Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 22 June 2012

အချစ်ဆိုတဲ့ ရင်ခုန်သံ

ချစ်သူတွေဆိုတာ တယောက်နဲ့တယောက်မျက်လုံးအကျဉ်းအကျယ်ချင်းတူညီဖို့မလိုပါဘူး

ဒါပေမဲ့တခုခုကိုကြည့်တဲ့အခါ နားလည်မှုနဲ့ကြည့်တတ်ဖို့တော့လိုပါတယ်

ချစ်သူတွေရဲ့လက်အစုံဟာ တချောင်းနဲ့တချောင်းအတိုအရှည်တူညီဖို့မလိုပါဘူး

ဒါပေမဲ့တခုခုရင်ဆိုင်ရတဲ့အခါတယောက်နဲ့တယောက် မြဲမြံစွာဆုပ်ကိုင်ပေးထားဖို့တော့

လိုပါတယ်

ချစ်သူတွေရဲ့ခြေရာဟာ တထေရာတည်းထပ်တူကျနေစရာမလိုပါဘူး

ဒါပေမဲ့ နှစ်ယောက်လျှောက်တဲ့ခရီးလမ်းဟာ ဦးတည်ချက်တဖက်တည်းဖြစ်နေဖို့တော့

လိုပါတယ်

ချစ်သူတွေရဲ့နှလုံးခုန်သံဟာတမိနစ်မှာအကြိမ်ရေဘယ်လောက်ဆိုပြီး

တထပ်တည်း ထပ်တူကျနေစရာလည်းမလိုပါဘူး

ဒါပေမဲ့ချစ်တဲ့ အချစ်ချင်းထပ်တူညီနေဖို့တော့လိုပါတယ်

ချစ်သူနှစ်ဦး ရန်ဖြစ်ကြတဲ့အခါ....အရင်ဆုံး တောင်းပန်စကားဆိုသူက....့ 
အရှုံးပေးလိုက်ရတာမဟုတ်ဘူး.... ခွင့်လွှတ်လိုက်ရတာလဲ မဟုတ်ဘူး....
တကယ်တော့ သူ့အနေနဲ့  နှစ်ဦးစလုံးရဲ့ သံယောဇဉ်ကို ပိုပြီး တန်ဖိုးထားလိုက်တာပါပဲ.....
အချစ်ဆိုတာ.... ပြည့်စုံခြင်းတွေ အတိနဲ့  လူကို ရှာဖွေတာမဟုတ်ဘူး....
မပြည့်စုံတဲ့ လူကို ပြည့်စုံတဲ့ အမြင်နဲ့ ရှုမြင်တတ်ဖို့ လေ့လာသင့်ယူတာပါပဲ....
သစ္စာရှိတယ်ဆိုတာ.... ဘ၀တစ်လျှောက်လုံး တစ်ယောက်သောသူကိုပဲ
နှစ်သက်သဘောကျရမယ်လို့ ဆိုလိုတာမဟုတ်ဘူး... ကိုယ်သဘောကျတဲ့
လူတစ်ယောက်နဲ့ စိတ်တူကိုယ်တူ ဖြစ်အောင် ထာဝရ နေထိုင်တတ်တာပါပဲ.....
တကယ်လို့ သူသာ မင်းကို တကယ်ချစ်ရင်....
မင်းကို စိတ်ထိခိုက်အောင် ဘယ်လိုနည်းနဲ့မှ သူလုပ်မှာမဟုတ်ဘူး....
မင်းလဲ သူ့ကြောင့် ဘယ်တော့မှ မျက်ရည်ကျရမှာမဟုတ်ဘူး....
မျက်ရည်ကျခဲ့ရင်တောင် ကံကောင်းသော မျက်ရည်တွေပဲ ဖြစ်မှာပါ.....
တကယ်လို့ သူသာ မင်းကို တကယ်ချစ်ရင်.... တိတ်တိတ်လေး
မင်းရဲ့ သောကတွေကို ပြေပျောက်စေမှာ ဖြစ်တယ်....
မင်း ပြုံးတဲ့ အချိန်တိုင်းဟာ အမြဲတမ်း သူ့အတွက် ကံကောင်းခြင်းလို့ မှတ်ယူမှာပါ....
တကယ်လို့ သူသာ မင်းကို တကယ်ချစ်ရင်... မင်းက သူ့ကို နာကျင်အောင် ရက်စက်ခဲ့ရင်တောင်...
သူ့ရဲ့ စိတ်ထဲမှာ မင်းကို အမြဲတမ်း အကောင်းမြင်နေမှာပါ.....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့