“မိုးညကဗျာ”
မိုးတွေစိုရွှဲနေတဲ့ လက
သတိရခြင်းတွေထဲကို လွမ်းရက်တွေထပ်ပေါင်းထည့်တယ်
အဖန်တစ်ခါစောနေတဲ့
ဟောဒီ...စကားလုံးတွေအောက်မှာ
ကျွန်တော် မိုးမလုံပါဘူး..........
တစ်ခါနမ်းတိုင်း
ပိုမိုဆန်းသစ်လာတဲ့အနမ်းတွေနဲ့
အတိတ်ကိုတတ်နိုင်သလောက်ဆွဲဆန့်ထားချင်တဲ့ဆန္ဒ
မှားများမှားနေပြီလား..........
တကယ်ဆို....တမ်းတခြင်းတွေကို
ကဗျာအဖြစ်ကျွန်တော်မရေးချင်ဘူး
စိတ်ကူးထဲမှာပဲ
တမြေ့မြေ့နဲ့ ပြန်စမ်းကြည့်ချင်နေတာပါ။
ဒါဟာ....ရင်ထဲကစီးကျလာတဲ့
အလွမ်းပုံဆောင်ခဲတွေပါ
ဘယ်သူမှ မမြင်အောင်သိုဝှက်ရင်း
ဒီညလည်း...
မိုးစက်နဲ့အတူအိပ်စက်ခွင့်ရမယ်ထင်ပါရဲ့..............။
No comments:
Post a Comment