေးသားတွေမှာ
> နင့်ပုံရိပ်တွေပဲ ရှိပါတယ်ဟာ..ငါ တစ်သက်လုံးနင့်တစ်ယောက်ထဲကိုပဲ
> တန်ဖိုးထားပြီး ချစ်နေမှာပါ……နင်ဟာငါ့ဘ၀ရဲ့
> နေမင်းပါဟာ…..ငါနင့်တစ်ယောက်ထဲကိုပဲ ချစ်နေတာပါဟာ….ငါနင့်နေရာမှာ
> ဘယ်သူကိုမှအစားမထိုးခဲ့ဘူး……နင်ဟာ ငါ့နှလုံးသားရဲ့
> အရှင်သခင်ပါ….နင်စေလိုရာတွေကိုပဲ
> ငါလိုက်လုပ်ပေးနေခဲ့တယ်….နင်ပျော်နေတာလေးတွေကြည့်ပြီး
> ငါဘယ်လောက်ကြည်နူးနေခဲ့တယ်ဆိုတာ နင်မှမသိတာ….ချစ်သူလို့
> ခိုင်ခိုင်မာမာပြောဖို့ အခွင့်အရေးကို နင်ပေးခဲ့ပြီပေါ့
> ငါကျေနပ်တယ်ဟာ…….ငါ့သိပ်မြတ်နိုးတဲ့ ချစ်သူလေးဟာ ဘယ်နေရာရောက်ရောက်
> ငါ့နှလုံးသာမှ ထာဝရ ရှင်သန်နေတယ်ဆိုတာ နင်ယုံပေးပါဟာ……..နင်ငါ့ကို
> ချစ်နေတယ်ဆိုတဲ့ အသိက ငါ့ကို အရာရာပြီးပြည့်စုံစေပါတယ်ဟာ………ငါလေ နင့်ကို
> သိပ်ချစ်တာပဲ ချစ်သူရယ်”
>
>
-----------xxxxx-------------------xxxxx-----------------------xxxxx--------------------xxxxx---------------
>
> တစ်ကယ်တော့ ကောင်မလေးက ကောင်လေးကို ချစ်နေခဲ့တာပါ……..ဒါပေမယ့်
> သူကျင်လည်ခဲ့ရတဲ့ အထူးသဖြင့် သူ့မိဘဆက်ဆံရေးတွေကို ကြည့်ပြီး ချစ်ရမှာ
> သိပ်ကြောက်နေခဲ့တယ်………ကောင်လေးသူ့ကို ချစ်နေတာကို
> သိနေခဲ့ပေမယ့်……ကောင်မလေး ပြန်မချစ်ရဲဘူး…….ဒီလိုလေး
> တစ်ယောက်နဲ့တစ်ယောက်ဖွင့်မပြောဘဲချစ်နေရတာကို ကောင်မလေး
> ကျေနပ်နေမိတယ်………….
>
> ကောင်မလေးကို လူတွေသိတာက မိဘတွေကအရမ်းချစ်တဲ့ သမီးလေးပေါ့ ……သမီးလေးကလဲ
> မိဘတွေကို သိပ်ချစ်တယ်ပေါ့……..ဘာအပူအပင်မှမရှိတဲ့ ပြည့်ပြည့်စုံစုံနဲ့
> အေးချမ်းတဲ့ ဘ၀လေးမှာ ကျင်လည်လာရတဲ့
> မိန်းကလေးတစ်ယောက်အနေနဲ့ပဲသိခဲ့တာပါ………
>
> တစ်ကယ်တော့ မိဘနှစ်ယောက်ရဲ့ ရန်ပွဲတွေကြားထဲမှာ…….မွေးထဲက ကျင်လာခဲ့ရတာ
> ဘယ်သူမှမသိခဲ့သလို ကောင်မလေး ဘယ်သူ့ကိုမှလဲ မပြောပြခဲ့ပါဘူး………မိဘတွေ
> ရန်ဖြစ်တိုင်း ကွဲမယ်ကွာမယ်ဖြစ်တိုင်း ကောင်မလေး ကြိတ်ငိုခဲ့ရတာ
> ဘယ်သူမှမသိပါ………ကောင်မလေးအမေ အမြဲနားရိုက်သွင်းခဲ့တဲ့
> “ဘယ်ယောကျာ်းမှမကောင်းဘူး…….အချစ်ဆိုတာရှိကိုမရှီဘူး…….ကောင်လေးတစ်ယောက်ရဲ့
> ပါးစပ်က ချစ်တယ်ဆိုတာ……..အပျော်သဘောပြောရုံပဲ……..သူတို့လိုချင်တာရသွားရင်
> ကောင်မလေးကို ဂရုစိုက်တော့တာမဟုတ်ဘူး……….ယူပြီးရင်ပိုတောင်ဆိုးသေးတယ်……….”
> ဆိုတာတွေကို နေ့စဉ်နဲ့ အမျှကြားနေရတဲ့ ကောင်မလေးအတွက်………အချစ်ကို
> ကိုးကွယ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ……..
