သူ အားငယ်တဲ့ အခါ
သူ့ လက်ကလေးဆုတ်ကိုင်ရင်း
နွေးထွေးတဲ့ အကြင်နာတွေနဲ့အတူ
ထာဝစဉ် အားပေးချင်တယ်
သူ မောပန်းလာတဲ့ အခါ
ရင်ခွင်ထက်မှာ မှေးစက်စေလို့
မေတ္တာရိပ် ကလေးမိုးပေးရင်းနဲ့
အေးမြလှတဲ့ ရေချမ်းအေးလေး
တခွတ်လောက်တော့ ခတ်တိုတ်ချင်တယ်
သူ ၀မ်းနည်းတဲ့အခါ
သူ့ မျက်ရည်တွေ အတွတ်
ငါ ပေးဆပ်ဖို့လဲ ၀န်မလေးကြောင်း
တဖွဖွ ပြောရင်းနဲ့
အားပေးစကား တွေဖွဲ့နွဲ့ဆိုလို့
သူလိုရာကို ထာဝရဖြည့်ဆည်းပေးချင်သူပါ
ခိုင်မာတဲ့အချစ် မပြယ်တဲ့သစ္စာ
မဟောင်းတဲ့ မေတ္တာတွေနဲ့
ပြောင်းလဲလာမဲ့ ငါတို့ဘ၀တွေ
အတူလက်တွဲ မြဲမြံတဲ့အချစ်တွေစတေးလို့
လောကဓံရဲ့ မာယာတွေကိုရင်ဆိုင်ကြဆို့ ချစ်သူ
No comments:
Post a Comment