Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 11 April 2012

အမေ့ရင်တွင်းစကား


တံတောင်ဆစ်ကိုထောက်ပြီး တဖြည်းဖြည်း အားပြု ထလိုက်တယ်ဆိုရင်ပဲ .....
``အား ...ကျွတ် ကျွတ်´´


တစ်ကိုယ်လုံးမှာရှိတဲ့ အရိုး၊ အကြော၊ အသား အားလုံး ညက်ညက်ကြေသွားမလောက် နာကျင်မှုကြောင့် ခန္ဓာကိုယ်
ပါးလှပ်လှပ်လေးက ဖျာစုတ်လေးပေါ် ပုံကနဲ။ ငါ...ထိုင်နိုင်မှဖြစ်မယ်၊ ငါ...ထိုင်နိုင်ရမယ် ...ငါ...စာတစ်စောင် မဖြစ်
မနေ ရေးရမယ်လို့ အမေအိုက ကျုံဝါးပြီး နောက်တစ်ကြိမ် ထထိုင်ဖို့ ထပ်ကြိုးစားလိုက်ပါတယ်။ မျက်ရည်ပေါက်
ပေါက်ကျအောင် အံကျိတ် ကြိုးစားလိုက်မှ ထိုင်လို့ရသွားပါတော့တယ်။


သေတ္တာဟောင်းလေးကိုဖွင့်ပြီး အ၀တ်စုတ်လေးတွေအောက်မှာ သိမ်းထားတဲ့ ခဲတံတိုလေးနဲ့ ဗလာစာအုပ်ဟောင်း
လေးကို ထုတ်ပြီး ရင်ခွင်မှာခဏပိုက် အမောဖြေနေရသေးတယ်။


``သားရယ်....´´


သားငယ်ငယ် မူလတန်းကျောင်းသားဘ၀က သုံးခဲ့တဲ့ စာအုပ်ဟောင်းလေးနဲ့ ခဲတံတိုလေးက အမေ့အဖို့တော့
သားအလွမ်းပြေပေါ့။

_________________


သေတ္တာလေးပေါ် ဗလာစာအုပ်လေးရဲ့ စာမျက်နှာအလွတ်ကို ဖွင့်တင်ရင်း ခဲတံကိုတံတွေးဆွတ်လို့
စဉ်းစားကြည့်လိုက်တယ်။



သို့ .....သားကြီးရေ .... အင်း...အဲဒီလို စရေးရမယ်။ သားကိုသတိရတဲ့အကြောင်း၊ အရမ်းချစ်တဲ့အကြောင်းလေးလဲ
ပါမှ။ ဒါမှ သားကဖတ်ကြည့်ပြီး စိတ်ချမ်းသာမှာပေါ့။ ရွာပြန်လာဖို့တော့ မမှာတော့ပါဘူးလေ။ သူ့မိသားစုနဲ့သူ အလုပ်
တွေ ရှုပ်နေမှာပေါ့။ အဲ...အမေမကျန်းမာတဲ့အကြောင်းတော့ အသိပေးလို့မဖြစ်ဘူး။ သားလေးစိတ်ဆင်းရဲနေရဦး
မယ်။ ဒီတော့.... စာအဆုံးမှာ အမေကျန်းမာတယ်သားရေလို့ မဖြစ်မနေ ထည့်ရေးရမယ်။ ဒါပဲပေါ့။ သားကိုသတိရ
လို့ရေးတဲ့စာ။ ဘာခက်တာမှတ်လို့။

_______________


``ကျွန်တော်သိပ်မိုက်တယ်ဗျာ။ အမေ့ဆီ မရောက်တာကြာပြီ။ အလုပ်တာဝန်၊ အိမ်ထောင့်တာဝန်၊ သားသမီးတာဝန်
တွေနဲ့ လုံးခြာလည်ပြီး အမေ့ကို ပစ်ထားခဲ့မိတယ်ဗျာ။ ခုတော့ .... .....´´

သတင်းစကားကို သယ်ဆောင်လာသူက သူ့ကို စိတ်မကောင်းကြီးစွာကြည့်ရင်း တောင်းပန်တိုးလျှိုးတဲ့လေသံနဲ့ ....


`` ငါ့...ငါ့ကို ခွင့်လွှတ်ပါကွာ။ မင်းအတွက် စာတစ်စောင် မင်းအမေပေးထားခဲ့တယ်။ ´´

``ဗျာ ! ...စာတစ်စောင်...ဟုတ်လား...အမေမှ ... ...´´


`` ဟုတ်ပါတယ်ကွာ။ ငါလည်း ဘာမှမဟုတ်ဘူးဆိုပြီး မင်းကိုမပေးဖြစ်ခဲ့ဘူး။ သူမဆုံးခင် နှစ်ရက်က ပေးခဲ့တာ။...
ဒီမှာ ...´´

သူ့လက်ထဲရောက်လာတဲ့ စာရွက်ဟောင်းလေးကို ပြန်ကြည့်လိုက်တော့ .....

``ဟာ...အမေရယ် သားနားလည်ပါတယ်။ အမေပြောချင်တာတွေကို သားနားလည်ပါတယ်... ခင်ဗျားဗျာ...ရက်စက်
လိုက်တာ အမေ့ရဲ့စာကို ဘာမှမဟုတ်ဘူးဆိုပြီး ကျုပ်ဆီ ပို့မပေးခဲ့ဘူး ....´´


လက်ထဲမှာကိုင်ထားတဲ့ စာရွက်အနွမ်းလေးကို နောက်တစ်ကြိမ် ကတုန်ကယင်နဲ့ ပြန်ဖွင့်ကြည့်လိုက်ပါတယ်။
သူ့ရဲ့မျက်ရည်တွေဝေ့သီနေတဲ့ ရီဝေေ၀မျက်လုံးက မြင်နေရတဲ့ အမေ့ရဲ့ စာတွေလေ ... ....။


 
``အမေရယ်...အမေစာမတတ်ဘူးဆိုပေမယ့် သားအကုန်လုံးကို နားလည်ပါတယ် .....´


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့