အထပ်မြင့် ဆောက်လုပ်ရန် တင် ပြထားသော်လည်း ရန်ကုန်စည်ပင်၏ စည်းမျဉ်းဥပဒေများကို လိုက်နာနိုင်မှု မရှိ၍ လုပ်ငန်း ရှင်များဘက်မှ ပယ်ဖျက် သွားသည်များ ရှိနေကြောင်း အထပ်မြင့် အဆောက်အအုံဆောက် လုပ်ရေးဆိုင် ရာ စံချိန်စံညွှန်း စိစစ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးရီဝင်းက ပြောသည်။
ယခုဘဏ္ဍာနှစ် အတွင်း ရန်ကုန် စည်ပင်သို့ လာရောက်လျှောက်ထား သော အဆောက်အအုံ ၆၆ လုံးရှိပြီး ဌာနမှ မူအားဖြင့် ခွင့်ပြုပြီးအဆောက် အအုံ ၂၃ လုံး၊ သတ်မှတ်ချက်နှင့် မကိုက်ညီ၍ ခွင့်ပြုပေးနိုင်မှု မရှိသော အဆောက်အအုံ ၈ လုံး၊ လုပ်ငန်းရှင် များဘက်မှ သတ်မှတ်ချက်ကြောင့် ဆောင်ရွက်လိုမှု မရှိတော့သည့် အဆောက် အအုံ ၈ လုံးနှင့် ခွင့်ပြုရန် စိစစ်နေဆဲ အဆောက်အအုံ ၂၇ လုံးရှိကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။
အထပ်မြင့်အဆောက်အအုံဆို သည်မှာ ရှစ်ထပ်နှင့်အထက်အဆောက် အအုံကိုဆိုလိုခြင်းဖြစ်ပြီး လက်ရှိအချိန် ထိ တင်ပြမှုတွင် ၃၂ ထပ် အထိ အမြင့် ဆုံးပါဝင်လာကြောင်း သိရသည်။ရွှေတိဂုံဘုရားမြင်ကွင်းလမ်း ကြောင်း ဦးဝိစာရလမ်း၌ ၂၅ ထပ်အမြင့် အဆောက်အအုံ ဆောက်လုပ်လိုခြင်းနှင့် မြေချန်ဆောက်လုပ် ရန်လိုသည်ကို ၎င်းတို့မြေနှင့် မကိုက်ညီခြင်းတို့ကြောင့် လုပ်ငန်းရှင်များ ဘက်က ပယ်ဖျက်သွား ခြင်းများရှိသည်ဟု ဦးရီဝင်းက ပြောသည်။
အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် လိုအပ်သော စည်းကမ်းချက်များ၌ မြေကွက်ပိုင်ဆိုင် မှု မှန်ကန်ခြင်း၊ မြေကွက်အတိုင်း အတာ မှန်ကန်ခြင်း၊ မြေယာအမှု ကင်းရှင်းရန် လိုအပ်ခြင်း၊ စည်းကမ်းနှင့် အညီ မြေချန် များထားရှိရန် လိုအပ်ခြင်း၊ လေနှင့် အလင်းရောင်ရရှိရန် လိုအပ်ခြင်း၊ အမှိုက်စွန့်ပစ်မှု၊ မိလ္လာစွန့်ပစ်မှု အတွက် လုံလောက်သော စနစ်ရှိခြင်း၊ ရေနုတ် မြောင်းများ လုံလောက်စွာရှိခြင်းနှင့် အထပ်မြင့် များဖြစ်၍ နေထိုင်သူများ အား သောက်သုံးရေပေးဝေနိုင်ရေးစီမံကိန်း များ ပါဝင်သည်ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်စည်ပင် မှ အထပ်မြင့်အဆောက်အအုံများအား သောက် သုံးရေ ပေးဝေနိုင်ခြင်း မရှိရာ တည်ဆောက်သူများဘက်မှသာ စီစဉ် ဆောင်ရွက်ရသည်ဟု သိရသည်။
”လုပ်လုပ်လုပ်လို့ ပြောတယ်။ ပြီး တော့ ဇက်ကြိုးဆွဲထားတယ်။ ကျွန် တော် တို့က ဘာလုပ်ရမှာလဲ။ ဆောက် ပါ ဆောက်ပါ ပြီးတော့ခွင့်မပြုဘူးလို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်” ဟု စည်းကမ်းချက်များနှင့် ပတ်သက်၍ ကြားသိရသောသတင်းစကားကို ဦးရီဝင်း က ပြောပြသည်။
