Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 16 June 2012

မှတ်သားဖွယ်ရာ စာကဗျာများ

မစွမ်းနိုင်တာ မရှိပ
ကြက်တူရွေးပင်   စကားသင်ပေး
ပြောတတ်သေး၏။
မျောက်ကလေးပင်   လူတို့ သင်ပေး
က  တတ်သေး၏။
ငါကား လူသား ၊  ငါလူသားတည်း။
လူသားတို့ မာန်   လုံ့ လသန်၍
ဥာဏ်ရည်ကိုပြု   ဇွဲဖြင့်တုသော်
ဤလူ့ ပြည်မှာ   မစွမ်းရာ
ဘယ်ဟာမရှိကြ။
                                                         (တိပိဋကယောဆရာတော်)


အန္တရာယ်ကင်းစွာ ၀တ်ဆင်ပါ
လှပနုနယ်   ညီမငယ် ၊ လုံလုံခြုံခြုံ   ၀တ်ဆင်ကွယ်။
မလုံမခြုံ  ၀တ်ဆင်က ၊ ဘေးရန်ဒုက္ခ   တွေ့ တတ်လှ။
မိုးဦးကျတော့   ဖားငယ်ဟာ ၊ သူ့ သဘာဝ  အော်တဲ့အခါ။
မြွေရောက်လာကာ   အော်နေတဲ့ ၊ ဖားကို ကိုက်ကာ   မျိုသကွဲ့ ။
လှပလိုတဲ့   ညီမငယ် ၊ မလုံမခြုံ   ၀တ်ရင်ကွယ်။
အန္တရာယ်ကို   ကိုယ့်တည့်တည့် ၊ ဖိတ်ခေါ်နေရာ   ရောက်တယ်ကွဲ့ ။
ဒါကြောင့်မို့ ကွယ်   ညီမငယ် ၊ ဖားသူငယ်လို   မဖြစ်ဖို့ ကွယ်။
ကြိုတင်ကာကွယ်   အနေနဲ့ ၊ လုံလုံခြုံခြုံ   ၀တ်ဆင်ကွဲ့ ။
                                             (ရွှေသုဝဏ်ဆရာတော်)

တောက်ခေါက်သံ(၁၀)ချက်
၁။   ငယ်စဉ်ကလျှင် ၊ ပညာသင် ၊ မသင်နောင်တ ၊ တောက်ခေါက်ရ။
၂။   စီးပွါးဥစ္စာ ၊ ရှာချိန်မှာ ၊ မရှာနောင်တ ၊ တောက်ခေါက်ရ။
၃။   နှစ်ဦးချစ်ခြင်း ၊ ဖြိုဖျက်ခွင်း ၊ မယွင်းနောင်တ ၊ တောက်ခေါက်ရ။
၎။   သတ်ပုတ်ညှင်းဆဲ ၊ ထိုသူလည်း ၊ မလွဲနောင်တ ၊ တောက်ခေါက်ရ။
၅။   သူကြင်မယား ၊ လွန်ပြစ်မှား ၊ ကြီးမားနောင်တ ၊ တောက်ခေါက်ရ။
၆။   ဥစ္စာပေါမူ ၊ မပေးလှူ ၊ ထိုသူနောင်တ ၊ တောက်ခေါက်ရ။
၇။   မိဘကိုပင် ၊ မကျွေးချင် ၊ သေလျှင်နောင်တ ၊ တောက်ခေါက်ရ။
၈။   မိဘစကား ၊ ပစ်ပယ်ရှား ၊ ကြီးမားနောင်တ ၊ တောက်ခေါက်ရ။
၉။   သူကောင်းကျမ်းတတ် ၊ မဆည်းကပ် ၊ မှတ်လေနောင်တ ၊ တောက်ခေါက်ရ။
၁၀။ ကုသိုလ်ကောင်းမှု ၊ ဘာတစ်ခု ၊ မပြုနောင်တ ၊ တောက်ခေါက်ရ။
(နောင်တ တရားဆယ်ပါးပင်တည်း)

လက်တို့ ပြီးတော့   ပြောရအုံးမယ်

အပြုံး တရားကို   လူတိုင်းအား   ပေးပါ။
အမုန်း တရားကို   ဘယ်သူ့ ကိုမှ   မပေးပါနဲ့ ။
နှလုံးသား နှင့် ယုံကြည်မှုကိုတော့   ပေးသင့်သူကိုမှ   ပေးပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့