>
> ငယ်ငယ်လေးထဲက ချစ်ရမှာကို သိပ်ကြောက်နေခဲ့မိတယ်…….ဒါပေမယ့်ကောင်လေးကို
> သိပ်ချစ်မိသွားခဲ့တယ် ….ကောင်လေးရဲ့ ဂရုစိုက်မှုတွေ၊ ယုယကြင်နာမှုတွေ၊
> အလိုက်သိမှုတွေကြောင့် ကောင်လေးဟာ သူ့ကို
> နားအလည်ပေးနိုင်ဆုံးလူတစ်ယောက်အနေနဲ့ အားကိုးခဲ့တယ်……
>
> မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်တစ်ယောက်ထဲအပေါ်မှာပဲ သစ္စာရှိပြီး
> သိပ်ချစ်တတ် ကြင်နာတတ်တဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ ကောင်လေးတစ်ယောက်က
> ကိုယ့်ဘေးနားမှာ ကိုယ့်ကို ချစ်နေပါတယ်ဆိုတဲ့ အသိက
> မိန်းကလေးတစ်ယောက်အတွက် တန်ဖိုးဖြတ်လို့မရတဲ့
> အားဆေးတစ်ခွက်ပါ…ဘယ်နေရာရာရောက်ရောက် အားရှိနေစေတယ်………….
>
> ကောင်လေး ကောင်မလေးကို သ၀န်တိုပြီး ပေါက်ကွဲတုန်းကလဲ….စိတ်ထဲမှာတော့
> သိပ်ကြည်နူးနေမိတယ်…..သူ့ငါ့ကိုအဲလောက်တောင် ချစ်ရလား
> ဆိုပြီးတော့လဲ…စိတ်ထဲကနေ ကောင်လေးကို
> ကျေးဇူးတင်နေမိတယ်………ပိုလဲချစ်သွားမိတယ်……….
>
> ဒါပေမယ့်………….ကောင်လေးမှာ ရည်းစားရှိတဲ့ သတင်းကို ကြားလိုက်ရချိန်မှာ…
> ကောင်မလေး ….
>
> ကမ္ဘာပြိုမတတ် ခံစားခဲ့ရတယ်……ဘ၀တစ်ခုလုံး ရေဆုန်မျှောသွားသလို အားအင်တွေ
> ကုန်ခမ်းနေခဲ့တယ်….ကောင်မလေးအတွက် ဘ၀ဟာ ဘာမှ အဓိပ္ပာယ်မရှိတော့ပါဘူး…………
>
> ကောင်လေး ကောင်မလေးကို ချစ်နေတုန်းပဲဆိုတာ သိနေပေမယ့်……..
>
> “ နင်ဘာလို့ ကိုယ်မချစ်တဲ့ လူတစ်ယောက်ကို
>
ချစ်တယ်လို့ပြောထွက်တာလဲဟာ….နင်တစ်ကယ်ချစ်လို့လား…….ငါသိပါတယ်…….နင်မချစ်ပါဘူး……….နင်လုံးဝမချစ်ဘူး………နင်ယောကျာ်းမဟုတ်ဘူးလား………နင်ဘာလို့
> စကားတစ်ခွန်းကို ပြီးစလွယ်ပြောရတာလဲ……..နင်သူနဲ့
> အဆက်ဖြတ်လိုက်ပါတော့ဟာ…………. နင်သူ့ကို
> ဖြတ်လိုက်ပါတော့……..ငါတောင်းပန်ပါတယ်ဟာ…..နင်ဖြတ်လိုက်ပါတော့
> အရင်လိုပဲ……နင်တစ်ယောက်ထဲရှိနေတာကိုပဲ မြင်ချင်တာပါဟာ………နင်
> အဆက်ဖြတ်လိုက်ပါဟာ….နင်သူ့ကို ဖြတ်လိုက်ပါတော့ဟာ…”
>
> ကောင်မလေး အဲလိုပြောချင်နေပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက်
> မပြောခဲ့ပါဘူး……
>
> ဒါပေမယ့် ကောင်မလေး ဘယ်လောက်ရင်နင့်အောင် ကောင်လေးကို လွမ်းနေတယ်ဆိုတာ
> ကောင်မလေး အသိဆုံးပါ……ငယ်ငယ်လေးထဲက ကိုယ့်ခံစားချက်တွေကို
> မျိုသိပ်နေကြဖြစ်နေတော့………….ခုလဲ ကောင်မလေး သူရဲ့ နက်ရှိုင်းတဲ့
> ချစ်ခြင်းတွေကို ကောင်လေးမသိအောင် ဖုံးဖိထားဆဲပါ………..
>
> ဒါပေမယ့် ကောင်လေး ထိုမိန်းကလေးနဲ့ လမ်းခွဲပြီး
> ကောင်မလေးဆီပြန်လာချိန်မှာတော့………ကောင်မလေးဆုံးဖြတ်ထားပါတယ်……….
>
> “ငါ နင့်ကိုမညာတော့ပါဘူးဟာ…….ငါနင့်ကို သိပ်ချစ်တယ်…နင်ဟာ ငါ့အတွက်
> ကောင်းကင်တစ်ခုပါ…နင်အရင်လို ငါ့နားမှာပဲ နေပေးပါဟာ..”
>
> လို့ပြောဖို့ ကောင်မလေး သတ္တိတွေ ကြိုမွေးပြီး ကောင်လေးကို
> စောင့်နေခဲ့ပါတယ်……ကောင်လေး တစ်ယောက်ထဲ ဖြစ်သွားချိန်ကို
> ကောင်မလေးစောင့်နေခဲ့ပါတယ်……..
>
> ဒါပေမယ့် ကောင်မလေး မပြောနိုင်တော့ပါဘူး………….ကောင်လေးတစ်ယောက်ထဲ
> ကောင်မလေးဆီပြန်လာတာကို မမြင်နိုင်တော့ပါဘူး………….

No comments:
Post a Comment