စည်းကမ်းသတ် မှတ်ချက် များ ကြောင့် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးသွားရန်ကို မလိုသော်လည်း စိစစ်ခွင့်ပြုအားနည်း၍ ရန်ကုန်မြို့၏ အနှစ်သာရ ပျက်စီးသွားမည်ကိုလည်း စိုးရိမ်သည်ဟု ဦးရီဝင်းက ဆက်ပြော သည်။
အထပ်မြင့်ဆောက်လုပ်ပါကမြေချန် ရမည့် စည်းကမ်းချက်၌ မြို့တွင်း ခြောက်မြို့နယ်ဖြစ်ပါက အရှေ့ ၃ ပေ၊ ဘေးနှစ်ဖက် ၃ ပေစီနှ င့် နောက်ဘက် တွင် နောက်ဖေးလမ်းကြားရှိပါက ၃ ပေ ချန်၍ မရှိပါက ၆ ပေချန်ရမည် ဖြစ် ကြောင်း၊ မြို့တွင်းပြင်ပနှင့် ရွှေတိဂုံ ကန့် သတ်ဇုန်တွင်မူ အရှေ့ပေ ၂ဝ၊ ဘေး ၃ ပေစီနှင့် အနောက် ၆ ပေချန်ရန်လိုပြီး ကျန်လမ်းမကြီးနှင့် လမ်းသွယ်များ၌မူ အရှေ့ ၁၂ ပေ၊ ဘေး ၃ပေစီနှင့် နောက် ဘက် ၆ ပေစီချန်ရန်လိုအပ်သည်။
ယင်းအပြင် မြေ အကျယ် ပေ ၅ဝ နှင့်အထက်ရှိမှာသာ ၁၂ ထပ်နှင့် အ ထက် အဆောက်အအုံများကို ဆောက် လုပ်ခွင့်ပြုပြီး ဆိတ်ငြိမ်နေရာများတွင်မူ ၄ ထပ်ခွဲအထိသာ ခွင့်ပြုကြောင်း၊ ရွှေတိဂုံဘုရား ကန့်သတ်မြေအတွင်း ဖြစ် ပါက ဟိုတယ်တည်ဆောက်လျှင် ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၁၉ဝ မကျော်ရဘဲ သာမန် အဆောက် အအုံဖြစ်လျှင် ၇၈ ပေအထိသာ ခွင့်ပြု ကြောင်း ရွှေတိဂုံကန့်သတ်ဧရိယာပြင်ပ ဖြစ်ပါက ၄၁၇ ပေ အထိခွင့်ပြုထား ကြောင်း သိရသည်။
ယင်းအပြင် အထပ်မြင့်အဆောက် အအုံတည်ဆောက်ရာတွင် လေကြောင်း လိုင်းအတွင်း ကျရောက်ပါ က လေ ကြောင်းဦးစီး၏ ထောက်ခံချက်လိုပြီး လေကြောင်းဦးစီးက ပေ ၂ဝဝ ထက် ကျော်ပါက ခွင့်မပြုကြောင်း သိရသည်။ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရန်အတွက် ဘေးပတ်ဝန်း ကျင် နေအိမ်များမှ လည်း ထောက်ခံရန် လိုအပ်ပြီး ထောက်ခံမှုတွင် အရှေ့ ၃ အိမ်၊ အနောက် ၃ အိမ်နှင့် ဘေး ၂ အိမ်စီ ထောက်ခံရမည်ဟု သိရသည်။
”တချို့က ၁ဝ အိမ်တော့ ကောက် လာတယ်။ ဟိုအဝေးကြီးက ဖြစ်နေတာ မျိုးတွေရှိတယ်။ အဲဒါတွေမရဘူး”ဟု ဦးရီဝင်းက ဆိုသည်။ ယခင် က ဘေးအိမ်များ ထောက်ခံချက်မတောင်းခံမိ၍ အဆောက် အအုံ ဆောက် လုပ်ရန် ခွင့်ပြုပြီးမှ ဘေးအိမ် များမှ ကန့်ကွက်ခဲ့သည်များ ကြုံကြိုက်ခဲ့ ဖူးကြောင်း၊ ယင်းအခြေအနေမျိုး တွင် ဖြေရှင်းရခက်ခဲ သဖြင့် ဘေး အိမ်များ၏ ထောက်ခံချက်တောင်းခံခြင်းဖြစ်သည် ဟု ၎င်းထံမှ သိရသည်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday 15 August 2013
အထပ်မြင့် စည်းမျဉ်း မလိုက်နာနိုင်၍ ဆောက်ခွင့်ပြု ရန်တင်ပြီးမှ ပြန်လည် ပယ်ဖျက်မှုရှိ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
August
(507)
- ၆ နှစ်သားမျက်လုံး အရှင်လတ်လတ် ဖောက်ခိုး
- သြဂုတ်လ (၃၁)ရက်နေ့ ထုတ် Net Guide Journal Vol 2 Is...
