သံသရာ တစ်ဘဝ
ဆုံလာကြ တို့ တစ်တွေ
ပန်းတွေလို ဝေ
ပန်းတွေလို ကြွေ...
မဝေမီ မကြွေခင်ခဏ...
ဘ၀ဆိုတာက
သမုဒ္ဒရာထက်က ရေတစ်ပွက်စာမျှ....။
တိုလွန်းတဲ့ ကာလ
လောဘလည်း ချ
ဒေါသလည်း မပြ
မောဟလည်း ကျလို့ 
အေးမြတဲ့ ဘဝ
လိုချင်ကြလျှင်ဖြင့်
အသက်ကိုရှည်စေတဲ့ ဘုရားကိုဖက်ပါ။
အမျက်ကိုပြေစေတဲ့ တရားကိုဖက်ပါ။
အခက်ကိုဝေစေတဲ့ သံဃာကိုဖက်ပါ။
အရာသုံးခု ပြည့်စုံစုဖို့ 
ခုကကြိုတင်
ပြင်ဆင်ချိန်လည်း တန်ပါပြီ...။
No comments:
Post a Comment