Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

တပ်မတော် အငြိမ်းစားတစ်ဦး ရယူထားသော လယ်ယာမြေများတွင် တောင်သူများ ပြန်လည် ၀င်ရောက်လုပ်ကိုင်

တပ်မတော်အငြိမ်းစားတစ်ဦး တိတိကျကျ ငွေပေးချေပေးခြင်း မရှိဘဲ ရယူထားသော လယ်ယာမြေများတွင် တောင်သူများ ပြန်လည် ၀င်ရောက်လုပ်ကိုင် 







 ဗိုလ်မှူး ဦးခင်မောင်ဝင်း (ငြိမ်း)သည် နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ မကျည်းကုန်း ကျေးရွာ နှင့် ဂွေးတောက်ရိုး ကျေးရွာရှိ တောင်သူများ လုပ်ကိုင်နေသော လယ်ယာမြေများအား ၂၀၁၀ ခုနှစ်မှ စတင်၍ တောင်သူများထံမှ ရယူထားခဲ့ သည်။ 

အဆိုပါလယ်ယာမြေများ နှင့် ပတ်သက်၍ လက်ငုတ်လုပ်ကိုင်သူ တောင်သူအချို့ ငွေကြေးလက်ခံရရှိ ခဲ့ပြီး အချို့တောင်သူများမှာ ငွေကြေးတစ်ပြားတစ်ချပ်မှ ရရှိခြင်း မရှိသည့်အတွက် ၂၁-၈-၂၀၁၃ ရက်နေ့တွင်
၎င်းတို့လုပ်ကိုင်ခဲ့ရာ အကွက်များအတွင်း တဲဝင်ဆောက်၍ လုပ်ကိုင်လို့ရသည့် နေရာများတွင် ပြန်လည် ၀င်ရောက် လုပ်ကိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

တောင်သူများအနေဖြင့် အဆိုပါ လယ်ယာမြေများ ကိစ္စ ညှိနှိုင်းပေးပါရန် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင် နှင့် သက်ဆိုင်ရာ ဌာနများသို့ (၃၀-၇-၂၀၁၃) ရက်နေ့တွင် တင်ပြခဲ့ပြီး ဗိုလ်မှူး ဦးခင်မောင်ဝင်း (ငြိမ်း)ထံသို့လည်း ပေးပို့ခဲ့သည်။

ထိုတင်ပြစာတွင် ဗိုလ်မှူး ခင်မောင်ဝင်း (ငြိမ်း)အနေဖြင့် လယ်တစ်ကလျှင် မည်၍ မည်မျှ ၊ ယာတစ်ဧကလျှင် မည်၍ မည်မျှ ဟု ပေးချေခြင်းမျိုး မဟုတ်သည့်အပြင် အချို့တောင်သူများ၏ လယ်ယာမြေများကို ငွေကြေး တစ်ပြားတစ်ချပ်မှ မပေးဘဲ ၎င်း အပိုင်အဖြစ် ခြံစည်းရိုးတိုင်စိုက် သတ်မှတ်ထားခြင်းကြောင့် ပြန်လည်ညှိနှိုင်းပေးရေး တောင်းဆိုတင်ပြထားခြင်း ဖြစ်သည်။

ထိုသို့ပြန်လည် ညှိနှိုင်းပေးခြင်း မရှိပါက တောင်သူများအနေဖြင့် ပြန်လည်ဝင်ရောက် လုပ်ကိုင်မည်ဖြစ် ကြောင်း အသိပေး တင်ပြထားသည်။

တောင်သူများ အနေဖြင့် ဦးခင်မောင်ဝင်း ဘက်မှ ညှိနှိုင်း ပြောဆိုလာမည့် အချိန်ကို စောင့်စိုင်းနေခဲ့ကြပြီး ယခုအချိန်ထိ ညှိနှိုင်းပြောဆိုခြင်းမျိုး မရှိသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူး ၊ ကျေးရွာအုပ်ချုပ်ရေးများထံပြန်လည် ၀င်ရောက်လုပ်ကိုင်တော့မည် ဖြစ်ကြောင်း အသိပေးတင်ပြပြီး ယခုကဲ့သို့
ဝင်ရောက် လုပ်ကိုင်ကြခြင်း ဖြစ်သည်။

ဗိုလ်မှူး ဦးခင်မောင်ဝင်း (ငြိမ်း) ရယူထားသည့် လယ်ယာမြေများတွင် လယ်မြေများကို သီးစားပြန်ချ ထားပြီး ကုန်းကွက်နေရာများတွင် စိန်တစ်လုံးသရက်ပင် အချို့ စိုက်ပျိုးထားကြောင်း တောင်သူများက ပြောသည်။

ဦးခင်မောင်ဝင်း လုပ်ကိုင်ထားသည့် ရေပိုက်များ ၊ သစ်ပင်များနှင့် လွတ်ရာနေရာများတွင် တဲဝင်ထိုး၍ လွတ်လပ်နေသည့် နေရာများတွင် ပြန်လည်စိုက်ပျိုး လုပ်ကိုင်နိုင်ရန် ၀င်ရောက်လုပ်ကိုင်ကြခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့