- ဆီးရီးယား အရေး လုံခြုံရေးကောင်စီ တင်ပြီ
- နှောင်းခဲ့လေသည့် ဂုဏ်ပြုလွှာ
- ၀ယ်သူသာလျှင် အမြဲမှားသည့် ဟန်းဆက်ဆိုင်တို့ ပေါ်လစီ
- ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများကို ရိက္ခာလှေ...
- အလုပ်သမားများအား အလုပ်ခန့်ထားမှု ဆိုင်ရာ စာချုပ်ပျက...
- ဆွမ်းခံကြွ သံဃာ သုံးဘီးဆိုင်ကယ် တိုက်၍ ပျံလွန်
- တောင်ဥက္ကလာတွင် အမျိုးသမီး၏ပါးကို ဓားဖြင့်လှီးခဲ့သူ...
- အမေရိကန် Money Gram ငွေလွှဲ ကုမ္ပဏီ ဝန်ဆောင်မှု စတင်
- ကျောက်မျက် စခန်းတွင် ကျောက်မျက်အတု လိမ်ရောင်းသူ ပိ...
- မြင်းခြံတွင် ဆိုလာစက်ရုံတည်ရန် အမေရိကန်ကုမ္ပဏီနှင့်...
- ရဲဝန်ထမ်းများ လစာနည်းခြင်း လာဘ်ပေးလာဘ်ယူ ဖြစ်စေ
- မျက်နှာဖုံးစွပ် လူသတ်သမားများအမှု လုံခြုံရေး အခြေအေ...
- ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး မြေသားစမ်းသပ်မှု စတင်
- ရန်ကုန်မြေ ၈ဝ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်မှု မမှန်ကန်
- ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုများ ...
- ပြည်ပ ကုမ္ပဏီနှစ်ခု လုပ်ငန်း စတင်နိုင်ရန် ဆက်သွယ်ရေ...
- အလုပ်ချိန် ပိုခိုင်းသော အလုပ်ရှင်များကို အစိုးရက တ...
- ဆရာ-ဆရာမတွေကို ဘယ်က္ကုန္ဒာကမှ ကြိမ်တံပြာ မဆက်သခဲ့
- » မြန်မာ-ထိုင်းနယ်စပ်စခန်းများမှ Passport/Visa ဖြင...
- သမ္မတဟောင်း ဦးနေဝင်း သမီးပိုင် နဝရတ် ဟိုတယ်ကို ကြွေ...
- ကမ္ဘာ့ဘဏ်က ဒေါ်လာ ၂၆၁ သန်း ပထမဆုံးအကြိမ် ပြန်ချေးမည်
- » ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းရှိ ကလေးရေကစားကန်အတွင...
- စစ်ရေးသုံးတာဟာ အားဆာ့တ်ကို ဖြုတ်ဖို့ မဟုတ်
- ဆီးရီးယားကို ဝင်ဖို့ ကန်တပ်တွေ အသင့်ဖြစ်
- ဆီးရီးယားအပေါ် တုံ့ပြန်ဖို့ သမ္မတအိုဘားမား ဆုံးဖြတ်
- ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် အမျိုးသမီးတစ်ဦး ဓာတ...
