မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့နဲ့ အမေရိကန် ပြည်ထောင်စုတို့မှ OSF အဖွဲ့ဟာ အဆင့်မြင့်ပညာ ကဏ္ဍရဲ့ သင်ကြားမှု ဆိုင်ရာ အကြောင်းအရာ
တွေကို ဆွေးနွေးမှု ပြုလုပ်ခဲ့တဲ့ Roundtable Discussion အစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့က ရန်ကုန် တက္ကသိုလ်ရှိ စိန်ရတု ခန်းမမှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပညာရေး ဆိုင်ရာ လူမှုရေး ဘာသာ စကားဝိုင်းကို ဇွန်လ ၂၅ ရက်နေ့ ကနေ ၂၈ ရက်နေ့ အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
အဆိုပါ စကားဝိုင်းကို ပြည်တွင်းမှ ရန်ကုန် တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်၊ ပညာရေး တက္ကသိုလ်မှ ပါမောက္ခများ၊ ဌာနမှူးများ၊ မန္တလေး တက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူး များစတဲ့ ပညာရှင်တွေနဲ့ အမေရိကန် ပြည်ထောင်စု Open Society Foundations (OSF) မှ ပညာရေး ပါမောက္ခ များမှ ပညာရေးနဲ့ ပတ်သက်ပြီး စကားဝိုင်း ဆွေးနွေးမှု တွေကို ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲ မှာတော့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှု၊ သင်ယူမှု များနဲ့ သုတေသနပြု လေ့လာချက်များ၊ စည်းမျဉ်း စည်းကမ်းများ စတာတွေကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။
ယခု ကျင်းပပြုလုပ်တဲ့ ဖွင့်ပွဲကိုတော့ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြအေး၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ပညာရေး ၀န်ကြီး ဌာနမှ အကြီးအကဲများ၊ မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့ ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment