
မြန်မာနိုင်ငံ အောက်ပိုင်း ဒေသတွင် ဇူလိုင်လအတွင်း မိုး များအဆက်မပြတ်ရွာသွန်းလျက် ရှိရာ မြဝတီမြို့ရှိ သောင်ရင်းမြစ် တွင်လည်း ဇူလိုင် ၂ရရက်မှစ တင်ကာ ရေတက်လျက်ရှိပြီး မြို့ ၏စိုးရိမ်ရေအမှတ်ကို ကျော် လွန်ရောက် ရှိခြင်း ဖြစ် ကြောင်း သိရသည်။ မြဝတီမြို့ အမှတ်(၅)ရပ် ကွက်မှ ဈေးဆိုင်ဖွင့်လှစ်ရောင်း ချသူတစ်ဦးက ''မြို့ထဲကနေရာ တ်ာတော်များရေမြုပ်နေတယ်။ မိုးကလဲ ဒီနေထိမရပ်သေးဘူး။တချို့နေရာရပ်ကွက်တွေဆိုရင် အိမ်ခေါင် မိုးတောင် မြုပ်သွား ပြီ။ တချို့နေ ရာတွေ ဆိုရင် လူတစ် ရပ်မြုပ်တယ်။ ရေတွေအရမ်း များလို တစ်နေရာနဲ့ တစ်ရာသွား ရင် လှေနဲ့သွားရတယ်''ဟုပြော သည်။
ယင်းကဆက်လက်၍ မိုး တွင်းကာလများတွင် ရေတက်မှု များရှိသော်လည်း ယခုနှစ်တွင် ရက်ပေါင်းလေးရက်ရှိသော်လည်း တစ်နာရီလျှင် နှစ်ပေခန့်မြင့်တက် လျက်ရှိပြီး ထိုင်း-မြန်မာနယ်စပ် တံတားမှာလည်း ထိုင်းဖက်အခြမ်း မှ ပိတ် လိုက်ပြီဖြစ် ကြောင်းပြော သည်။
No comments:
Post a Comment