- ရွှေတိဂုံစေတီတော်ပုံ ကုန်အမှတ်တံဆိပ် သိမ်းဆည်းမည်
- ထိုင်းမြန်မာနယ်စပ်မှာ နိုင်ငံတကာဂိတ်ဖွင့်
- ရန်ကုန်မှာလည်း လုံခြုံရေး တိုးမြှင့်ထား
- ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒပြသူတချို့အဖမ်းခံရ
- ဖျာပုံမြို့နယ်အတွင်း လယ်သမား (၁၀) ဦး ဖမ်းဆီးခံရ
- သြဂုတ်လ (၃၀)ရက်နေ့ ထုတ် The Hot News Weekly Journa...
- သြဂုတ်လ (၂၆)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွ...
- ကုလသမဂ္ဂ ရုံးချုပ်ကို အမေရိကန် ထောက်လှမ်းရေး ကြားဖြ...
- အခြေခံပညာကျောင်းများ အင်္ဂလိပ်စာအဆင့်မြှင့်သင်ရိုး လ...
- ထီထိုးသူ များလာသောကြောင့် စက်တင်ဘာမှ စတင်ပြီး အက္ခရ...
- သြဂုတ်လ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ(၁၄) အမ...
- သြဂုတ်လ (၂၈)ရက်နေ့ ထုတ် Mobile Guide Journal ( Vol...
- အမေရိကန် နိုင်ငံသား ဓာတ်ပုံဆရာ တစ်ဦး အစ္စလာမ်မစ် စစ...
- မလေးရှားရောက် မြန်မာ ၄၅ဝဝဝ UNHCR ကဒ်ပြားရရှိကြမည်
- ရေအိုင်ထဲကျနေသော ဓာတ်ကြိုးကိုင်မိရာမှ ကလေးနှစ်ဦးသေ
- အနှိပ်ခန်းတွင် ရဲနှစ်ဦး ၀ိုင်းရိုက်ခံရ
- ရေတပ်စခန်း သိမ်းယူထားသော ဒလရှိ လယ်ဧက ၅ဝဝမှ လယ်သမား...
- မောင်တောနယ်စပ်တွင် အကြမ်းဖက်မှုကျူးလွန်ပြီး ထွက်ပြေ...
- မလေးရှားရောက် တရားမဝင် လုပ်သားများကို ရက်ပိုင်းအတွ...
- ရွှေတိဂုံလုံခြုံရေး အင်အားတိုးမြှင့်
- ဥက္ကံမြို့ ဆူပူအကြမ်းဖက်မှုမှ တရားခံများအား ပြစ်ဒဏ်ခ...
- » ပြည်မြို့ မြောက်န၀င်းဆည် နယ်နိမိတ်အတွင်းရှိ နေအိ...
- ချဲထီနှင့် လောင်းကစား လုပ်ငန်းများ နှိမ်နင်းရန် သမ...
- တောင်ဥက္ကလာပမြို့နယ် လုံခြုံရေး အရေးပေါ် တိုးမြှင့်
- ကန့်ဘလူမြို့ ပုဒ်မ ၁၈၈ ထုတ်
- ဗီဇာကုန်မြန်မာအလုပ်သမားအရေး မြန်မာသံရုံးနှင့် မေြး...
- ၂၀၁၅ မတိုင်မီ ကျေးလက်နေ မြေယာမဲ့များ မြေယာ ပိုင်ဆိ...
- ထိုင်းတွင် ဗီဇာ သက်တမ်းကုန် မြန်မာများ တရားဝင် ဆက်...
- မျှတတဲ့အရေးယူ အပြစ်ပေးမှု ဟုတ်ပါရဲ့လား
- ကန့်ဘလူဆူပူမှုအတွက် လူ ၁၂ ယောက်ကိုဖမ်းဆီး
- ဆီးရီးယား အရေး အမေရိကန် ရေတပ် လွှတ်ပြီ
- စင်္ကာပူရောက် မြန်မာတွေ ပြည်တွင်းမှာ အလုပ်အကိုင်လျော...
- အဓမ္မမှုအတွက် သံသယရှိသူနောက်တဦး အိန္ဒိယဖမ်းဆီး
- ရဲချုပ်ဟောင်း လိမ်ညာတယ်လို့ ဘိုရှီလိုင်းချေပ
- မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူ...
