နွေလေရူး ချိန်ခါထူးမှာ
သင်္ကြန်နှစ်ကူး ရောက်ခဲ့ပေါ့။
မိုးစက်တွေ လေမှာလွင့်ပြန်တော့
ပွင့်ခဲ့ပေါ့ ပန်းပိတောက်လှိုင်လှိုင်။
စောင့်မျှော်သူ ရင်တဖိုဖို
တေးဆိုကာ တွေးမျှော်ခဲ့ကြ
တစ်နှစ်မှာ တစ်ကြိမ်သာ
နန်းစံခါ ပွင့်ဝေခဲ့ရပေမဲ့
မခိုင်တဲ့ ညှာတံဝယ်
ကြမ္မာရယ် မလှခဲ့လေတော့
ချိန်မတန်ခင် ကြွေလွင့်သွားရှာပေါ့
မြေပြင်သို့ တစ်ဖြုတ်ဖြုတ်........။
No comments:
Post a Comment