Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 1 August 2013

မြန်မာနယ်စပ်တွင် မူးယစ်ကုန်သည်နှင့် ထိုင်းစစ်တပ် ပစ်ခတ်

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးနှင့် ကျည်ဆန်ထုပ် (ဓာတ်ပုံ - http://www.maesainewsonline.com) ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖာ့လုံမြို့နယ်ထဲမှာ ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းက ထိုင်းစစ်တပ်နဲ့ လက်နက်ကိုင်မူးယစ်ဆေးဝါးကုန်သည်တွေ တိုက်ပွဲဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့ မယ်ဆိုင်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

တဘက်နိုင်ငံကနေ မူးယစ်ဆေးဝါး အချီကြီးဝင်ရောက်လာမယ်လို့ ကြိုတင် သတင်းရထား ချက်အရ  အမှတ် ၃၁ နယ်စပ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ ချင်းရိုင်ခရိုင်ရဲတပ်ဖွဲ့က အဖွဲ့ဝင် ၇ ဦး ပူးပေါင်းပြီး မြန်မာနယ်စပ် မယ်ဖာ့လုံမြို့နယ် ဘန့်ပါခါးကျေးရွာအုပ်စုအနီး တောစပ်ထဲ ၀င်ရောက် စောင့်ဆိုင်းခဲ့ပါတယ်။


အဲဒီချိန်မှာ  မြောက်ဘက်အရပ်ကနေ ၀င်လာတဲ့  သေနတ်ရှည်လွယ်ထားတဲ့သူ  လူ ၆ ဦး၊ ၇ ဦးလောက်ကို တွေ့ရပြီး တာဝန်ရှိသူတွေက စစ်ဆေးခွင့်တောင်းရာမှာ သူတို့ဘက်က သေနတ်နဲ့ စတင် ပစ်ခတ်တဲ့အတွက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပစ်ခတ်ရင်းက  မြန်မာနယ်စပ် တောအုပ်ထဲကို ၀င်ပြေးသွားပြီး တာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရေးလုပ်ရာမှာ သူတို့ဘက်က ကျကျန်ခဲ့တဲ့ အထုပ်တွေထဲကနေ ရာဘဆေးပြား အလုံး ၄၀၀၊ အိုက်စ်ရေခဲမူးယစ်ဆေး   အလေးချိန် ၄ ကီလိုဂရမ်နဲ့ ကျည်ဆန်အတောင့် ၃၀ ပါရှိတဲ့ အထုပ် ၁ ထုပ်ကို သိမ်းဆည်းရမိတယ်လို့ သတင်းက ဆိုပါတယ်။

သူတို့ ဆုတ်ခွာရာ လမ်းတလျှောက်မှာ သွေးစတွေ ဆက်တိုက်တွေ့ရတဲ့အတွက် ဒဏ်ရာရသူရှိမယ် ထင်ရကြောင်း၊  မူးယစ်ကုန်သည်တွေ ဖမ်းဆီးရမိဖို့ အဲဒီအနီးနားတ၀ိုက်က ကျေးလက်ဆေးပေးခန်းတွေကို စောင့်ကြည်ဖို့ မယ်ဖာ့လုံမြို့နယ်ရဲတပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့သတင်းဌာနက အဆင့်မြင့်အရာရှိတဦးကတော့  အဲဒီ မူးယစ်ကုန်သည်တွေဟာ မူးယစ်မှုနဲ့ ဆုငွေ ထိုင်းဘတ်   ၅ သန်း ထုတ်ထားတဲ့ ဗိုလ်မှူး ယီ့ဆေးရဲ့ အဖွဲ့ဝင်တွေ  ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြောင်း မယ်ဆိုင်အွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့