- ကန့်ဘလူ ပဋိပက္ခ ဓါတ်ပုံများ
- ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
- ကန့်ဘလူတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော မီးရှို့...
- ကျုံးပတ်လည်တွင် ဓားဖြင့်အကြောင်းမဲ့ လိုက်ခုတ်သူ က...
- ကားဘီးပေါက်၍ ယာဉ်တိမ်းမှောက်သဖြင့် လူ(၁၀)ဦးဒဏ်ရာရ
- ထန်းကုန်းတွင် ယနေ့မနက်အခြေအနေ တည်ငြိမ်လျက်ရှိ
- လုပ်ငန်းငယ် စမယ်ဆိုရင် မှတ်ပုံတင်ကြေးမယူဘဲ သုံးနှစ...
- မိုဘိုင်းလ်ဆင်းမ်ကတ်များ အရေအတွက် အကန့်အသတ်ဖြင့်သာ...
- စက်မှုဇုန် မြေကွက် လေလံပစ်ဖို့ရှိ
- ဆန်တင်ကုန်ကားတိုက်၍ လူနှစ်ဦးသေဆုံး
- ကန့်ဘလူမြို့နယ်တွင်းမှာ မီးရှို့မှုဖြစ်
- လီဆူးနဲ့ ရဝမ် တိုင်းရင်းသားဝန်ကြီးမထားဖို့ အဆိုပြုမည်
- ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ
- မုံးထဆေးရုံ ဆရာဝန်မရှိ၍ လူနာသေဆုံးမှုမြင့်တက်
- ရထားမရပ်မီ ခုန်ချသဖြင့် ခြေချော်ကာ ရထားတိုက်မိသေဆုံး
- » ရေမြုပ်အိမ် ၃၀၀ အတွက် ထမင်းထုပ်ဝေ
- ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်...
- ယာဉ်စည်းကမ်း ချိုးဖောက်မှုကြောင့် အရေးယူ ခံရသော ၉၀ ...
- အစိုးရက မြေဈေး ထိန်းချုပ်တော့မည်
- မြေဈေးနှုန်းများ မြင့်မားမှုကြောင့် ရန်ကုန်-ဒလ တံတာ...
- ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ...
- သြဂုတ်လ (၂၂)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှ...
- သြဂုတ်လ (၂၁)ရက်နေ့ ထုတ် Good Health ကျန်းမရေးနှင့်...
- မလေးရှားရောက် တရားမဝင် မြန်မာလုပ်သား တစ်သိန်းခွဲကိ...
- ဖွဲ့စည်းပုံပြင်ပြီး လိုက်နာအကောင်အထည် ဖေါ်ဖို့လည်း ...
- သူငယ်တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု ကျောင်းသားမျာ...
- ကလေးစစ်သားဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက် ဗြိတိန်အရာရှ...
- တပ်မတော်ပိုင်မြေများ ပြန်လည်အပ်နှံရန် ပြည်ထောင်စု ...
- ဖောက်ခွဲရေးသတင်းများကြောင့် နိုင်ငံတစ်ဝန်း လုံခြုံ...
- အင်ဒိုနီးရှား ကျောင်းသူများအား အပျိုစင် စစ်၊ မစစ် ...
- ပြည်နယ်ရဲမှူးကြီး ဦးဝင်းထွန်းမှ အင်းလေးဒေသခံ ရွာသာ...
- မန္တလေးတက္ကသိုလ်အနီး လူ ၁၀ ဦးပါ အုပ်စုလိုက် ဝိုင်းရိ...
- ဆီးဂိမ်းအထိမ်းအမှတ်ဂရက်ဖတီ ကိုအာကာကျော် နေပြည်တော်...
- အမတ်တွေကို ကလေးလို ထိန်းတဲ့ လွှတ်တော်
- စည်ပင်ရေမြောင်း ကျူးကျော် ကွန်ကရစ် ခင်းထားသူ ငါးဦး...
- ကော့သောင်း၊ နယ်စပ်လူဝင်မှု စစ်ဆေးရေး ရေလယ်ရုံး အဆော...
- တရားလွှတ်တော်ချုပ်ရုံးမှ မှားယွင်းစွာဆုံးဖြတ်သည်ဟု ...
-
▼
August
(507)
No comments:
Post a Comment