THX Certification Technology
![]() LG, Panasonic, Sharp, JVC စတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တီဗွီရဲ့ နောက်ဆုံးထွက်မော်ဒယ်တွေမှာပါဝင်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး ဒီနည်းပညာက အဆင့်မြင့်ရုပ်သံအရည်အသွေးကို ထုတ်ပေးတဲ့အတွက် ရုပ်ရှင်ရုံမှာကြည့်နေတဲ့အတိုင်း ခံစားရစေမှာဖြစ်ပါတယ်။ ဒီစနစ်ကိုပြောင်းလဲထားပြီး ကြည့်ရှုချိန်မှာ ပြန်လည်ထုတ်ပေးတဲ့ အသံစနစ်ကတော့ ၅.၁ ဒါမှမဟုတ် ၂.၁ multimedia surround sound အနေနဲ့ ပြန်ထုတ်ပေးတဲ့အတွက် ဒီနည်းပညာကို ကွန်ပျူတာတွေ၊ တီဗွီတွေနဲ့ ပရိုဂျက်တာတွေနဲ့ ဗီဒီယိုဂိမ်းတွေမှာ အသုံးပြုလာတာပဲဖြစ်ပါတယ်။ ဒီနည်းပညာကို ကမ္ဘာ့အသိအမှတ်ပြု အရည်အသွေးစစ်ဆေးရေးအဖွဲ့ THX က အာမခံချက်ရှိထားကြောင်း သိရှိစေဖို့အတွက် ဒီစနစ်အသုံးပြုထားကြောင်း THX Certified ဖြစ်ကြောင်း ကြေညာရောင်းချကြတာဖြစ်ပါတယ်။ |

No comments:
Post a Comment